မာလီမှာ ဆောက်လုပ်ဆဲ သုံးထပ်တိုက်ပြိုကျမှုဖြစ်ရာ လူဒါဇင်ကျော် သေဆုံး

By AFP
03 September 2019
မာလီမှာ ဆောက်လုပ်ဆဲ သုံးထပ်တိုက်ပြိုကျမှုဖြစ်ရာ လူဒါဇင်ကျော် သေဆုံး

ဘာမာကို၊ စက်တင်ဘာ ၃ ။          ။ မာလီနိုင်ငံရဲ့ မြို့တော် ဘာမာကိုမှာ ဆောက်လုပ်ဆဲ သုံးထပ်တိုက် ပြိုကျမှုဖြစ်ရာမှာ လူ ၁၅ ဦး သေဆုံးကြောင်း အစိုးရနဲ့ ဌာနေမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

တနင်္ဂနွေနေ့ အာရုံမတက်ခင်မှာ ပြိုကျမှုဖြစ်ပြီး လူပေါင်း ၂၆ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

“အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို ကျေးဇူးတင်ပါတယ်။ အပျက်အစီးပုံတွေအောက်ကနေ မိန်းကလေးငယ်တစ်ဦး ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရတယ်။ အမျိုးသမီးတစ်ဦးဆိုရင်  ကယ်ဆယ်ရေးသမားတွေက သူ့ကို ဆွဲထုတ်နေချိန်မှာ ပျော်သွားတဲ့ပုံပဲ။”လို့ အရ်သားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီ သုံးထပ်တိုက် ပိုင်ရှင်ကို စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေကြောင်း ဝန်ကြီးဌာနက နောက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

သုံးထပ်တိုက်ရဲ့ အပေါ်ဆုံး ကြမ်းပြင်က စပြိုကျရာကနေ တစ်တိုက်လုံး ပြိုကျတာဖြစ်ပြီး စက္ကူအိမ်တစ်လုံးလို လုံးလုံး ပြိုကျသွားခဲ့တာဖြစ်တယ်လို့ ဌာနေ မီဒီယာတွေက ဖော်ပြပါတယ်။

မာလီနိုင်ငံမှာ ခွင့်ပြုချက် မရှိဘဲ တိုက်တာအဆောက်အအုံတွေ တည်ဆောက်မှုတွေ ရှိနေပြီး ခုလို ပြိုကျမှုတွေလည်း ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required