ဒိုရီယန် မုန်တိုင်းဝင်ပြီးနောက် ဘဟားမားစ်မှာ အရေးပေါ်အကူအညီများ လိုနေဟု ကုလ ပြော

By AFP
09 September 2019
ဒိုရီယန် မုန်တိုင်းဝင်ပြီးနောက် ဘဟားမားစ်မှာ အရေးပေါ်အကူအညီများ လိုနေဟု ကုလ ပြော

စက်တင်ဘာ ၉ ။               ။ အင်အားပြင်း ဟာရီကိန်း မုန်တိုင်း ဒိုရီယန် ဝင်တိုက်သွားလို့ အကြီးအကျယ် ပျက်စီးဆုံးရှုံးမှု ကြုံတွေ့ခဲ့ရတဲ့ ဘဟားမားစ်ကျွန်းစုမှာတော့ လက်ရှိမှာ လူ့အသက်ကယ်နိုင်မယ့် အကူအညီပစ္စည်းတွေ အရေးတကြီး လိုအပ်နေလျက် ရှိကြောင်း ဘဟားမားစ်ရှိ ကုလသမဂ္ဂ ကိုယ်စားလှယ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မုန်တိုင်း ဝင်ပြီးနောက် တစ်ပတ်အကြာမှာ ဘဟားမားစ် ဒေသခံတွေကတော့ အပျက်အစီးတွေအကြား ပြန်လည် နာလန်ထူနိုင်ဖို့ ရုန်းကန်နေကြရပါတယ်။

အင်အားပြင်းလွန်းသည့် မုန်တိုင်းကြောင့် ယင်းကျွန်းမှာ သေဆုံးသူဦးရေ ၄၄ ဦး အထိ ရှိခဲ့သလို ဒေသခံအများအပြားကလည်း ပျက်စီးသွားခဲ့တဲ့ ၎င်းတို့ရဲဲ့ နေအိမ်တွေကို စွန့်ခွာပြီး ယာယီခိုလှုံနိုင်မယ့် နေရာတွေကို ရှာဖွေနေခဲ့ကြရပါတယ်။ မုန်တိုင်းကြောင့် နေအိမ် ရာပေါင်းများစွာ ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။

ဒိုရီယန် မုန်တိုင်းကတော့ ကနေဒါ အရှေ့ပိုင်းကိုလည်း အကြီးအကျယ် ပျက်စီးမှုများ ဖြစ်စေခဲ့ပြီးနောက် ယခုအခါ အတ္တလန္တိတ် မြောက်ပိုင်းကို မကြာမီ ရွေ့လျားသွားမယ်လို့ မျှော်လင့်ရပါတယ်။

လက်ရှိသေဆုံးသူ ဦးရေဟာ ၄၄ ဦး ရှိနေပေမယ့် ယင်းဟာ မကြာမီ သိသိသာသာ မြင့်တက်လာဖွယ် ရှိကြောင်း ဝန်ကြီးချုပ် ဟူဘတ် မင်နစ်က သတိပေးထားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required