ရုရှားနဲ့ ယူကရိန်းတို့ အကျဉ်းသားချင်း လဲလှယ်မှု စတင်

By AFP
07 September 2019
ရုရှားနဲ့ ယူကရိန်းတို့ အကျဉ်းသားချင်း လဲလှယ်မှု စတင်

မော်စကို၊ စက်တင်ဘာ ၇ ။        ။ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြား ကာလရှည် စောင့်ဆိုင်းနေတဲ့ အကျဉ်းသား အပြန်အလှန် လဲလှယ်မှု စတင်ပြီဖြစ်ကြောင်း ရုရှားနိုင်ငံပိုင်ရုပ်သံသတင်းက စနေနေ့မှာ ဖော်ပြပါတယ်။

မော်စကိုမြို့တော်က အကျဉ်းထောင်တစ်ခုကနေ ထွက်ခွာသွားတဲ့ ဘတ်စ်ကားတွေကို ရိုက်ကူးပြသပြီး Rossiya 24 သတင်းဌာနက ထုတ်ပြန်တာ ဖြစ်ပါတယ်။

“အကျဉ်းသား အပြန်အလှန် လဲလှယ်မှု ပြင်ဆင်ဆောင်ရွက်ရေး လုပ်ငန်းစဉ် မူဘောင်အောက်မှာ လီဖော့တိုဗို အကျဉ်းထောင်ကနေ ဘတ်စ်ကားတွေ ထွက်ခွာသွားခဲ့ပါတယ်။”လို့ အဆိုပါ သတင်းက ဖော်ပြပါတယ်။

မော်စကိုက လုံခြုံရေးထူထပ်တဲ့ အကျဉ်းထောင်ကနေပြီး အလုံကာထားတဲ့ ပြတင်းပေါက်တွေနဲ့ ဘတ်စ်ကားနှစ်စီး ရဲယာဉ်တန်းခြံရံပြီး ထွက်ခွာသွားခဲ့တယ်လို့ မျက်မြင်ရောက်ရှိနေတဲ့ အေအက်ဖ်ပီသတင်းထောက်က သတင်းပေးပို့ပါတယ်။

ယူကရိန်းနဲ့ ပထမဆုံးအကြိမ် အကျဉ်းသား အများအပြား လဲလှယ်မှု အစီအစဉ်ကို အပြီးသတ်ပြီးကြောင်း ကြာသပတေးနေ့က ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။

မေလအတွင်းက ယူကရိန်မှာ ဟာသရုပ်ရှင်သရုပ်ဆောင် ဗိုလော့ဒိုင်မိုင်ယားဇီလန်စကီ သမ္မတအဖြစ် ရွေးကောက်ခံရပြီးနောက် အခု အကျဉ်းသား လဲလှယ်မှု အစီအစဉ်ဟာ နှစ်နိုင်ငံကြား ပုံမှန်ဆက်ဆံရေး ဖြစ်ထွန်းရေးဆီ ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ပဲ ဖြစ်တယ်လို့ ပူတင်က ပြောခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required