တိမ်းမှောက်ခဲ့သည့် ကုန်တင်သင်္ဘောတွင် ပိတ်မိနေသော သင်္ဘောသားများကို အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်ဆယ်

By AFP
10 September 2019
တိမ်းမှောက်ခဲ့သည့် ကုန်တင်သင်္ဘောတွင် ပိတ်မိနေသော သင်္ဘောသားများကို အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်ဆယ်

စက်တင်ဘာ ၁၀ ၊ ၂၀၁၉ ။           ။ ဂျော်ဂျီယာပြည်နယ် ကမ်းရိုးတန်းအပြင်ဘက်တွင် မီးလောင်ပြီး တိမ်းမှောက်သွားခဲ့သည့် ကုန်တင်သင်္ဘောတစ်စင်းတွင် ပိတ်မိနေခဲ့သော သင်္ဘောအမှုထမ်း လေးဦးကို ယခုအခါ အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်ဆယ်ပေးနိုင်ခဲ့ပြီဖြစ်သည်။

ကားပေါင်း ထောင်နှင့်ချီ တင်ဆောင်ထားသော Golden Ray အမည်ရ ကုန်တင်သင်္ဘောသည် စက်တင်ဘာ ၈ ရက် မနက်ပိုင်းက တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။

ကုန်တင်သင်္ဘော တိမ်းမှောက်မှု ဖြစ်ဖြစ်ချင်း သင်္ဘောအမှုထမ်း ၂၀ ကိုသာ တာဝန်ရှိသူများက ကနဦး ကယ်ဆယ်နိုင်ခဲ့သည်။

ယင်းနောက် စက်တင်ဘာ ၉ ရက်တွင် သင်္ဘောတွင် ပိတ်မိနေဆဲ ဖြစ်သော တောင်ကိုရီးယား နိုင်ငံသားလေးဦးနှင့် အဆက်အသွယ်ရခဲ့ပြီး သင်္ဘောကိုယ်ထည်ကို အပေါက်ဖောက်ကာ ၎င်းတို့ကို ကယ်ဆယ်ပေးနိုင်ခဲ့သည်။

ယခုအခါ အဆိုပါ နစ်မြုပ်နေသည့် သင်္ဘောကို ဖယ်ရှားရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှု မရှိစေရေး အပိုင်းကိုသာ အာရုံစိုက်လုပ်ဆောင်သွားမည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။

တောင်ကိုရီးယား Hyundai Glovis ကုမ္ပဏီပိုင် အရှည် ၂၀၀ မီတာရှိ Golden Ray ကုန်တင်သင်္ဘောသည့် ကားစီးရေ ထောင်ချီကို တင်ဆောင်လာပြီး Brunswick ဆိပ်ကမ်းမှ ထွက်ခွာလာစဉ် ယခုကဲ့သို့ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required