ဗင်နီဇွဲလား သမ္မတ မာဒူရိုက ကိုလံဘီယာနယ်စပ်မှာ စစ်ရေးတပ်လှန့်ထား

ဗင်နီဇွဲလား သမ္မတ မာဒူရိုက ကိုလံဘီယာနယ်စပ်မှာ စစ်ရေးတပ်လှန့်ထား

ကရာကတ်စ်၊ စက်တင်ဘာ ၄ ။           ။ တောင်အမေရိက နှစ်နိုင်ငံကြား ထိပ်တိုက်တွေ့အောင် အနောက်ဖက် အိမ်နီးချင်း ကိုလံဘီယာနိုင်ငံက ဖန်တီးနေတယ်ဆိုပြီး ဗင်နီဇွဲလား သမ္မတ နီကိုလပ်မာဒူရိုဟာ ကိုလံဘီယာနယ်စပ်မှာ စစ်ရေးတပ်လှန့်ထားပြီး စစ်ရေးလေ့ကျင့််မှုတွေပါ လုပ်ဆောင်ဖို့ အမိန့်ထုတ်ထားပါတယ်။

“ဗင်နီဇွဲလားနိုင်ငံဟာ ကိုလံဘီယာရဲ့ ရန်လိုခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရပြီး လိမ္မော်အဆင့် တပ်လှန့်ကြောင်း နယ်စပ်က စစ်တပ်ရင်းတွေကို ကျွန်တော် ကြေညာပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ စက်တင်ဘာ ၂၈ ရက်အထိ နယ်စပ််မှာ စစ်ရေးလေ့ကျင့်မှုတွေ ဆောင်ရွက်ကြပါ။”လို့ ကရာကတ်စ်မြို့တော််မှာ လက်နက်ကိုင်တပ်ရင်းတွေနဲ့ တွေ့ဆုံမှုအတွင်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ စစ််ရေးလေ့ကျင့်မှုဟာ နိုင်ငံရဲ့ လက်နက်စနစ်တစ်ခုလုံးကို ပြင်ဆင်မှု လုပ်ဆောင်တာဖြစ်ပြီး နိုင်ငံရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ကာကွယ်နိုင်ရေးအတွက် လိုအပ်တဲ့ စစ်ရေးလှုပ်ရှားမှုပဲ ဖြစ်တယ်လို့လည်း မာဒူရိုက ပြောပါတယ်။

ဆောင်ရွက်မယ့်် စစ်ရေးလေ့ကျင့်မှုတွေကို ကိုလံဘီယာနဲ့ မိုင်ပေါင်း ၁၃၀၀ ကျော် ထိစပ်နေရာ နယ်စပ်က ဇူလီယာ၊ တာချီရာနဲ့ အမေဇုံနက်စ်ပြည်နယ်တွေမှာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

မာဒူရိုရဲ့ သဘောထားအမြင်မှာ သမ္မတ အီဗန်ဒက် ဦးဆောင်တဲ့ ကိုလံဘီယာအစိုးရဟာ ငြိမ်းချမ်းရေးကို မလိုလားဘဲ စစ်ကိုတာ လိုလားနေတာကြောင့်် သူ့အနေနဲ့ နယ်စပ်မှာ ခုလို စစ်ရေးတပ်လှန့်ရတာဖြစ််တယ်လို့လည်း ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly