ကိုရီးယား ဘဏ် နှင့် ပူးပေါင်းကာ အိမ်ရာများ တည်ဆောက်မည်

ကိုရီးယား ဘဏ် နှင့် ပူးပေါင်းကာ အိမ်ရာများ တည်ဆောက်မည်
(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)

ရန်ကုန်၊ စက်တင်ဘာလ ၅ ။          ။ အိမ်ရာလုံလောက်မှုမရှိခြင်းပြသနာနှင့်ကျူးကျော်နေထိုင်သူများအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ၊ဆောက်လုပ်ရေးဝန်ကြီးဌာနှင့် KB Kookmin Bank တို့အကျိုးတူပူးပေါင်းကာ အိမ်ရာများတည်ဆောက်မည်ဟု သိရသည်။

"ရန်ကုန်တိုင်းဒေသကြီးဟာလျှင်မြန်လာတဲ့မြို့ပြပြောင်းလဲမှုတွေကြောင့် လူဦးရေက တိုးပွားများပြားပြီးတော့ အိမ်ရာလုံလောက်မှုမရှိခြင်းပြသနာများ၊ခွင့်ပြုချက်မရှိဘဲ ကျူးကျော် ဝင်ရောက်နေထိုင်ခြင်း ပြသနာများစွာကို ရင်ဆိုင်နေရပါတယ်။ UN ရဲ့ဖော်ပြချက်အရဆို ရန်ကုန်တိုင်းဒေသကြီးမှာ ရန်ကုန်လူဦးရေ ရဲ့ ၇ ရာခိုင်နှုန်း ဟာ ကျူးကျော်နေထိုင်သူတွေဖြစ်နေတာကိုစစ်တမ်းကောက်ယူတွေ့ရှိရပါတယ် " ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောဆိုသည်။

ရန်ကုန်ရှိဝင်ငွေနည်းပါးပြည်သူများအတွက် အိမ်ရာတည်ဆောက်ခြင်းလုပ်ငန်း ထောက်ပံ့ခြင်းကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန တို့နှင့် Korea နိုင်ငံမှာ KB KooKmin Bank တို့အကြား လုပ်ငန်းသဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို စက်တင်ဘာလ ၄ ရက်နေ့က ရန်ကုန်ကုန်မြို့ Lotte Hotel တွင်ကျင်းပပြုလုပ်ခဲ့သည်။

"ရန်ကုန်တိုင်းဒေသကြီးမှ အိမ်ရာမလုံလောက်တဲ့အတွက် ဖြစ်သလိုငှားရမ်းနေထိုင်ရတဲ့ သူများအပါအဝင် ကျုးကျော်နေထိုင်မှုပြသနာများကို ဖြေရှင်းနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ၊ဆောက်လုပ်ရေး ဝန်ကြီးဌာန တန်ဖိုးနည်းအိမ်ရာ ၊တန်ဖိုးသင့်အိမ်ရာ တည်ဆောက်လျက်ရှိပြီးတော့ အိမ်ရာစီမံကိန်းတွေ အကောင်အထည်ဖော်နိုင်ဖို့အတွက် နိုင်ငံရပ်ခြားရင်းနှီးမြှပ်နှံမှုများကိုပါ ဖိတ်ခေါ်ပြီးဆောက်ရွက်လျက်ရှိပါတယ်" ဟု ဝန်ကြီး ဒေါ်နီလာကျော်က ထပ်မံပြောဆိုသည်။

ထို့အပြင် အစိုးရအဖွဲ့အနေဖြင့် အိမ်ရာဖော်ဆောင်ရေးလုပ်ငန်းအတွက် တည်ဆောက်ရေးလုပ်ငန်းများကို အလျင် အမြန်ပြီးစီးရန် အလိုရှိနေပြီး ကျွမ်းကျင်သည့် NGO အဖွဲ့အစည်းများ အပါအဝင် KooKmin Bank တို့ဖြင့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် တည်ဆောက်ရေးလုပ်ငန်းများအပေါ် အထောက်အကူပြုမည်ဟု သိရသည်။

"ရန်ကုန်တိုင်းဒေသကြီးဝင်ငွေနည်းပါးပြည်သူများအတွက် အိမ်ရာတည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်ပြီး အိမ်ရာအတွင်း ဝင်ရောက်နေထိုင်မယ့်ကိုယ်စား ဒီအတောအတွင်းမှာ ပူးပေါင်းလုပ်ဆောင်မယ့် NGO အဖွဲ့ အစည်း တွေနဲ့ပေါင်းစည်းကာ လုံခြုံစိတ်ချရတဲ့ငွေကြေးထောက်ပံ့နိုင်ရေးတို့ကို တက်ကြွစွာ ပေါင်းစည်း လုပ်ဆောင်နိုင်ရေးတို့ကို လုပ်ဆောင်မှာဖြစ်ပါတယ် "ဟုKB Kookmin Bnak ၏ စီအီးအိုဖြစ်သော Mr.Har Yin ကပြောဆိုသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required