မိမိတို့ ပြည်တွင်းရေးမှာ အမေရိကန် ဝင်မစွက်ဖို့ ဟောင်ကောင်ခေါင်းဆောင် သတိပေး

By AFP
10 September 2019
မိမိတို့ ပြည်တွင်းရေးမှာ အမေရိကန် ဝင်မစွက်ဖို့ ဟောင်ကောင်ခေါင်းဆောင် သတိပေး

စက်တင်ဘာ ၁၀ ။         ။ ဟောင်ကောင် ပြည်တွင်းရေးမှာ ကြားဝင်စွက်ဖက်တာတွေ မလုပ်ဖို့ ဟောင်ကောင် ခေါင်းဆောင်က အမေရိကန်ကို သတိပေးပြောဆိုလိုက်ပါတယ်။

လက်ရှိ မြို့တွင်းမှာ ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီ လိုလားတဲ့ လှုပ်ရှားမှုတွေအပေါ် သူမတို့ အစိုးရရဲ့ ကိုင်တွယ်လုပ်ဆောင်နေတာနဲ့ပတ်သက်လို့ အမေရိကန်တို့အနေနဲ့ ဝင်မစွက်ဖက်သင့်ဘူးလို့ ဟောင်ကောင် ခေါင်းဆောင် ကာရီလမ်က စက်တင်ဘာ ၁၀ ရက်မှာ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဟောင်ကောင်မှာ ပေါ်ပေါက်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ပေကျင်းအစိုးရကို ဖိအားတွေပေးဖို့ ၀ါရှင်တန်ကို တောင်းဆိုတာတွေ ပေါ်ပေါက်ထားခဲ့တာ ဖြစ်ပါတယ်။

“ ဟောင်ကောင် ပြည်တွင်းရေးမှာ ပြင်ပက ဝင်စွက်ဖက်တာမျိုးကတော့ ဘယ်လိုမှ မသင့်လျော်ပါဘူး၊ ဒီလိုမျိုး ပြင်ပနိုင်ငံတွေက ဝင်စွက်ဖက်တာကို ကျွန်မတို့ ဘယ်တော့မှ လက်သင့်ခံသွားမှာ မဟုတ်ပါဘူး” လို့ ကာရီလမ်က ပြောသွားပါတယ်။

ဟောင်ကောင်မှာတော့ ပြီးခဲ့တဲ့ သီတင်းပတ် ၁၄ ပတ်ကျော်လုံး လူသန်းနဲ့ချီတို့ဟာ ဆန္ဒထုတ်ဖော်မှုတွေ ဆက်တိုက်လုပ်ဆောင်နေလျက် ရှိပြီး ယင်းဆန္ဒပြပွဲတွေကတော့ တရုတ်ပြည်မကြီးထံ တရားခံလွှဲပြောင်းပေးရေး ဥပဒေကြမ်းတစ်ရပ်အပေါ် ဆန့်ကျင်ကန့်ကွက်ရာကနေ အစပြုခဲ့တာဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly