ဟောင်ကောင် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ဂျိုရှာဝေါင် ဖမ်းဆီးခံရပြန်

ဟောင်ကောင် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ဂျိုရှာဝေါင် ဖမ်းဆီးခံရပြန်

သြဂုတ် ၃၀ ။          ။ ဟောင်ကောင်ရဲ့ အထင်ပေါ်ဆုံးသော ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူ ဂျိုရှာဝေါင် ဖမ်းဆီးခံလိုက်ရကြောင်း ၎င်း ပူးတွဲတည်ထောင်ထားတဲ့ နိုင်ငံရေးပါတီက ထုတ်ပြန်ပါတယ်။

၎င်းဟာ သြဂုတ် ၃၀ ရက် ဒေသစံတော်ချိန် ၇ နာရီ ခွဲခန့်က ရထားဘူတာရုံတစ်ခုဆီ လမ်းလျှောက်သွားခဲ့စဉ် လမ်းမှာ မီနီဗင်ကား တစ်စီးပေါ် အတင်းအကျပ် တွန်းထိုးတင်ခေါ်သွားခဲ့ရတာဖြစ်ကြောင်း Demosisto ပါတီက ပြောပါတယ်။

ယင်းနောက် ၎င်းကို ဝမ်ချိုင်ရှိ ရဲစခန်းတစ်ခုဆီ ခေါ်သွားကြောင်း ယင်းပါတီက ထုတ်ပြန်ပါတယ်။

ယင်းကိစ္စနဲ့ ပတ်သက်လို့ ဟောင်ကောင် ရဲတပ်ဖွဲ့က မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။

ဒါဟာ အာဏာပိုင်တွေရဲ့ အတည်ပြုချက် မရဘဲ လူထု စုရုံးချီတက်ပွဲကြီးတစ်ခု ပြုလုပ်ဖို့ ဟောင်ကောင်မှာ စီစဉ်ထားလျက် ရှိရာ ယင်းမတိုင်မီ ခုလို လူသိများတဲ့ တက်ကြွလှုပ်ရှားသူ ဂျိုရှာဝေါင် အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။

ဂျိုရှာဝေါင်ကတော့ ပြီးခဲ့တဲ့ ၂၀၁၄ ဟောင်ကောင် ထီးလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့မှုနဲ့ ထောင်ချခံခဲ့ရပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်မှ ထောင်ကနေ ပြန်လွတ်ထားခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ဟောင်ကောင်မှာတော့ ပြီးခဲ့တဲ့ ဇွန်လနောက်ပိုင်း ဖြစ်နေတဲ့ ဆန္ဒုပြပွဲတွေနဲ့ ဆက်နွယ်ပြီး လူပေါင်း ၈၅၀ လောက် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required