ထိုင်းနိုင်ငံမှ ဘမ်ရွန်ဂရက်ဆေးရုံကြီး မြန်မာနိုင်ငံတွင် အထူးကုဆေးခန်းကြီးဖွင့်ခွင့်လိုင်စင်ရ

ထိုင်းနိုင်ငံမှ ဘမ်ရွန်ဂရက်ဆေးရုံကြီး မြန်မာနိုင်ငံတွင် အထူးကုဆေးခန်းကြီးဖွင့်ခွင့်လိုင်စင်ရ

ဘန်ကောက်၊ အောက်တိုဘာ ၁၄ ။            ။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဆေးခန်းနှင့် ရောဂါရှာဖွေရေးလုပ်ငန်းများ ဖွင့်လှစ်ဆောင်ရွက်ရန် မြန်မာရင်းနှီးမြုပ်နှံမှုကော်မရှင်ထံမှ လုပ်ငန်းခွင့်ပြုချက် လိုင်စင်ရရှိထားပြီဖြစ်ကြောင်း ဈေးကွက်တန်ဘိုးအရ ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံး ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် အများပိုင်ကုမ္ပဏီ ဘမ်ရွန်ဂရက်ဆေးရုံ (Bumrungrad Hospital Pcl) က အောက်တိုဘာ၁၄ တွင်ပြောကြားသည်။

ဘမ်ရွန်ဂရက်သည် အရှေ့တောင်အာရှတွင် လုပ်ငန်းချဲ့ထွင်ရန် ကြိုးပမ်းနေသော ထိုင်းကျန်းမာရေးစောင့်ရှောက်မှုကုမ္ပဏီအချို့တွင် ပါဝင်ပြီး လူဦးရေတိုးပွားလာခြင်း၊ ဝင်ငွေမြင့်မားလာခြင်းနှင့် အသက်ကြီးသူများလာခြင်းတို့ကြောင့် အရှေ့တောင်အာရှတွင် ကျန်းမာရေးအသုံးစရိတ်မြင့်မားလာမည်ဟု မျှော်လင့်ထားသည်။

ဘမ်ရွန်ဂရက်မှ ဝင်ငွေ၏ ၆၆ရာခိုင်နှုန်းကို နိုင်ငံခြားသားလူနာများထံမှ ရရှိခြင်းဖြစ်ပြီး မြန်မာသည် ထိုင်းနိုင်ငံသားမဟုတ်သူများအနက် ဝင်ငွေအများဆုံးပေးသူများဖြစ်ကြောင်း သြဂုတ်လက   လေ့လာသူများသို့ ကုမ္ပဏီကပြုလုပ်သည့် ရှင်းလင်းတင်ပြမှုတစ်ခုမှ အချက်အလက်များတွင် ဖော်ပြထားသည်။

မြန်မာတွင် ဖွင့်မည့် Bumrungrad Myanmar Co Ltd ၏ဆေးခန်းလုပ်ငန်းတွင် Bumrungrad Health Network Co က ရှယ်ယာ ၈၀ရာခိုင်နှုန်းပိုင်ဆိုင်ပြီး Yangon International Medical Services Co Ltd က ၂၀ရာခိုင်နှုန်းပိုင်ဆိုင်မည်ဟု ကုမ္ပဏီ၏ ကြေညာချက်တစ်ခုတွင်ဖော်ပြထားသည်။

Yangon International သည် မြန်မာလူနာများအတွက် ဘန်ကောက်ရှိ ဘမ်ရွန်ဂရက်နိုင်ငံတကာဆေးရုံ၏ တရားဝင်ခွင့်ပြုချက်ရ ကိုယ်စားလှယ်ဖြစ်သည်ဟု ၎င်း၏ဖေ့စ်ဘွတ် စာမျက်နှာတွင်   ရေးသားထားသည်။ ဘမ်ရွန်ဂရက်သည် ပြည်တွင်းတွင် လုပ်ငန်းတိုးချဲ့ရန် ၂၀၁၅မှ ၂၀၁၈အတွင်း ဘတ် ၁၁ဒသမ၄ထရီလီယံ(အမေရိကန်ဒေါ်လာ သန်း ၃၂၀) သုံးစွဲရန် ရည်ရွယ်ထားပြီး မွန်ဂိုလီးယားရှိ UB Songdo ယူနစ်ကို ဒေသတွင်းဆေးရုံကြီးတစ်ခုအဖြစ်ဖွံ့ဖြိုးလာရန်လည်း ရည်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly