ဟာရီကိန်းမုန်တိုင်း ဒိုရီယန် ဘဟားမားစ်ကို ဝင်တိုက်ပြီးနောက် ဖလော်ရီဒါဆီ ဆက်လက် ဦးတည်ချဉ်းကပ်

By AFP
04 September 2019
ဟာရီကိန်းမုန်တိုင်း ဒိုရီယန် ဘဟားမားစ်ကို ဝင်တိုက်ပြီးနောက် ဖလော်ရီဒါဆီ ဆက်လက် ဦးတည်ချဉ်းကပ်

စက်တင်ဘာ ၄ ။         ။ ဟာရီကိန်း မုန်တိုင်း ဒိုရီယန်ဟာ ဘဟားမားစ်ကျွန်းစုကို ဝင်တိုက်ခဲ့ပြီးနောက် ယခုအခါ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ကမ်းရိုးတန်းဆီ ဦးတည်ချဉ်းကပ်နေလျက် ရှိပါတယ်။

အဆိုပါ ဟာရီကိန်း မုန်တိုင်းဟာ ဂရန်းဘဟားမား ကျွန်းကို တစ်ရက်တာ ဝင်ရောက်တိုက်ခတ်ခဲ့ရာမှာ အနည်းဆုံး လူ ခုနစ်ဦး သေဆုံးခဲ့ပြီးနောက် ယခုအခါ ဖလော်ရီဒါ ကမ်းရိုးတန်းဘက်ကို အန္တရာယ်ကြီးစွာနဲ့ ဦးတည်နေတယ်လို့ သိရပါတယ်။

အင်အားအပြင်းထန်ဆုံးသော ဟာရီကိန်းမုန်တိုင်းတစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ ဒိုရီယန် မုန်တိုင်းဟာ ဘဟားမားစ် ကျွန်းမြောက်ပိုင်းက အဘာကို ကျွန်းတွေမှာ ဝင်တိုက်ခဲ့တဲ့အတွက် နေအိမ်တွေကို ရေလွှမ်းမိုးစေခဲ့ပါတယ်။

ယခုအခါ အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်းကို ဦးတည်နေပြီး ယင်း ဧရိယာမှာတော့ လူပေါင်း တစ်သန်းကျော်ကိုလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ ညွန်ကြားထားပါတယ်။

ယင်း ဟာရီကိန်းမုန်တိုင်းဟာ လက်ရှိအချိန်မှာ ပြင်းအား အဆင့် ၂ ကို လျော့ကျသွားခဲ့ပေမယ့် တစ်နာရီ လေတိုက်နှုန်း ၁၇၅ ကီလိုမီတာ ရှိနေသေးကြောင်း၊ အလွန်အန္တရာယ်ရှိတဲ့ အဆင့်မှာ ဆက်ရှိနေသေးကြောင်း အမေရိကန် အမျိုးသား ဟာရီကိန်း စင်တာက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required