မြန်မာ-ဟောင်ကောင်ကုန်သည်ကြီးများအသင်း (MHKCCI)ကိုစတင်ဖွဲ့စည်း

မြန်မာ-ဟောင်ကောင်ကုန်သည်ကြီးများအသင်း (MHKCCI)ကိုစတင်ဖွဲ့စည်း

ရန်ကုန်။စက်တင်ဘာ ၆ ။        ။ မြန်မာနိုင်ငံနှင့်ဟောင်ကောင်နိုင်ငံတို့ကြားတာဝန်ယူမှု၊ တာဝန်ခံမှုရှိသော နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများကို မြှင့်တင်နိုင်ရန် မြန်မာ-ဟောင်ကောင်ကုန်သည်ကြီးများအသင်း (MHKCCI) ကိုပြီးခဲ့ သည့် စက်တင်ဘာ ၃ရက်နေ့က  စတင်ဖွဲ့စည်းခဲ့သည်။

အဆိုပါအသင်းအနေဖြင့် နှစ်နိုင်ငံကြားတာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေး ဆက်သွယ်ရေးတို့ကို မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ မြန်မာနို်င်ငံအတွင်းသို့ စတင်ဝင်ရောက် လာသည့် ဟောင်ကောင်ကုန်သည်များအားကူညီထောက်ပံ့ပေးနိုင်ရန် လည်းပါဝင်ကြောင်း သိရသည်။

 “ ဟောင်ကောင်က ကျွန်တော်တို့အတွက် အလွန်အရေးကြီးတဲ့ လက်တွဲဖော် မိတ်ဖက်ပါ။(MHKCCI)တည် ထောင်ပြီးတဲ့အတွက် မြန်မာနိုင်ငံကိုစီးပွားရေးတစ်ခုထဲမဟုတ်ဘဲ နှစ်ဦ၊နှစ်ဖက်၊ အကျိုးရှိတဲ့ လူမှု၊ စီးပွားဖွံ့ ဖြိုးတိုးတက်မှုတွေကိုလုပ်ဆောင်နိုင်မှာပါ” ဟု ရင်းနှီးမြှပ်နှံမှုနှင့် နို်င်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ဆိုသည်။

မြန်မာနိုင်ငံအတွင်း ဟောင်ကောင်၏  ရင်းနှီးမြှပ်နှံမှု ပမာဏမှာယခုဘဏ္ဍာနှစ် ဇူလှိုင်လကုန်အထိအမေရိကန် ဒေါ်လာ ၈၂၇၆ ဒသမ၆၅၇ သန်းကျော် ရှိပြီး၊လုပ်ငန်းပေါင်း ၂ဝဝကျော်၌ ဝင်ရောက်ရင်းနှီးမြှပ်နှံထားခြင်း ဖြစ်သည်။အဆိုပါပမာဏမှာ ပြည်တွင်းဝင်ရောက်ရင်းနှီးမြှပ်နှံထားကြသည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု စုစုပေါင်း ပမာဏ၏ ၁ဝရာခိုင်နှုန်းကျော် ဖြစ်ပြီး၊  စင်ကာပှု၊တရုတ် နှင့်ထိုင်းနိုင်ငံတို့ ပြီးလျှင် စတုတ္ထ အများဆုံး ဝင်ရောက်ရင်းနှီးမြှပ်နှံထားသည့် နိုင်ငံလည်းဖြစ်သည်။

“  ကျွန်တော်တို့ရဲ့ အဓိကလုပ်ငန်းတွေကတော့ အိမ်ခြံမြေလုပ်ငန်းနဲ့ဆက်သွယ်ရေးလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ လက်ရှိမှာကမ္ဘာ့စီးပွားရေးကမသေချာမရေရာ ဖြစ်နေပြီး၊ စီးပွားရေးလုပ်ငန်းတွေ ကျဆင်းနေတဲ့ အချိန်ကာလ တစ်ခုကို ကြုံတွေ့နေရပါတယ်။ ဒါကြောင့်မို့ အခုလိုကြိုးစားရုန်းကန်နေရတဲ့  အချိန်ကာလမှာ ကျွန်တော်တို့ ကုန်သည်ကြီးများအသင်းကို မိတ်ဆက်ပေးခြင်းက အထူးအရေးပါပါတယ်” ဟု မြန်မာ- ဟောင်ကောင် ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ Mr.EdgarKwanကဆိုသည်။

အဆိုပါအသင်းမှာ ယခုနှစ်ဖေဖော်ဝါရီလတွင် ရင်းနှီးမြှပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာ ၏ ခွင့်ပြုချက် ရရှိခဲ့ပြီး၊ ယခုနှစ်တွင် တရားဝင်တည်ထောင်နိုင်ခဲ့ခြင်းဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly