အချုပ်ခန်းထဲ တစ်ယောက်တည်း မီးဖွားခဲ့ရတာကြောင့်် အာဏာပိုင်တွေကို ပြန်တရားစွဲ

အချုပ်ခန်းထဲ တစ်ယောက်တည်း မီးဖွားခဲ့ရတာကြောင့်် အာဏာပိုင်တွေကို ပြန်တရားစွဲ

နယူးယောက်၊ သြဂုတ် ၃၁ ။         ။ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့က အကျဉ်းသူတစ်ဦးက သူဟာ အချုပ်ခန်းထဲ ဆေးဝါးအကူအညီမရဘဲ တစ်ယောက်တည်း မီးဖွားခဲ့ရတာအတွက် မြို့အာဏာပိုင်တွေနဲ့ စီရင််စုရုံးတို့ကို တရားစွဲလာပါတယ်။

ပြီးခဲ့တဲ့နှစ်က စီရင်စုရုံးက အချုပ်ခန်းမှာ အိမ်သာနဲ့ ပေအနည်းငယ်သာ ဝေးတဲ့ အေးစက်စက် သံခုံတန်းရှည်ပေါ်မှာ သူဟာ တစ်ယောက်တည်း ကလေးမွေးခဲ့ရတာဖြစ်တယ်လို့ ဒိုင်ယာနာဆန်ချက်ဇ်ဆိုတဲ့ အမျိုးသမီးက တရားစွဲဆိုလာတတာ ဖြစ်ပါတယ်။

သူ ရေမြွာပေါက်တာကို အကျဉ်းဝန်ထမ်းတွေက နာရီအတော်ကြာကတည်းက သိရှိကြပေမယ့် မသိကျိုးကျွန်ပြုခဲ့ကြတယ်လို့ ဒိုင်ယာနာက ဆိုပါတယ်။

ဒန်ဗာစီရင်စုရုံးကတော့ ဖြစ်စဉ်ကို  ပြန်လည်သုံးသပ်ထားပြီးဖြစ်ပြီး ဝန်ထမ်းတွေဟာ သင့်တော်သလို ဆောင်ရွက်လုပ်ကိုင်ပေးခဲ့တာကို တွေ့ရှိပါတယ်လို့ ဘီဘီစီသတင်းဌာနကို ပြောပါတယ်။

ဒိုင်ယာနာကတော့ မြို့အာဏာပိုင်အဖွဲ့၊ ကျန်းမာရေးစင်တာနဲ့ လူပုဂ္ဂိုလ်ခြောက်ဦးကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တရားစွဲဆိုတာဖြစ်ပြီး အလုပ်တာဝန်အပေါ် ကျင့််ဝတ်စောင့်ထိန်းမှု မရှိဘူးလို့ စွဲဆိုထားတာ ဖြစ်ပါတယ်။

KDVR သတင်းဌာနရဲ့ ဖော်ပြချက်မှာ ဒိုင်ယာနာဟာ အသက် ၂၆ နှစ်အရွယ် ၂၀၁၈ ဇူလိုင် ၁၄ ရက်က ခိုးမှုနဲ့ အကျဉ်းကျခံရတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required