Nike နှင့် (၁၀)နှစ်စာ စာချုပ်အတွက် ရော်နယ်လ်ဒိုရဲ့ ဝင်ငွေကို ထုတ်ဖော်လိုက်တဲ့ Football Leaks

Nike နှင့် (၁၀)နှစ်စာ စာချုပ်အတွက် ရော်နယ်လ်ဒိုရဲ့ ဝင်ငွေကို ထုတ်ဖော်လိုက်တဲ့ Football Leaks
Photo: EPA

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ Nike နဲ့ စပွန်ဆာ စာချုပ်အကြောင်းအရာများ ပေါက်ကြားခဲ့ရာ (၁၀)နှစ်သက်တမ်းရှိ စာချုပ်အတွက် ပေါင် (၁၄၆.၈)သန်းအထိ ရရှိမှာဖြစ်တယ်လို့ Football Leaks က ထုတ်ဖော်ခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ၂၀၀၃ ခုနှစ်က မန်ချက်စတာယူနိုက်ကို ပြောင်းရွှေ့ကတည်းက Nike ရဲ့ သံတမန်တစ်ဦးဖြစ်ခဲ့ပါတယ်။

Nike နဲ့ ၎င်းတို့ရဲ့ ပြိုင်ဘက် adidas တို့အကြား ပြိုင်ဆိုင်မှု ပြင်းထန်လာပြီးနောက်မှာတော့ Nike နဲ့ ရော်နယ်လ်ဒိုရဲ့ ပုံရိပ်မူပိုင်ခွင့်တွေကို ပိုင်ဆိုင်ထားတဲ့ Polaris Sports Limited ကုမ္ပဏီတို့ကြား သဘောတူညီမှု အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ရော်နယ်လ်ဒိုဟာ ၂၀၁၆ ခုနှစ်က (၁၀)နှစ် သက်တမ်းတိုး စာချုပ်လက်မှတ်းရေးထိုးခဲ့တာဖြစ်ပါတယ်။

Football Leaks ရဲ့ ဂျာမန်သတင်းစာ Der Spiegel က ရော်နယ်လ်ဒိုရဲ့ စာချုပ် စပွန်ဆာကြေးမှာ (၁၀)နှစ်အတွက် ပေါင် (၁၄၆.၈)သန်း ရရှိမှာဖြစ်ပြီး ပေါ်တူဂီစူပါစတားဟာ တစ်နှစ်ဝင်ငွေ ပေါင် (၁၄.၆၈)သန်းကို အသားတင် ရရှိမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။

ယခုပဏာမှာ ဆုကြေးပါဝင်ခြင်း မရှိသေးပဲ ပြီးခဲ့တဲ့ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာ ပေါင် (၁၈.၃)သန်းစီ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သူဟာ ဘလွန်းဒီအော် ဒါမှမဟုတ် ဖီဖာအကောင်းဆုံး ဘောလုံးသမားဆုကို ဆွတ်ခူးနိုင်ခဲ့မယ်ဆိုပါက နောက်ထပ် အပိုဆုကြေး ပေါင် (၂)သန်းကို ရရှိမှာဖြစ်ပါတယ်။

 
 
 
 
 
 
 
 
 
 
 
 
 

Challenge the rules by making your own. #nikesportswear #nikesportpack

A post shared by Cristiano Ronaldo (@cristiano) on Aug 23, 2018 at 9:02am PDT

ရော်နယ်လ်ဒိုရဲ့ စာချုပ်ဟာ ကစားသမားတွေထဲမှာ အမြင့်ဆုံး စပွန်ဆာကြေးရရှိတဲ့ တစ်ဦးတည်းသော ကစားသမားလည်းဖြစ်တယ်လို့ ဆိုပါတယ်။

Der Speigel သတင်းစာက ရော်နယ်လ်ဒိုရဲ့ စာချုပ်နဲ့ပတ်သက်လို့ Nike ကို မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ကုမ္ပဏီက ငြင်းဆန်ခဲ့ပြီး "ကျနော်တို့အနေနဲ့ ကျနော်တို့ရဲ့ ကစားသမားတွေရဲ့ စာချုပ်အချက်အလက်တွေကို အများရှေ့မှာ ဆွေးနွေးတာမျိုး မလုပ်ဆောင်ပါဘူး။"လို့ ကြေညာခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ သက်ဆိုင်ရာ ကိုယ်စားလှယ်တွေကလည်း မှတ်ချက်ပေးဖို့ ငြင်းဆန်သွားခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ၂၀၁၈ ခုနှစ်က ဂျူဗင်တပ်စ်အသင်းဆီ မပြောင်းရွှေ့ခင် Nike နဲ့ အဆိုပါစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာပါ။

ဂျူဗင်တပ်စ်အသင်းနဲ့ သူ့ရဲ့ (၄)နှစ်စာချုပ်ဟာ ပေါင် (၁၀၈)သန်း တန်ကြေးရှိပြီး တစ်နှစ်လျှင် ပေါင်သန်း (၃၀) ကို အသားတင်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Ref; 90Min

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly