ယခုနှစ် ရွှေဘောလုံးဆုနှင့် မက်ဆီထိုက်တန်ဟု နေမာထောက်ခံ

ယခုနှစ် ရွှေဘောလုံးဆုနှင့် မက်ဆီထိုက်တန်ဟု နေမာထောက်ခံ

ယခုနှစ်ရွှေဘောလုံးဆုဆန်ကာတင်သုံးဦးစာရင်းတွင်ပါဝင်ဖွယ်ရှိနေသည့် နေမာက ယင်းဆုမှာ ဘာစီလိုနာအသင်းဖော် မက်ဆီနှင့်သာထိုက် တန်သည်ဟု ထောက်ခံပြောဆိုလိုက်သည်။

ပြီးခဲ့သည့်ရာသီက ဘာစီလိုနာအသင်းကိုဖလားသုံးလုံးရအောင် ကူညီပေးနိုင်ခဲ့သည့်ယင်းကစားသမားနှစ်ဦးသည် လက်ရှိအကောင်းဆုံးဆု ရှင် စီရော်နယ်ဒိုနှင့်ပြိူင်ဆိုင်ရမည်ဖြစ်သော်လည်း မက်ဆီကပိုမိုရေပန်းစားနေသည်။

"မက်ဆီကရေပန်းအစားဆုံးပါပဲ။ ဒီနှစ်ရွှေဘောလုံးဆုက ကမ္ဘာ့အကောင်းဆုံးကစားသမားလို့အမည်တွင်ထားပြီးသားဖြစ်တဲ့ မက်ဆီနဲ့ပဲထိုက် တန်ပါတယ်။ သူစွမ်းဆောင်ခဲ့တဲ့အရာအားလုံးအတွက် ဒီဆုနဲ့ထိုက်တန်ပါတယ်။ မက်ဆီနဲ့တွဲကစားပြီးတိုးတက်လာဖို့ ကျွန်တော်မျှော်လင့်ပါ တယ်။

သူက ကျွန်တော့်အတွက် အကောင်းဆုံးနဲ့ စံပြကစားသမားပါ။ သူဆီကအများကြီးသင်ယူလေ့လာပြီးရင်တော့ တစ်နေ့နေ့မှာ ကျွန်တော်ဒီဆုကိုရနိုင်ပါတယ်။

ဆန်ကာတင်နောက်ဆုံးသုံးယေက်စာရင်းထဲကိုလည်း ပါချင်ပါတယ်။ အဲဒါက ကျွန်တော့်အတွက် တော်တော်လေးကောင်းမှာဖြစ်လို့ပါ"ဟု နေမာက ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly