ယူရိုခြေစစ်ပွဲစဉ်များအပြီး တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်သည့် အသင်း ၁၉ သင်းထွက်ပေါ်

ယူရိုခြေစစ်ပွဲစဉ်များအပြီး တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်သည့် အသင်း ၁၉ သင်းထွက်ပေါ်

အောက်တိုဘာ ၁၄ ။           ။ ၂၀၁၆ ယူရိုခြေစစ်ပွဲစဉ်များ၏နောက်ဆုံးရက် ပွဲစဉ်များအပြီးတွင် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်သည့် အသင်း ၁၉ သင်းထွက်ပေါ်ခဲ့ပြီ ဖြစ်သည်။

အုပ်စု(A)တွင် ချက်နှင့် အိုက်စလန်၊ အုပ်စု(B)တွင် ဘယ်လ်ဂျီယံနှင့်ဝေးလ်၊ အုပ်စု(C)တွင် စပိန်နှင့် ဆလိုဗက်ကီးယား၊ အုပ်စု(D)တွင် ဂျာမနီနှင့်ပိုလန်၊ အုပ်စု(E)တွင် အင်္ဂလန်နှင့် ဆွစ်ဇာလန်၊ အုပ်စု(F) တွင် မြောက်အိုင်ယာလန်နှင့်ရိုမေးနီးယား၊ အုပ်စု(G)တွင် သြစတြီးယားနှင့်ရုရှ၊ အုပ်စု(H)တွင် အီတလီနှင့်ခရိုအေးရှား၊ အုပ်စု(I) တွင် ပေါ်တူဂီနှင့် အယ်လ်ဘေးနီးယားတို့က တိုက်ရိုက်ခြေစစ်ပွဲအောင်မြင် ခဲ့ကြသည်။

အုပ်စု(A)မှ တူရကီအသင်းမှာလည်း အကောင်းဆုံးအုပ်စုတတိယနေရာရရှိပြီး တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့သည်။ ကျန်အုပ်စုများမှ အုပ်စုတတိယရရှိသည့် ရှစ်သင်းမှာ နောက်ဆုံးအဆင့် Play off ပွဲစဉ်နှစ်ပွဲ ကစားရဦးမည် ဖြစ်သည်။ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဥရောပဘောလုံးအဖွဲ့ချုပ်ရုံးစိုက်ရာ နီယွန်မြို့၌ မဲခွဲမည် ဖြစ်သည်။ Play off ကစားရမည့် အုပ်စုတတိယရှစ်သင်းမှာ ဘော့စနီးယား၊ ယူကရိန်း၊ အိုင်ယာလန်၊ ဆလိုဗေးနီးယား၊ ဟန်ဂေရီ၊ ဆွီဒင်၊ နော်ဝေနှင့် ဒိန်းမတ်တို့ ဖြစ်သည်။

ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ခဲ့သည့် အသင်း ၁၉ သင်းတွင် အိုက်စလန်၊ မြောက်အိုင်ယာလန်၊ ဝေးလ်၊ အယ်လ်ဘေးနီးယားနှင့် ဆလိုဗက်ကီးယားတို့မှာ ပထမဆုံးအကြိမ် ယူရိုပြိုင်ပွဲယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြခြင်း ဖြစ်သည်။

ဥရောပ၏ဘောလုံးအင်အားကြီး ထိပ်သီးနိုင်ငံများအားလုံး ခြေစစ်ပွဲအောင်မြင်ခဲ့ကြသော်လည်း နယ်သာလန်အသင်းမှာ အုပ်စုတွင်း စတုတ္ထနေရာသာ ရရှိပြီး ၁၉၈၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ယူရိုပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရသည်။

ရည်ညွှန်း ဝီကီပီးဒီးယား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly