ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားခြင်း နှစ် (၈၀) ပြည့် နှစ်ပတ်လည်နေ့မှာ ဂျာမနီက ပိုလန်ကို တောင်းပန်

ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားခြင်း နှစ် (၈၀) ပြည့် နှစ်ပတ်လည်နေ့မှာ ဂျာမနီက ပိုလန်ကို တောင်းပန်

စက်တင်ဘာ ၁ ။           ။ ယနေ့ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁ ရက်ဟာဆိုရင် ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားမှုရဲ့ နှစ် ၈၀ ပြည့်မြောက်တဲ့ နေ့ဖြစ်ပါတယ်။

အဲဒီလို ဒုတိယကမ္ဘာစစ် ဖြစ်ပွားခြင်း နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကိုလည်း ပိုလန်နိုင်ငံမှာ ယနေ့ စက်တင်ဘာ ၁ ရက်မှာ ကျင်းပခဲ့ပါတယ်။

ယင်း နှစ်ပတ်လည်နေ့ အခမ်းအနားကိုတော့ ဂျာမနီ သမ္မတ ဖရန့် ဝေါ်တာ စတိန်မီယာ  နဲ့ ပိုလန် သမ္မတ အန်ဒရေ ဒူဒါတို့ တက်ရောက်ခဲ့ကြပါတယ်။

ယင်းအခမ်းအနားမှာပဲ ဒုတိယကမ္ဘာစစ်အတွင်းက ဖြစ်ပျက်ခဲ့သမျှအတွက် ခွင့်လွှတ်ပေးဖို့အတွက် ဂျာမနီ သမ္မတက ပိုလန် သမ္မတအား တောင်းပန်သွားခဲ့ပါတယ်။

ကမ္ဘာ့ သမိုင်းမှာ ကြောက်မက်ဘွယ် အကောင်းဆုံး စစ်ပွဲကြီးအတွင်း နာဇီ ဂျာမနီ တို့ကြောင့် ပိုလန် နိုင်ငံကို ထိခိုက်ပျက်စီးစေခဲ့မှုများ၊ ဆုံးရှုံးရမှုများအတွက် ခွင့်လွှတ်ပေးဖို့ ဂျာမနီ သမ္မတက တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။

၁၉၃၉ ခုနှစ် စက်တင်ဘာ ၁ ရက်မှာ ဂျာမနီတို့ရဲ့ ပထမဆုံး ဗုံးကြဲတိုက်ခိုက်မှုကို ခံခဲ့ရတဲ့ ပိုလန်နိုင်ငံ Wielum မြို့မှာ အဆိုပါ ဒုတိယကမ္ဘာစစ် စတင်မှု နှစ်ပတ်လည်နေ့အခမ်းအနားတွေကို ယနေ့ စက်တင်ဘာ ၁ ရက််မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

“ဂျာမနီ ရဲ့ ကြီးစိုးဖိနှိပ်မှုအောက်မှာ သားကောင်အဖြစ် ကျရောက်ခဲ့တဲ့ ပိုလန် ပြည်သူတွေရှေ့မှာ ကျွန်တော် ဦးညွတ်တောင်းပန်ပါတယ်” လို့ ဂျာမနီ သမ္မတက ဂျာမန်လိုရော ပိုလန်လိုရောနဲ့ပါ ပြောသွားခဲ့ပါတယ်။

၁၉၃၉ ခုနှစ် စက်တင်ဘာ ၁ ရက်မှာ ဂျာမန်တို့ ပိုလန်ကို ရုတ်တရက် ဝင်တိုက်ခဲ့ရာကနေ စခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကြီးကတော့ ၁၉၄၅ စက်တင်ဘာ ၂ ရက်ကျမှ ပြီးဆုံးသွားခဲ့တာ ဖြစ်ပြီး ခြောက်နှစ် နဲ့ တစ်ရက် ကြာမြင့်ခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required