တရားခွင်တွင် မိသားစုများနှင့် အချိန်လုံလောက်စွာ တွေ့ခွင့်ရရေး တောင်းဆို

တရားခွင်တွင် မိသားစုများနှင့် အချိန်လုံလောက်စွာ တွေ့ခွင့်ရရေး တောင်းဆို
အဖမ်းခံရသည်ဆိုသော ရခိုင်စင်ကာပူအသင်းသား ၂ ဦစင်ကာပူတွင် ဖမ်းဆီးခံရပြီး ပြည်နှင်ဒဏ်ပေးခံသော ရခိုင်စင်ကာပူအသင်းသား ၂ ဦး ဇူလိုင် ၁၀ ရက်ညပိုင်းက ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာစဉ်။ ဓာတ်ပုံ-သူရ၊ မဇ္ဈိမ

ရန်ကုန်၊ စက်တင်ဘာ ၆ရက် ။          ။ AA နှင့်ဆက်နွယ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူများကို တရားခွင်တွင် မိသားစုများနှင့် အချိန်လုံလောက်စွာ တွေ့ခွင့်ပေးရန် တောင်းဆိုကြောင်း အမှုအတွက် လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော် ရှေ့နေ ဦးကျော်မျိုးထွန်းက ပြောသည်။

စင်ကာပူနိုင်ငံက ပြည်နှင်ဒဏ်ပေးလိုက်သည့်အတွက်  မြန်မာနိုင်ငံသို့ ပြန်လာသည့်  ရခိုင်လူမှုရေးအသင်း ( စင်ကာပူ) ၏ ခေါင်းဆောင်ပိုင်းအပါအဝင် ကိုးဦးကို စက်တင်ဘာလ (၆)ရက်နေ့က ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံး ရုံးထုတ်တွင် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

"ဒီနေ့က ကိုအောင်မျိုးဝင်းကို ပုဒ်မ ၅၀(ည)နဲ့ တရားစွဲတင်လိုက်တယ်။ ပြီးတော့ တရားခံပြေးသုံးယောက်ကို ကြေညာလိုက်တယ်။ ကျွန်တော့်အမှုသည်တွေဘက်ကတော့ ဘာမှ ထွေထွေထူးထူးမရှိပါဘူး။ အခုက တရား လိုတွေလည်း မစစ်သေး၊ ဘာမှ မစစ်သေးတော့။ တရားလိုရဲ့ စစ်ဆေးချက်တွေအပေါ်မှာပဲ ကျွန်တော်တို့ဘက် က ခုခံရေးလမ်းကြောင်းနဲ့ သွားရမှာပေါ့။ တရားခွင်မှာ အသီးသီး မိသားစုဝင်တွေနဲ့ အချိန်လုံလုံလောက် လောက် ပေးတွေ့ဖို့ တောင်းဆိုတာတွေတော့ ရှိတယ်။ ကိုအောင်မြတ်ကျော်တို့ အမှုမှာတော့ တရားလို အပါအ ဝင် သက်သေ ၁၄ဦးတင်ထားတယ်လို့ သိရတယ်'' ဟု တရားစွဲဆိုခံရသူတစ်ဦးဖြစ်တဲ့ ကိုမြတ်လင်းဦးအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် တရား လွှတ်တော်ရှေ့နေ ဦးကျော်မျိုးထွန်းက ပြောသည်။   

ယနေ့ရုံးချိန်းတွင် ကိုအောင်မျိုးဝင်းကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည)နှင့် တရားစွဲတင် လိုက်ပြီး နောက်တိုးသံသယရှိသူ သုံးဦးကို တရားခံပြေးအဖြစ် ကြေညာလိုက်သည်ဟု သိရသည်။

ခေါင်းဆောင်အပါအဝင် ၈ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) /၅၂ (က) တို့နဲ့ အနောက်ပိုင်းခရိုင်တရားရုံးတွင် သြဂုတ်လ (၉)ရက်နေ့က  တရားစွဲတင်ထားခဲ့ခြင်းဖြစ်သည်။

ပုဒ်မ ၅၂(က)သည် ထောင်ဒဏ် သုံးနှစ်မှ ခုနှစ်နှစ်အထိ ချမှတ်နိုင်ပြီး ပုဒ်မ ၅၀(ည)သည် ထောင်ဒဏ် ခုနှစ်နှစ်မှ အမြင့်ဆုံး တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည်။

မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့် AA(ရခိုင်တပ်) အတွက် ရန်ပုံငွေ ထောက်ပံ့သည်ဟု ဆိုပြီး စင်ကာပူက မြန်မာနိုင်ငံသားအချို့ကို ပြည်နှင်ဒဏ် ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တရားစွဲဆိုခံရသူများထဲ တွင် AA ခေါင်းဆောင် ကိုထွန်းမြတ်နိုင်၏ ညီလည်း ပါဝင်သည်ဟု သိရသည်။

အဆိုပါအမှုကို မြန်မာနိုင်ငံ သတင်းရဲတပ်ဖွဲ့ ရဲမှူးတင့်ရွှေက တရားလိုလုပ် တရားစွဲဆိုခဲ့ခြင်း ဖြစ်ပြီး နောက်တစ်ပတ်  ရုံးချိန်းကို စက်တင်ဘာလ ၂ဝရက်နေ့သို့  ချိန်းဆိုလိုက်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required