ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် လူငယ်များ အခွင့်အလမ်း ဆုံးရှုံးနေ

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် လူငယ်များ အခွင့်အလမ်း ဆုံးရှုံးနေ
 ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အမျိုးသားဘုန်းကျောင်းတွင် လာရောက်ခိုလှုံနေကြသော စစ်ဘေးရှောင် မိသားစုများကို မေလအတွင်းက တွွှေ့မြင်ရစဉ်။ ဓာတ်ပုံ- EPA-EFE/NYUNT WIN

ရန်ကုန်၊ စက်တင်ဘာ ၁ ရက် ။         ။ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် လူငယ်များ ပညာရေးအခွင့်အလမ်းနှင့်  အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးနေရ သည်ဟု ရခိုင်အမျိုးသားပါတီမှ လူငယ်ခေါင်းဆောင်တစ်ဦးက ပြောဆိုလိုက်သည်။

စက်တင်ဘာ ၁ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဆောင်ကျင်းပသည့် ရခိုင်လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

'တိုက်ပွဲတွေကြောင့် လူငယ်တွေအနေနဲ့ နစ်နာဆုံးရှုံးမှုတွေ ရှိနေတာတော့ အများကြီးပဲ။ တိုက်ပွဲဖြစ်နေတဲ့ ဒေသတစ် လျှောက်မှာ ကိုယ့်နေရပ်ဒေသကို စွန့်ခွာပြီး တစ်ခြားနေရာမှာ တိမ်းရှောင်နေရတာမျိုးတွေ ရှိတယ်။ အဲလိုတိမ်းရှောင်နေရ ရင် ကျောင်းသားလူငယ်တစ်ချို့ ပညာသင်ခွင့်မရဘူး၊ ကျောင်းနေခွင့်မရဘူး။ အလုပ်လုပ်ကိုင်နေတဲ့ လူငယ်တွေလည်း အဲ့လိုပဲ သူတို့လုပ်ကိုင်နေတဲ့ စီးပွားတွေ အိမ်တွေကို ပစ်ပြီးတော့ တိမ်းရှောင်နေရတာ ရှိတယ်'' ဟု ရခိုင်အမျိုးသားပါတီမှ လူငယ်ခေါင်းဆောင် ကိုဆန်းဌေးမောင်က ပြောသည်။


အဆိုပါအလုပ်ရုံဆွေးနွေးပွဲသည် ရခိုင်ပြည်နယ်တွင်းရှိ  ရခိုင်လူငယ်များအတွက် စွမ်ရည်မြင့်မားတိုးတက်ရန် ရည်ရွယ် သည်ဟု ဆိုသည်။

'' အသက် ၁၆ နှစ်ကနေ ၂၅ နှစ်အထိ ရခိုင်ပြည်နယ်က လူငယ်တွေကို ဖိတ်ခေါ်ပြီး စွမ်းရည်မြင့်မားတိုးတက်စေဖို့ ဘယ်လို လုပ်မလဲ၊ အဆိုးမြင်ဝါဒတွေ ဖျောက်ပြီးတော့ အကောင်းမြင်ဝါဒ ဖြစ်ဖို့ ဖွ႔ံဖြိုးတက်လာအောင် ဒီအလုပ်ရုံဆွေးနွေးပွဲလုပ်တာ ပါ။ လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ပိုင်းဆိုင်ရာ ဖွံ႔ဖြိုးတိုးတက်ရေး၊ ရုပ်ပိုင်းဆိုင်ရာ ဖွ့ံဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့တယ်။ ကိုယ့်ကိုယ်ကို စွမ်းရည်မြင့်တင်ပြီးရင် အလုပ်အကိုင် စီးပွားရေးကို ဘယ်လိုလိုက်ရှာမလဲ၊ ရင်းနှီးမြုပ်နှံမှု ဘယ်လိုရှာမလဲ၊ အလုပ်အကိုင်၊ အခွင့်အလမ်းရအောင် ဘယ်လို လုပ်မလဲ၊ ကိုယ်ပိုင်လုပ်ငန်း ထူထောင်ရင် ဘယ်လိုစမလဲ စတဲ့ နည်းလမ်းတွေအကြောင်း ပြောပြပေးသွားမယ်။ ပြီးတော့ ရခိုင်လူငယ်တော်တော်များများက ရခိုင်မှာ အခုဆိုတိုက်ပွဲ တွေဖြစ်၊ စီးပွားရေးတွေ ရပ်၊ လမ်းပမ်းဆက်သွယ်ရေးတွေ ပြတ်တောက်မှုတွေ ဖြစ်နေတဲ့အချိန်မှာ ရခိုင်လူငယ်တွေ ဖွ့ံဖြိုး တိုးတက်ဖို့ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ စွမး်ရည်မြင့်တင်ရေး လုပ်ဆောင်ပေးတာ ဖြစ်တယ်'' ဟု ရန်ကုန်တိုင်းဒေသ ကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဦးဇော်အေးမောင်က ပြောသည်။

ရခိုင်လူငယ်များအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့် နယ်ပယ်အသီးသီးများတွင် ဖွံ့ဖြိုးတိုးတက် လာရန်၊ အမြင်ကျယ်ပြန့်လာရန်အတွက် ရခိုင်ပြည်နယ်တွင် အလုပ်ရုံဆွေးနွေးမှုများ ပြုလုပ်ပေးရန် မျှော်လင့်သည်ဟု ဆိုသည်။

''အခုဆိုရင် အလုပ်ရုံဆွေးနွေးပွဲတွေက ရန်ကုန်တိုင်းဘက်၊ မြန်မာပြည်ဘက်မှာ လုပ်တာများတယ်။ ရခိုင်ပြည်နယ်ဘက်မှာ ဆိုရင် မလုပ်သလောက်ပဲ။ ဒီလို စွမ်းရည်မြင့်တင်သင်တန်း၊ အမြင်ဖွင့်သင်တန်းတွေ ရခိုင်ဘက်မှာ သိပ်မရှိသလောက်ပဲ။ ဒိဘက်မှာ လုပ်ရင် ရခိုင်မှာနေတဲ့ လူငယ်တွေ လမ်းပန်းအဆင်မပြေတာတွေ ရှိတယ်၊ တခြားသော အဆင်မပြေမှုတွေ ရှိ တယ်။ ရခိုင်ပြည်ဘက်မှာ ပိုပြီးတော့ လုပ်ပေးမယ်ဆိုရင် ပိုပြီးအကျိုးရှိမယ်၊ ရခိုင်လူငယ်၊ လူထုကြားထဲမှာလည်း ပိုပြီးသက် ရောက်မယ်လို့ ယူဆတယ်'' ဟု ရခိုင်အမျိုးသားပါတီမှ လူငယ်ခေါင်းဆောင် ကိုဆန်းဌေးမောင်က ပြောသည်။  

ဒီအလုပ်ရုံဆွေးနွေးပွဲကို ရခိုင်ပြည်နယ်မှ ရခိုင်လူငယ် ၄၀ ဦး ၊ရန်ကုန်တိုင်းမှ ရခိုင်လူငယ် ၃၀ ဦးနှင့် ကျောင်းသားသမဂ္ဂမှ ရခိုင်လူငယ် ၁၀ ဦး တက်ရောက်ခဲ့သည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် AA နှင့် တပ်မတော်အကြား တိုက်ပွဲများ ပြင်းထန်နေပြီး ရှစ်လတာကာလအတွင်း စစ်ရှောင်နေရသူ ခုနစ်သောင်းခန့်အထိ ရှိနေပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly