ဟာရီကိန်း ဒိုရီယန် ဘဟားမားစ်ကို ဝင်ရောက် တိုက်ခတ်

By AFP
02 September 2019
ဟာရီကိန်း ဒိုရီယန် ဘဟားမားစ်ကို ဝင်ရောက် တိုက်ခတ်

စက်တင်ဘာ ၂ ။            ။ အားပြင်း ဟာရီကိန်း မုန်တိုင်း ဒိုရီယန်ဟာ စက်တင်ဘာ ၁ ရက်က အမေရိကန်ပြည်ထောင်စု တောင်ဘက် ဘဟားမားစ်ကျွန်းမြောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် မိုးသည်းကြီးမည်းကြီး ရွာခြင်း၊ မကြုံစဖူး လေပြင်းများ ကျရောက်မှုတို့ ဖြစ်ပေါ်စေခဲ့ပါတယ်။

ပြင်းအား အဆင့် ၅ ရှိ ဒိုရီယန် မုန်တိုင်းဟာ လေတိုက်နှုန်း တစ်နာရီ မိုင် ၁၈၀ အထိ ရှိနေပါတယ်။

ဘဟားမားစ် ကျွန်းကို ဒိုရီယန် ဝင်ရောက်ပြီးနောက် ပျက်စီးဆုံးရှုံးမှုတွေ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ပေမယ့် လူသေဆုံးမှုတွေ မရှိဘူးလို့ သိရပါတယ်။

အဆိုပါ ဟာရီကိန်း မုန်တိုင်းဟာ လက်ရှိမှာ အနောက်အရပ်ကို ဦးတည် ရွေ့လျားနေပြီး အမေရိကန် ပင်လယ်ကမ်းခြေပိုင်း အရှေ့ဘက် ဧရိယာတွေကို ဝင်ရောက်တိုက်ခတ်ဖွယ် ရှိနေပါတယ်။

ဖလော်ရီဒါ၊ ဂျော်ဂျီယာ၊ တောင်ကယ်ရိုလိုင်းနား၊ မြောက် ကယ်ရိုလိုင်းနား ပြည်နယ်တွေအားလုံးမှာလည်း မုန်တိုင်း အန္တရာယ် အရေးပေါ် ကြေညာချက်တွေထုတ်ပြန်ထားရပါတယ်။

ယင်း ဒိုရီယန် ဟာရီကိန်း မုန်တိုင်းကတော့ အတ္တလန္တိတ် ချိုင့်ဝှမ်း ဒေသမှာ ဝင်ရောက်တိုက်ခတ်တဲ့ မုန်တိုင်းတွေထဲမှာ ဒုတိယမြောက် အင်အားအပြင်းဆုံး ဟာရီကိန်း မုန်တိုင်း ဖြစ်လာမယ်လို့ ခန့်မှန်းနေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly