တက္ကဆက်ပြည်နယ် သေနတ်ပစ်ခတ်မှု လူ ၅ ဦးထက်မနည်း သေဆုံး

By AFP
01 September 2019
တက္ကဆက်ပြည်နယ် သေနတ်ပစ်ခတ်မှု လူ ၅ ဦးထက်မနည်း သေဆုံး

စက်တင်ဘာ ၁ ။          ။ အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ သြဂုတ်လ ၃၁ ရက်က သေနတ်ပစ်ခတ်မှု တစ်ခုကြောင့် လူငါးဦးထက် မနည်း သေဆုံးပြီး အခြား ၂၁ ဦး ဒဏ်ရာတွေ အသီးသီး ရရှိသွားပါတယ်။

ဒါဟာ ယင်းပြည်နယ်မှာ တစ်လအတွင်း ဒုတိယမြောက် ဖြစ်လာတဲ့ ပစ်ခတ်မှုလည်း ဖြစ်ပါတယ်။

သေနတ်သမားဟာ မစ်လန်း နဲ့ အိုဒက်ဆာ မြို့တွေအကြားမှာ ၎င်းစီးလာတဲ့ ကားကို ရပ်ခိုင်းခဲ့တဲ့ ရဲတစ်ဦးကို ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ယင်းနောက် ၎င်းဟာ လမ်းပေါ်က မော်တော်ဆိုင်ကယ်သမားတွေနဲ့ လမ်းသွားလမ်းလာတွေကို ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ယင်းနောက် ကားကို စွန့်ခွာပြီး အခြား ထရပ်ကားတစ်စီးကို ခိုးကာ ထွက်ပြေးသွားပါတယ်။

ယင်းနောက်မှာတော့ ၎င်းသေနတ်သမားကို ရုပ်ရှင်ရုံ တစ်ခု ရှေ့မှာ ရဲတွေက ပစ်သတ်သုတ်သင်လိုက်ပါတယ်။ လက်ရှိအချိန်ထိတော့ ယင်းဖြစ်စဉ်မှာ သေနတ်သမားအပါအဝင် လူငါးဦး သေဆုံးသွားပါတယ်။

သေဆုံးသွားတဲ့ သေနတ်သမားကတော့ အသက် ၃၀ အရွယ် လူဖြူတစ်ယောက်ဖြစ်တယ်လ်ို့ သိရပါတယ်။

သူ ခုလိုဘာကြောင့် ပစ်ခတ်ရတာလဲ ဆိုတာနဲ့ပတ်သက်လို့ကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပြီးခဲ့တဲ့ လေးပတ်လောက်ကလည်း တက္ကဆက်ပြည်နယ် အယ်လ် ပါဆိုမြို့မှာ သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူ ၂၂ ဦး သေဆုံးတဲ့ဖြစ်စဉ်တစ်ခုလည်း ဖြစ်ထားခဲ့ပါသေးတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required