စစ်ရေး၊ ကုန်သွယ်ရေးနဲ့ စွမ်းအင်ကဏ္ဍတွေမှာ ပူးပေါင်းမှု မြှင့်တင်ရေး ရုရှားနဲ့ အိန္ဒိယ သံန္ဒိ႒ာန်ချ

By AFP
04 September 2019
စစ်ရေး၊ ကုန်သွယ်ရေးနဲ့ စွမ်းအင်ကဏ္ဍတွေမှာ ပူးပေါင်းမှု မြှင့်တင်ရေး ရုရှားနဲ့ အိန္ဒိယ သံန္ဒိ႒ာန်ချ

မော်စကို၊ စက်တင်ဘာ ၄ ။          ။ ရုရှားနဲ့ အိန္ဒိယကြား စစ်ရေး၊ ကုန်သွယ်ရေးနဲ့ စွမ်းအင်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ရေးအတွက် သဘောတူညီမှု ရတာကြောင့် အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီဟာ ၎င်းရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ ရုရှားသမ္မတ ပူတင်ကို စက်တင်ဘာ ၄ ရက်နေ့မှာ ချီးမွှမ်းဂုဏ်ပြုပြောဆိုပါတယ်။

ရုရှားနိုင်ငံ ပစိဖိတ်ကမ်းခြေမြို့ ဗလာဒီဗိုစတော့ခ်မှာ ကျင်းပတဲ့ ရုရှား စီးပွားရေးဖိုရမ် ပထမနေ့မှာ ခေါင်းဆောင်နှစ်ဦးတို့ တွေ့ဆုံကြတာဖြစ်ပါတယ်။

ရုရှားစီးပွားရေးဖိုရမ်ဟာ ရုရှားနိုင်ငံအနေနဲ့ အနောက်အုပ်စုနဲ့ တင်းမာမှုတွေ ရှိနေချိန် အာရှနဲ့ ဆက်ဆံရေး မြှင့်တင်ဖို့ ကြိုးစားခြင်းအဖြစ် ၂၀၁၅ ခုနှစ်ကစပြီး နှစ်စဉ် ကျင်းပလာခဲ့တဲ့ ဖိုရမ်ပဲ ဖြစ်ပါတယ်။

“ခုလို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ရေး အခွင့်အလမ်းအတွက် ကျွန်တော်ရဲ့ ရင်းနှီးသော မိတ်ဆွေ ဗလာဒီမာပူတင်ကို ဂုဏ်ပြုပါတယ်။”လို့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မိုဒီက ပြောပါတယ်။

“နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမှာ ခြေလှမ်းသစ်တစ်ရပ်ကို ကျွန်တော်တို့ လှမ်းလိုက်နိုင်တာပါ။”လို့ မိုဒီက ပြောပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေမှာ အပြန်အလှန် ရင်းနှီးမြုပ်နှံကြရေးကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဖြည့်စွက်ပြောပါတယ်။

ခေါင်းဆောင်နှစ်ဦး ပူးတွဲထုတ်ပြန်ချက်တစ်ရပ်မှာ စစ်ရေးနဲ့ နည်းပညာနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်တာအပြင် အိန္ဒိယမှာ အရပ်ဖက်သုံးလေယာဉ်တွေ တီထွင်ထုတ်လုပ်နိုင်ရေးအတွက် အကျိုးတူပူးပေါင်ဆောင်ရွက်သွားဖို့ အလားအလာကောင်းတွေရှိကြောင်း ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required