မင်းလှမြို့နယ် ကျေးရွာငါးရွာ၌ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် စတင်အကောင်အထည်ဖော်

မင်းလှမြို့နယ် ကျေးရွာငါးရွာ၌ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် စတင်အကောင်အထည်ဖော်

မကွေး၊ စက်တင်ဘာ ၁၀ ။          ။ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှ မြို့နယ်အတွင်းရှိ ကျေးရွာငါးရွာ၌ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်ကို စတင်အကောင်အထည်ဖော်နေကြောင်း မင်းလှမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရ သည်။

“ကျေးရွာသူ ကျေးရွာသားများ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု စနစ်အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိလာပြီး လက်တွေ့လိုက်နာကျင့်သုံးတတ်စေဖို့ ကျေးရွာ စွန့်ပစ်အမှိုက်ကော်မတီဖွဲ့စည်းပေးပါတယ်။

အသိပညာပေးဟောပြောပွဲတွေ ပြုလုပ်ပါတယ်။ စွန့်ပစ်အမှိုက်နဲ့ပတ်သက်တဲ့ လက်ကမ်း စာစောင်တွေဖြန့်ဝေပေးပါတယ်။ ပညာပေးဗီနိုင်း ပိုစတာတွေကို ကျေးရွာရှိကျောင်းတွေ လမ်းတွေမှာစိုက်ထူထားပြီး သန့်ရှင်းရေးပြုလုပ်ခြင်း တို့ကိုဒီနေ့နံနက်ပိုင်းက မဲဇလီတော ကျေးရွာမှာ ဆောင်ရွက်ခဲ့ပါတယ်” ဟု ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိ ကပြောသည်။

မင်းလှမြို့့နယ်အတွင်းရှိ သံပုရာကန်၊ မဲဇလီတော၊ ကိုင်း၊ သဖန်းချောင်း၊ ဥယျာဉ် စသော ကျေးရွာငါးရွာတွင် စွန့် ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်အား စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ကျေးလက်နေပြည်သူများ ပလပ် စတစ်သုံးစွဲမှုလျော့ချကာ ပြန်လည်အသုံးပြုနိုင်သည့်ပစ္စည်းများကို ပြန်လည်သုံးစွဲတတ်စေရန်၊ အမှိုက်များအား ခွဲခြား စွန့်ပစ်တတ်စေရန်၊ မြစ်ချောင်းများအတွင်းသို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများရှောင်ကြဉ်ရန်၊ လူနေမှု အဆင့်အတန်းမြင့်မားလာစေရန်နှင့် နွေရာသီကာလ မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်ရည်ရွယ် လုပ် ဆောင်ခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

“ယခုလိုပြုလုပ်ပေးတဲ့အတွက် ကျေးရွာသူ ကျေးရွာသားများရဲ့ကျန်းမာသန့်ရှင်းရေးလုပ်ငန်းများကို စနစ်တကျ ပြုလုပ်တတ်လာပြီး သဘာဝသယံဇာတအရင်းအမြစ်ထုတ်ယူသုံးစွဲမှု လျော့နည်းစေရန်၊ ပလပ်စတစ်ကြွပ်ကြွပ်အိတ်သုံးစွဲမှုကိုလျော့ချပြီး ပြန်လည်အသုံးပြုနိုင်သည့်ပစ္စည်းများကို ပြန်လည်သုံးစွဲစေတတ်သည့် အလေ့ အကျင့်ကောင်းများရရှိစေပါတယ်”ဟု  မဲဇလီတောကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးက ပြောသည်။အဆိုပါစနစ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြုလုပ်သွားမည်ဟု သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly