ဒုံးလက်နက်ပစ်လွှတ်မှု လက်တုန့်ပြန်မှုအဖြစ် အစ္စရေးက ဂါဇာကို လေကြောင်းကနေ တိုက်ခိုက်

By AFP
11 September 2019
ဒုံးလက်နက်ပစ်လွှတ်မှု လက်တုန့်ပြန်မှုအဖြစ် အစ္စရေးက ဂါဇာကို လေကြောင်းကနေ တိုက်ခိုက်

စက်တင်ဘာ ၁၁ ။        ။ အစ္စရေးက ဂါဇာဒေသကို စက်တင်ဘာ ၁၁ ရက် မနက်အစောပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါဟာ အစောပိုင်းတုန်းက နယ်စပ်ဖြတ်ကျော်ပြီး ဂါဇာဘက်ကနေ အစ္စရေးဘက်ကို ရော့ကက်တွေနဲ့ ပစ်ခတ်ထားခဲ့မှုကို ပြန်လည် လက်တုန့်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဂါဇာဘက်က ရော့ကတ်ပစ်လွှတ်မှုကြောင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ ရွေးကောက်ပွဲ စုရုံးပွဲတစ်ခုလည်း ပျက်ပြားခဲ့ရပါတယ်။

ယခုလို တိုက်ခိုက်မှုတွေ မဖြစ်ခင် နာရီပိုင်းအလိုတုန်းက အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ၎င်းသာ လာမယ့်ရွေးကောက်ပွဲမှာ ထပ်အရွေးခံရမယ်ဆိုရင် သိမ်းပိုက်ခံ အနောက်ဘက်ကမ်းခြေက ဂျော်ဒန် တောင်ကြားကို သိမ်းယူမယ်လို့ ကတိပြုသွားခဲ့ပါတယ်။

အဆိုပါ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းခြေရဲ့ အစိတ်အပိုင်းတစ်ချို့ကို အစ္စရေး အချုပ်အချာ အာဏာပိုင် ဖြစ်အောင် လုပ်မယ်လို့ ဆိုတဲ့ ဝန်ကြီးချုပ် နေတန်ယာဟုရဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ အာရတ် နိုင်ငံတွေက ပြစ်တင် ရှုတ်ချသွားခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly