တရုတ်နိုင်ငံ ချန်ဒူမြို့က ချစ်စဖွယ် ဘဲလေးတွေ ရှိရာ café ဆိုင်လေး

By AFP
08 September 2019
တရုတ်နိုင်ငံ ချန်ဒူမြို့က ချစ်စဖွယ် ဘဲလေးတွေ ရှိရာ café ဆိုင်လေး

စက်တင်ဘာ ၈ ။         ။ တရုတ်နိုင်ငံ ချန်ဒူမြို့မှာ ဖွင့်လှစ်ထားတဲ့ ‘Hey! We go’ ဆိုတဲ့ café ဆိုင်ထဲကို ဝင်သွားလိုက်မယ်ဆိုရင်တော့ လာရောက်အားပေးသူ ဖောက်သည်တွေဟာ  သောက်သုံးစရာတွေကို သိပ်မလေးမထားကြဘဲ ဖြူဖွေးဖွေး ချစ်ဖွယ် ဘဲလေးတွေနဲ့ အလုပ်ရှုပ်နေကြတာကို တွေ့ရပါလိမ့်မယ်။

စားပွဲခုံပေါ်မှာ ရှိနေတဲ့ ဘဲဖြူလေးတွေကို ပွတ်သပ်ယုယနေကြသူတွေ ရှိသလို ဓာတ်ပုံရိုက်ဖို့ တပြင်ပြင် လုပ်နေသူတွေကိုလည်း မြင်ရနိုင်ပါတယ်။

ဒါကတော့ နိုင်ငံမှာ တိရစ္ဆာန် ချစ်သူတွေအတွက် အထူးရည်ရွယ်ဖွင့်လှစ်ထားတဲ့ တိရစ္ဆာန် café ဆိုင်တွေအနက်က တစ်ဆိုင်ပဲဖြစ်ပါတယ်။

ဒီ ဘဲ café ဆိုင် ဆိုရင်လည်း ဆိုရှယ်မီဒီယာကို နောကြေနေတဲ့ လူငယ်မျိုးဆက်သစ်တွေအတွက် အကောင်းဆုံး စတည်းချရာ နေရာတစ်ခုလည်း ဖြစ်လို့ နေပါတယ်။

ဒီ ဆိုင်ထဲမှာ ရှိနေတဲ့ ဘဲလေးတွေကတော့ ဥရောပကနေ တင်သွင်းထားတဲ့ ဘဲ မျိုးကောင်းမျိုးသန့်တွေ ဖြစ်တယ်လို့ သိရပါတယ်။ လက်လီစျေးအားဖြင့် တစ်ကောင်ကို ဒေါ်လာ ၁,၄၀၀ အထိ ပေါက်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ဒီ ဆိုင်ထဲမှာ ရှိနေတဲ့ ဘဲဖြူလေးတွေကတော့ ရောင်းချဖို့ မဟုတ်ပါဘူး။ ဒီဘဲလေးတွေက ဆိုင်ကို လာရောက်တဲ့ ဖောက်သည်တွေကို ဧည့်ခံဖို့အတွက် စားပွဲတစ်လုံးကနေ တစ်လုံး ကူးလူးပေးနေကြတဲ့ ချစ်စဖွယ် အကောင်လေးတွေဖြစ်ပါတယ်။

ဒီ ဆိုင်ထဲမှာတော့ ဘဲဖြူလေးတွေအပြင် အသစ်ရောက်လာတဲ့ ဝက်ကလေး နှစ်ကောင်လည်း ရှိသေးတယ်လို့ သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required