မော်ရိုကိုမှာ မြစ်ကမ်းပါးပြိုပြီး ဘောလုံးကွင်း ရေကြီးနစ်မြုပ်ရာမှာ လူ ခုနစ်ဦး သေဆုံး

မော်ရိုကိုမှာ မြစ်ကမ်းပါးပြိုပြီး ဘောလုံးကွင်း ရေကြီးနစ်မြုပ်ရာမှာ လူ ခုနစ်ဦး သေဆုံး

ရာဘတ်၊ သြဂုတ် ၃၀ ။          ။ မော်ရိုကိုနိုင်ငံတောင်ပိုင်း ရွာတစ်ရွာက ဘောလုံးကွင်းမှာ ဘောလုံးဆော့ကစားနေကြချိန် မြစ်ကမ်းပါးပြိုပြီး ရေကြီးရေလွှမ်းမှုဖြစ်တာကြောင့် သေဆုံးသူ ခုနစ်ဦး ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တာရုဒန့်ဒေသ တီဇက်ကျေးရွာမှာ ဘောလုံးကန်ဆော့ကစားနေချိန် ခုလို မြစ်ကမ်းပါးပြို ရေကြီးတာဖြစ်ပြီး သေဆုံးသူတွေဟာ ၁၇ အရွယ် ယောက်ကျားလေးတစ်ဦးနဲ့ အရွယ်ရောက် အမျိုးသားခြောက်ဦး ဖြစ်ပါတယ်။

ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ရာမှာ ဒဏ်ရာရသူတစ်ဦးကို တွေ့ရှိကယ်တင်နိုင်ပြီး ပျောက်ဆုံးသူတစ်ဦး ရှိတာကြောင့် ဆက်လက်ရှာဖွေနေတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

အပျော်တမ်းဘောလုံးကန်ကြတဲ့ အဲဒီ ဘောလုံးကွင်းဟာ ရေကြီးနစ်မြုပ်သွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ကျွန်တော်တို့ တော်တော်လေး ကြောက်လန့်သွားတယ််။ ကျွန်တော် အသက် ၆၄ နှစ်ရှိပြီ။ အဲဒီလို ရေတွေ ထုနဲ့ထည်နဲ့ လှိမ့်ဝင်လာတာမျိုး တစ်ခါမှ မမြင်ဖူးခဲ့ဘူး။”လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။

မြစ်ကမ်းပါး ပြိုတာနဲ့အတူ ရွံ့ရေတွေ အလုံးလိုက်စီးဝင်ပြီး အဆောက်အအုံတစ်လုံးရဲ့ ခေါင်မိုးပေါ် တွက်တပ်နေကြတဲ့ လူတွေကို ဆွဲချသွားပုံကို လူမှုမီဒီယာပေါ် တင်လာတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေမှာလည်း မြင်တွေ့ရပါတယ်။

မော်ရိုကိုနိုင်ငံမှာ ရေကြီးရေလွှမ်းမှုတွေ ဖြစ်ပွားလေ့ရှိရာမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက နိုင်ငံတောင်ပိုင်းမှာ ရေကြီးရေလွှမ်းမှုကြောင့် မြေပြိုမှုဖြစ်ရာမှာ လူ ၁၅ ဦး သေဆုံးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required