အာကာသစစ်ပွဲ ကွပ်ကဲမှုဆိုင်ရာ ပင်တဂွန်ဌာနချုပ်သစ် ဒေါ်နယ်ထရမ့် ဖွင့်လှစ်

အာကာသစစ်ပွဲ ကွပ်ကဲမှုဆိုင်ရာ ပင်တဂွန်ဌာနချုပ်သစ် ဒေါ်နယ်ထရမ့် ဖွင့်လှစ်

သြဂုတ် ၃၀ ။        ။ အာကာသ စစ်ပွဲတွေကို အာရုံစိုက်ကွပ်ကဲသွားမယ့် ပင်တဂွန်ဌာနချုပ်သစ်တစ်ခုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သြဂုတ် ၂၉ ရက်မှာ ဖွင့်လှစ်ပေးလိုက်ပါတယ်။

ဒါဟာ အမေရိကန်စစ်တပ်ရဲ့ နောက်ဆုံးပေါ် စစ်မျက်နှာသစ်မှာ ၀ါရှင်တန်ရဲ့ တစ်ပန်းသာမှုအပေါ် တရုတ်နဲ့ ရုရှားတို့က ပိုမို ဖိအားပေးတိုက်စားလာနေတယ်လို့ အမေရိကန် စစ်ဗိုလ်ချုပ်ကြီးတွေက ရှုမြင်နေချိန်မှာပဲ ယခုလို ပင်တဂွန် ဌာနချုပ်သစ်ကို ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။

ယခု ဌာနချုပ်သစ်ကတော့ ဆက်သွယ်ရေးနဲ့ စောင့်ကြည့်ရေးအတွက် အသုံးပြုတဲ့ ရာချီတဲ့ ဂြိုဟ်တုတွေလိုမျိုး အာကာသထဲက အမေရိကန်တို့ရဲ့ အကျိုးစီးပွားတွေအပေါ် ခုခံကာကွယ်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

“ အာကာသထဲမှာ အမေရိကန်ရဲ့ လွှမ်းမိုးမှုကို ဘယ်တော့မှ ခြိမ်းခြောက်မခံရအောင် ဒီ ဌာနချုပ်က အာမခံသွားမှာ ဖြစ်ပါတယ်” လို့ ထရမ့်က ပြောသွားပါတယ်။

ယခု ပင်တဂွန် ဌာနချုပ်သစ်ကိုတော့ အမေရိကန် လေတပ် ဗိုလ်ချုပ်ကြီး ဂျွန် ရေမွန်က ဦးစီးသွားမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required