အောင်မြင်မှုများ ထပ်မံရယူလိုသေးကြောင်း ဥရောပရွှေဖိနပ်ဆုရှင် စီရော်နယ်ဒိုပြော

အောင်မြင်မှုများ ထပ်မံရယူလိုသေးကြောင်း ဥရောပရွှေဖိနပ်ဆုရှင် စီရော်နယ်ဒိုပြော

မက်ဒရစ်၊ အောက်တိုဘာ ၁၄ ။             ။ ဥရောပရွှေဖိနပ်ဆုကို လေးကြိမ်မြောက် စံချိန်တင်ရရှိခဲ့သည့် ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုက လက်ရှိအောင်မြင်မှုများကို ကျေနပ်ခြင်းမရှိသေးဘဲ တစ်ဦးချင်းရော အသင်းဖြင့်ပါ အောင်မြင်မှုများ ထပ်မံရရှိလိုသေးကြောင်း ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ရာသီက စီရော်နယ်ဒိုသည် လာလီဂါပြိုင်ပွဲတွင် ၄၈ ဂိုးအထိသွင်းယူနိုင်ခဲ့သည့်အတွက် ဥရောပရွှေဖိနပ်ဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ ၄၃ ဂိုးနှင့် မန်စီးတီးတိုက်စစ်မှူး အဂူရို ၂၆ ဂိုးတို့ကို ကျော်ဖြတ်ပြီး ဆုရရှိခြင်း ဖြစ်သည်။

စီရော်နယ်ဒိုသည် ၂၀၀၇-၀၈၊ ၂၀၁၀-၁၁၊ ၂၀၁၃-၁၄ နှင့် ၂၀၁၄-၁၅ တို့တွင် ဥရောပရွှေဖိနပ်ဆုကို ရရှိခြင်း ဖြစ်သည်။ စီရော်နယ်ဒို၏နောက်တွင် မက်ဆီမှာ သုံးကြိမ်ဖြင့် ရပ်တည်လျက်ရှိသည်။

'ဒီဆုကို ရရှိဖို့ ကျွန်တော့်ကို အဖက်ဖက်က ကူညီပေးခဲ့ကြသူအားလုံးနဲ့ အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်။ ဒီဆုက ကျွန်တော့်အတွက် အလွန်အရေးကြီးပါတယ်။ တကယ်ကို စိတ်ကျေနပ်စရာကောင်းတဲ့ အခိုက်အတန့်ပါပဲ။

ကျွန်တော် အခုလိုဆုရလို့ ကျေနပ်မှုတော့ မရှိသေးပါဘူး။ ငါးကြိမ်မြောက်၊ ခြောက်ကြိမ်မြောက် ဖြစ်နိုင်သမျှ ဒီထက်ပိုပြီး လိုချင်ပါသေးတယ်။ ဒါက မလွယ်ဘူးဆိုတာတော့ သိပါတယ်။

အသင်းနဲ့အတူ လာလီဂါဖလား၊ ချန်ပီယံလိဂ်ဖလားနဲ့ ကိုပါဒယ်ရေးဖလားတွေကိုလည်း လိုချင်ပါတယ်။ အခြားဆုဖလားတွေကိုလည်း နောက်နှစ်မှာ ရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်' ဟု စီရော်နယ်ဒိုက ဆုရရှိအပြီးတွင် ပြောဆိုခဲ့သည်။

Ref ; ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly