အင်ဒိုနီးရှား၊ ပါပူဝါပြည်နယ်မှာ ဆန္ဒပြသူတွေက အစိုးရရုံးတွေကို မီးရှို့

အင်ဒိုနီးရှား၊ ပါပူဝါပြည်နယ်မှာ ဆန္ဒပြသူတွေက အစိုးရရုံးတွေကို မီးရှို့

ဂျကာတာ၊ သြဂုတ် ၃၀ ။           ။ အင်ဒိုနီးရှားကျွန်းစုရဲ့ အရှေ့ဖျားပြည်နယ် ပါပူဝါပြည်နယ်မှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ််ပွားနေတာဟာ သီတင်းနှစ်ပတ်နီးပါး ကြာမြင့်ပြီး သြဂုတ် ၂၉ ရက်မှာတော့ မြို့တော် ဂျာယာပူရာမှာ စိတ်ဆိုးဒေါသထွက်နေကြတဲ့ ဆန္ဒပြသူတွေက အစိုးရရုံးတွေကို မီးတင်ရှို့ကြပါတယ်။

ပြည်နယ်ရဲ့ အခြားနေရာမှာ ရဲနဲ့ ဆန္ဒပြသူတွေကြား အသေအပျောက်ရှိတဲ့ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားအပြီး ပြည်နယ်မြို့တော် ဂျာယာပူရာအနှံ့အပြားမှာ လူ ၁၀၀၀ ကျော်ထက်မနည်းက စုရုံးဆန္ဒပြပြီး ကျောက်ခဲတွေနဲ့ ပစ်ပေါက်တာ၊ စျေးဆိုင်ခန်းတွေကို မီးရှို့တာတွေ ကျူးလွန်ကြပါတယ်။

ဆန္ဒပြသူတွေဟာ တားမြစ်ထားတဲ့ အလံကို ကိုင်ဆောင်ချီတက်ကြပြီး အင်ဒိုနီးရှား အုပ်ချုပ်ရေးမှ လွတ်လပ်ရေးရရေး တောင်းဆိုကြသလို လူနည်းစုအု်စုတွေအပေါ် ခွဲခြားဆက်ဆံမှုတွေရပ်တန့်ဖို့ ကန့််ကကွက်ဆန္ဒပြကြပါတယ်။

ပါပူဝါပြည်နယ််က ဒေသခံတွေဟာ မယ််လန်နီရှားတိုင်းရင်းသားမျိုးနွယ်စုတွေဖြစ်ကြပြီး အင်ဒိုနီးရှား ကျန်ဒေသတွေနဲ့ ယဉ်ကျေးမှုဆက်ဆံရေး အနည်းအကျဉ်းသာ ရှိပါတယ်။

ဆူပူအကြမ်ဖက်မှုတွေကြောင့် လျှပ်စစ်မီးတွေ ပြတ်တောက်နေရာမှာ လူပေါင်း သုံးသိန်းနီးပါး လျှပ်စစ်မီး မရရှိဘဲ ဖြစ်နေတယ်လို့ နိုင်ငံပိုင် PLN ကုမ္ပဏီက ပြောပါတတယ်။

အင်ဒိုနီးရှားနိုင်ငံတော်အလံကို မလေးမစားလုပ်တယ်ဆိုပြီး ပါပူဝါကျောင်းသားတွေကို သြဂုတ်လ ၁၇ ရက်က ဖမ်းဆီးခဲ့ရာကနေ ဆန္ဒပြပွဲတွေ ဖြစ်ပွားပေါ်ပေါက်ခဲ့ပြီး လွတ်လပ်ရေးခွဲထွက််တောင်းဆိုတဲ့အထိ ကျယ်ပြန့်လာခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required