ကမ္ဘာ့ နေချင်စဖွယ် အကောင်းဆုံးမြို့အဖြစ် သြစတြီးယားမြို့တော် ဗီယင်နာ သတ်မှတ်ခံရ

By AFP
04 September 2019
ကမ္ဘာ့ နေချင်စဖွယ် အကောင်းဆုံးမြို့အဖြစ် သြစတြီးယားမြို့တော် ဗီယင်နာ သတ်မှတ်ခံရ
Vienna, Austria is known for its convenient public transport, refreshing Alpine tap water and varied cultural life (AFP Photo/JOE KLAMAR)

စက်တင်ဘာ ၄ ။          ။ သြစတြီးယားနိုင်ငံ မြို့တော် ဗီယင်နာကတော့ ကမ္ဘာ့ နေချင်စဖွယ် အကောင်းဆုံးသော မြို့ အဖြစ် ယခုနှစ် ၂၀၁၉ ခုနှစ်မှာလည်း ထပ်မံ ရွေးချယ်ခံခဲ့ရကြောင်း Economist Intelligence Unit (EIU) က တစ်နှစ်တစ်ကြိမ် ထုတ်ပြန်နေကျ စစ်တမ်းတစ်ရပ်က ဖော်ပြနေပါတယ်။

ယမန်နှစ် ၂၀၁၈ ခုနှစ် ကလည်း ကမ္ဘာ့ နေချင်စဖွယ် အကောင်းဆုံးမြို့အဖြစ် ရွေးချယ်ခံခဲ့တဲ့ ဗီယင်နာကတော့ ယခုနှစ်မှာလည်း ယင်း ကမ္ဘာ့နေချင်စဖွယ် အကောင်းဆုံးမြို့အဖြစ် နှစ်နှစ်ဆက်တိုက် ထပ်မံသတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

၂၀၁၈ မတိုင်ခင် ကမ္ဘာ့ နေချင်စဖွယ် အကောင်းဆုံးမြို့နေရာကို ခုနစ်နှစ်ကြာ သိမ်းပိုက်ထားခဲ့တဲ့ သြစတြေးလျရဲ့ မဲလ်ဘုန်းမြို့ကတော့ ယခုနှစ်မှာလည်း နံပါတ်နှစ် နေရာ ရပ်တည်နေပါတယ်။

ယင်း မြို့တွေရဲ့ နောက်မှာတော့ ဆစ်ဒနီ၊ အိုဆာကာနဲ့ ကယ်ဂရီ တို့က အသီးသီး ရပ်တည်နေကြပါတယ်။

နှစ်စဉ်နှစ်တိုင်း EIU အနေနဲ့ ကမ္ဘာ့ မြို့ကြီးပေါင်း ၁၄၀ မှာ လူနေမှု အဆင့်အတန်း၊ ရာဇဝတ်မှု၊ ပို့ဆောင်ရေး အခြေခံအဆောက်အအုံ၊ ပညာသင်ယူခွင့် ရရှိမှု အခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ နိုင်ငံရေးနဲ့ စီးပွားရေး တည်ငြိမ်မှု တို့အပေါ် မူတည်ပြီး အမှတ် ၁၀၀ ထဲကနေ အမှတ်ပေး အဆင့်ခွဲခြားသွားတာဖြစ်ပါတယ်။

လက်ရှိအချိန်ထိတော့ ဥရောပ အနောက်ပိုင်းနဲ့ မြောက်အမေရိက တို့ကပဲ ကမ္ဘာပေါ်က နေချင်စဖွယ် အကောင်းဆုံး ဒေသတွေအဖြစ် ဆက်လက် ရပ်တည်နေကြောင်း EIU က ထုတ်ပြန်သွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required