ပရိတ်သတ်များ တာဝန်ကျေသော်လည်း အသင်းသားများ တာဝန်မကျေဟု အောင်သူဆို

ပရိတ်သတ်များ တာဝန်ကျေသော်လည်း အသင်းသားများ တာဝန်မကျေဟု အောင်သူဆို

ရန်ကုန် ၊စက်တင်ဘာ ၉ ။        ။ ဂျပန် မြန်မာ ပွဲတွင် ပရိတ်သတ်များ  ကွင်းထဲသို့ လာရောက်အားပေးကြရန်  မျှော်လင့်ကြောင်းနှင့် အားပေးသည့်  ပရိတ်သတ်များက  တာဝန်ကျေသော်လည်း  အသင်းအနေဖြင့်  တာဝန်မကျေသေးကြောင်း  မြန်မာအသင်း တိုက်စစ်မှူး အောင်သူက ပြောသည်။

လာမည့် စက်တင်ဘာ၁ဝရက်နေ့တွင်  သုဝဏ္ဏအားကစားကွင်း၌ အာရှနာမည်ကြီး ဂျပန်လက်ရွေးစင်အသင်းနှင့်  မြန်မာအသင်းတို့ ၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲ အတွက် ယှဉ်ပြိုင်ရမည် ဖြစ်သည့် အတွက် တိုက်စစ်မှုးအောင်သူက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြိုင်ပွဲအတွက်  မြန်မာကစားသမားများသည်    စက်တင်ဘာ ရရက်နေ့မှ စတင်ကာ လေ့ကျင့်ရေး ပြန်လည်စတင်နေပြီး  ဂျပန်အသင်းကလည်း မြန်မာနိုင်ငံသို့ ရောက်ရှိလေ့ကျင့်နေပြီ ဖြစ်သည်။

မြန်မာအသင်းနှင့် ယှဉ်ပြိုင်မည့် ဂျပန်လက်ရွေးစင်အသင်းတွင် ဥရောပကလပ်များတွင် အခြေစိုက် ကစားနေသည့် ကစားသမား ၁၉ဦး  ပါဝင်ပြီး အနိုင်ရရန်သေချာကြောင်း ဂျပန် လက်ရွေးစင် အသင်း တိုက်စစ်မှူးကပြောသည်။

"ဒါကတော့ကျွန်တော်တို့အတွက်ပုံမှန်ကစားပွဲတစ်ပဲ။ဘာမှစိုးရိမ်စရာမရှိပါဘူး။ ပြိုင်ပွဲမှာ အားသာတဲ့ သူက အနိုင်ရမှာပဲ။ အဖွဲ့လိုက်ယုံယုံကြည်မှုရှိရှိကစားမယ်ဆိုရင်ပေါ့။ ကစားသမားတွေအကောင်းဆုံးကြိုးစားချိန် ကူညီပေးမယ်ဆိုရင်ဒီပွဲရလဒ်က အရာအားလုံးတော့မဟုတ်ဘူးပေါ့။ ကျွန်တော်ကတာဝန်ယူမှုတာဝန်ခံမှုရှိချင်တယ်။ ဒါမှကမ္ဘာ့ဖလားကိုကျွန်တော်စိန်ခေါ်နိုင်မှာ။ ကမ္ဘာဖလားကဘောလုံးသမားတွေအတွက်အရေးကြီးတဲ့အဆင့်ပဲလေ"  ဟု ဂျပန်အသင်းခေါင်းဆောင် ကပြောသည်။

မြန်မာအသင်းသည် ၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖွင့်ပွဲစဉ်အဖြစ် မွန်ဂိုးလီးယားအသင်းကို အဝေးကွင်းတွင် ရှုံးနိမ့်ခြ့သည်။

မွန်ဂိုးလီးယားအသင်းနှင့် ယှဉ်ပြိုင်ရာတွင်  အရှုံးရလဒ်အတွက်  ပရိသတ်ကို တောင်းပန်ကြောင်း နှင့် ဂျပန်နှင့် ပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားပြီး ရလာဒ်ကောင်း ရရှိရေး ကြိုးစားသွားမည်ဟု မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကိုကပြောသည်။

မြန်မာ  ဂျပန်၂၀၂၂ကမ္ဘာ့ဖလား ခြေစစ်ပွဲကို  လာမည့် စက်တင်ဘာ ၁ဝရက်နေ့ ညနေ ၆နာရီ၅ဝတွင် သုဝဏ္ဏအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

 Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly