အာသံပြည်နယ်မှာ လူသန်းနဲ့ချီပြီး နိုင်ငံမဲ့ ဖြစ်စေမယ့် နိုင်ငံသားစာရင်း ထုတ်ပြန်ရန် ရှိချိန် လုံခြုံရေးတင်းကြပ်ထား

အာသံပြည်နယ်မှာ လူသန်းနဲ့ချီပြီး နိုင်ငံမဲ့ ဖြစ်စေမယ့် နိုင်ငံသားစာရင်း ထုတ်ပြန်ရန် ရှိချိန် လုံခြုံရေးတင်းကြပ်ထား

နယူးဒေလီ၊ သြဂုတ် ၃၀ ။             ။ အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ မွတ်စလင်အများစုအပေါ် သက်ရောက်မယ့် လူသန်းပေါင်းများစွာ နိုင်ငံမဲ့ ဖြစ်သွားစေနိုင်တဲ့ နိ်ုင်ငံသားစာရင်းကို အစိုးရက လာမယ့် စနေနေ့မှာ ထုတ်ပြန်ဖို့ ရှိတဲ့အတွက် လုံခြုံရေးအထူးတင်းကြပ်ထားပါတယ်။

အဲဒီ ထုတ်ပြန်တဲ့ စာရင်းမှာ ပါဝင်သူတွေဟာ နိုင်ငံသားအဖြစ် ဆုံးရှုံးရမှာ ဖြစ်ပြီး စုရပ်စခန်းတွေဆီ အပို့ခံရမှာ ဒါမှမဟုတ်လည်း ပြည်နှင်ဒဏ် ပေးခံရမှာကြောင့် ကုလသမဂ္ဂလူ့အခွင့်အရေးပညာရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို အထိတ်တလန့် ဖြစ်စေပါတယ်။

ဘာသာရေးပဋိပက္ခတွေနဲ့ လူမျိုးစုတင်းမာမှုတွေ ဆယ်စုနှစ်များစွာ ဖြစ်ပွားနေတဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်း အာသံပြည်နယ်က အာဏာပိုင်တွေဟာ လုံခြုံရေး နောက်တိုးအင်အား ၁၇၀၀၀ အင်အားထပ်ဖြည့်ထားပြီး ဧရိယာအချို့မှာ ကင်းစောင့်ခိုင်းထားသလို လူမှုမီဒီယာတွေမှာလည်း ဆိုင်ဘာယူနစ်တွေဖွဲ့ပြီး စောင့်ကြည့်မှုတွေ လုပ်ဆောင်နေပါတယ်။

လူဦးရေ ၃၃ သန်းရှိတဲ့ သီးခြား အာသံပြည်နယ်ဟာ ကိုလိုနီခေတ်နဲ့ အိမ်နီးချင်း ဘင်္ဂဒေ့ရှ်နိုင်ငံရဲ့ ၁၉၇၁ ခုနှစ် လွတ်လပ်ရေးစစ်ပွဲ ကာလတွေအပါအဝင်မှာ ပြည်ပကနေ ထုနဲ့ထည်နဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေ ဝင်ရောက်နေရာ ပြည်နယ်ပဲ ဖြစ်ပါတယ်။

ကာလကြာလာတာနဲ့အမျှ ကိုယ်ကိုကို အာသံနယ်သားလို ထင်မှတ်လာတဲ့ ရွှေ့ပြောင်းသူမျိုးဆက်တွေအရေး ဖြေရှင်းရေးဟာ ဆယ်စုနှစ်နဲ့ချီ အမြစ်တွယ် ကြီးထွားလာခဲ့တာပဲ ဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ်က လူ ၂၀၀၀ ကျော် သေဆုံးတဲ့ လူအစုလိုက် သတ်ဖြတ်ခြင်းအပါအဝင် ကြိုကြားကြိုကြား အကြမ်းဖက်အုံကြွမှုတွေလည်း အာသံပြည်နယ်မှာ ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly