ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖွင့်ပွဲစဉ်တွင် မွန်ဂိုလီးယားအသင်းကို မြန်မာအသင်း ရှုံးနိမ့်

ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖွင့်ပွဲစဉ်တွင် မွန်ဂိုလီးယားအသင်းကို မြန်မာအသင်း ရှုံးနိမ့်
ဓာတ်ပုံ - MFF

ရန်ကုန်၊ စက်တင်ဘာလ ၅ ။          ။ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားဒုတိယအဆင့်ခြေစစ်ပွဲ  အုပ်စုအဖွင့် ပွဲစဉ်အဖြစ် မြန်မာ့ လက်ရွေးစင်အသင်းကြီးနှင့် မွန်ဂိုလီးယားအသင်းတို့  စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းက ယှဉ်ပြိုင် ကစားခဲ့ရာ တစ်ဂိုး ဂိုးမရှိရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ပထမပိုင်းစတင်ယှဉ်ပြိုင်ချိန်တွင် ကစားပုံကောင်းမွန်ခဲ့ပြီး ပွဲကစားချိန် ၁၅ မိနစ်အထိ မွန်ဂိုလီးယားဘက်သို့ ဖိအားပေးကစားပေးနိုင်ခဲ့သည်။ သို့သော် ပွဲကစားချိန် ၁၇ မိနစ်အရောက်တွင် မြန်မာအသင်းနောက်တန်းမှ အမှားကျူးလွန်ခဲ့မှုကြောင့် မွန်ဂိုလီးယားအသင်းမှ ဂိုးစတင်သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းသည် ချေပဂိုးရရှိရန်အတွက် ဆက်လက်ဖိအားပေးကစားခဲ့ရာ ပွဲကစားချိန် ၂၈ မိနစ်အရောက် တွင် တိုက်စစ်မှူး ကျော်ကိုကို သွင်းယူခဲ့သည့် ခေါင်းတိုက်ဂိုးမှာ လူကျွံနေသောကြောင့် ချေပဂိုးနှင့် ဝေးကွာ ခဲ့ရသည်။

ထို့နောက် ဒုတိယပိုင်းဆက်လက်ပြိုင်ရာတွင် မွန်ဂိုလီးယားအသင်းဘက်သို့ ဂိုးပေါက်ခြိမ်းခြောက်မှုများ ပြုလုပ် လာနိုင်ခဲ့ပြီး အဆုံးသတ်မသေချာမှုကြောင့် ချေပဂိုးမရခဲ့ခြင်းဖြစ်သည်။ ပွဲကစားချိန် မိနစ် ၅၀ အရောက်တွင်  မြန်မာအသင်းမှ တိုက်စစ်ပိုင်းအပြောင်းအလဲကို ပြုလုပ်ခဲ့ပြီး ကျော်ကိုကိုအစား သန်းပိုင်က ဝင်ရောက်ကစားခဲ့ သည်။ ပွဲချိန် ၆၄ မိနစ်အရောက်တွင် မြန်မာအသင်းမှ မောင်မောင်လွင်ကို ကစားပုံကြမ်းတမ်းခဲ့သောကြောင့်  ဒိုင်လူကြီးမှ ၂၀ါ ၁နီ ဖြင့် ထုတ်ပယ်ခဲ့သည်။

ယခုပွဲစဉ်တွင် မြန်မာအသင်းအတွက် တိုက်စစ်မှူး အောင်သူ အထူးခြေစွမ်းပြကစားခဲ့သော်လည်း မွန်ဂိုလီးယား အသင်း၏ နောက်တန်းကစားပုံ ကောင်းမွန်မှုကြောင့် ချေပဂိုးနှင့် ဝေးကွာခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် တစ်ဂိုးဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းအနေဖြင့် လာမည့် စက်တင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းတွင် အာရှအင်အားကြီး ဂျပန်အသင်း နှင့် သုဝဏ္ဏကွင်းတွင် ဆက်လက်ကစားရမည်ဖြစ်သည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required