ဝင်းနှင့်ဇော်အား လွှတ်ပေးရန် ကော့သောင်း၌ ဒေသခံ ၃၀၀ ကျော် ဆန္ဒထုတ်ဖော်

ဝင်းနှင့်ဇော်အား လွှတ်ပေးရန် ကော့သောင်း၌ ဒေသခံ ၃၀၀ ကျော် ဆန္ဒထုတ်ဖော်
 ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ကော့သောင်း၊ စက်တင်ဘာ (၈) ။          ။ လိပ်ကျွန်းလူသတ်မှုဖြင့် ထိုင်းနိုင်ငံ၌  သေဒဏ်ကျခံနေရသည့် မြန်မာ နိုင်ငံသား နှစ် ဦး ဖြစ်သည့် ဝင်းနှင့် ဇော်အား  လွှတ်ပေးရန် စတင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့တွင် ဒေသခံများက  ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မြန်မာ- ထိုင်း နယ်စပ်ချင်း ထိစပ်နေသည့် ကော့သောင်းမြို့တွင် ဒေသခံ အင်အား ၃၀၀ ကျော်က ဝင်းနှင့် ဇော်အား လွှတ်ပေးရန်  အဏ္ဍဝါရပ်ကွက်ရှိ လှေဆိပ် အနီးတွင်  နံနက် ၉ နာရီမှ ၁၁ နာရီ အထိ  ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံသား နှစ်ဦးကို မြန်မာနိုင်ငံသို့ ငြိမ်းချမ်းစွာ ပြန်လည် လွှဲပေးဖို့ ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်။ ထိုင်း- မြန်မာ ချစ်ကြည်ရေးကိုလည်း မထိခိုက််စေချင်ဘူး ဒီအတွက်ကြောင့် ငြိမ်းချမ်းစွာပဲ ဆန္ဒထုတ်ဖော် နေတာ ဖြစ်တယ်” ဟု ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ  ကော့သောင်းမြို့ သိရီမြိုင်ရပ်ကွက်နေ ဦးနွယ်ထွန်းက ပြော သည်။

ဆန္ဒထုတ်ဖော်သူများက ဝင်းနှင့် ဇော်အား မြန်မာနိုင်ငံသို့ ပြန်လည် လွှတ်ပေးရေး၊ ထိုင်း- မြန်မာ ချစ်ကြည်ရေး ခိုင်မြဲပါစေ၊ ထိုင်းနိုင်ငံသူ နိုင်ငံ သားများ ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ပါစေ၊ ထိုင်း- မြန်မာ ချစ်ကြည်ရေး ကောင်းမွန် အဓွန့်ရှည်ပါစေ စသည့် ဗွီနိုင်း ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly