ဘဏ်များအနေဖြင့် ကိုယ်ပိုင်မူဝါဒအရ အတိုးနှုန်းများကို လွတ်လပ်စွာ သတ်မှတ်နိုင်ရန် ဗဟိုဘဏ် စီစဉ်နေ

ဘဏ်များအနေဖြင့် ကိုယ်ပိုင်မူဝါဒအရ အတိုးနှုန်းများကို လွတ်လပ်စွာ သတ်မှတ်နိုင်ရန် ဗဟိုဘဏ် စီစဉ်နေ

အနာဂတ်ကာလတွင် နိုင်ငံတွင်းရှိဘဏ်များအနေဖြင့် အတိုးနှုန်းသတ်မှတ်ရာ၌ မိမိတို့၏ မူဝါဒများအတိုင်း သတ်မှတ်နိုင်ရန် လုပ်ဆောင်နေကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ( ၂) ဖြစ်သော ဦးစိုးမင်းက ပြောသည်။

စက်တင်ဘာ ၉ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တေ်ာအစည်းအဝေးတွင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်နှင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်များအတွင်း ငွေကြေးမူဝါဒ အထောက်အထည်ဖော်ဆောင်မှုနှင့် ငွေရေးကြေးရေး တည် ငြိမ်မှု အခြေအနေအစီရင်ခံစာတွေအပေါ် ပြန်လည်ရှင်းလင်းရာတွင် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ( ၂)က ပြောခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် တစ်နိုင်ငံလုံး၌ ပုဂ္ဂလိက ဘဏ် ၂၄ ခုမှ ဘဏ်ခွဲပေါင်း ၁၈၀၀ ကျော်ဖြင့် ဘဏ်စနစ်ကို လည်ပတ်လျက်ရှိသည်။

ရိုက်ကူး - အောင်မြတ်သူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly