ဆူဒန် ရေကြီးမှု လူ ၆၀ ကျော် သေဆုံး

ဆူဒန် ရေကြီးမှု လူ ၆၀ ကျော် သေဆုံး

သြဂုတ် ၂၆ ။          ။ ဆူဒန်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရုတ်တရက် ရေလွှမ်းမိုးမှုတွေ ဖြစ်လို့ လူပေါင်း ၆၂ ဦး ထက်မနည်း သေဆုံးသွားကြောင်း တရားဝင် သတင်းအေဂျင်စီ SUNA က သြဂုတ် ၂၅ ရက်မှာ ဖော်ပြပါတယ်။

အဆိုပါ ရေကြီးမှု သဘာဝ ဘေးဖြစ်စဉ်အတွင်း အခြား လူပေါင်း ၉၈ ဦး နီးပါးလည်း ထိခိုက်ဒဏ်ရာတွေ ရသွားတယ်လို့ သိရပါတယ်။

ယင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ပိုင်းကတည်းက မိုးရွာသွန်းမှု များပြားနေခဲ့တာ ဖြစ်ပြီး မြို့တော် ခါတွန် အပါအဝင် နိုင်ငံတစ်ဝှမ်းက ပြည်နယ် ၁၅ ခုထက်မနည်းမှာ ပြည်သူ နှစ်သိန်း နီးပါးလောက် ရေဘေးသင့်ခဲ့ကြရတယ်လို့ သိရပါတယ်။

အဆိုးဝါးဆုံး ထိခိုက်ခံစားခဲ့ရတဲ့ ပြည်နယ်ကတော့ နိုင်ငံတောင်ပိုင်းက ၀ိှုက်နိုင်း ပြည်နယ် ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ နိုင်းလ်မြစ် ရေကြီးမှုက နိုင်ငံအတွက် အကြီးမားဆုံးသော ပြဿနာတစ်ခု အဖြစ် ဆက်ရှိနေကြောင်း ဆူဒန် ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး SUNA က ဖော်ပြသွားပါတယ်။

ရေလွှမ်းမိုးမှုတွေကြောင့် နေအိမ်ပေါင်း ၃၇,၀၀၀ ကျော်လည်း ပျက်စီးသွားခဲ့ကြောင်း အစိုးရ ထုတ်ပြန်တဲ့ ကိန်းဂဏာန်းတွေအရ သိရပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required