Brexit အရေး ဖြေရှင်းဖို့ ဘော်ရစ်ဂျွန်ဆင်ဟာ အသင့်တော်ဆုံးပုဂ္ဂိုလ် ဖြစ်ဟု ထရမ့် ထောက်ခံ

Brexit အရေး ဖြေရှင်းဖို့ ဘော်ရစ်ဂျွန်ဆင်ဟာ အသင့်တော်ဆုံးပုဂ္ဂိုလ် ဖြစ်ဟု ထရမ့် ထောက်ခံ

သြဂုတ် ၂၅ ။         ။ ဗြိတိန် လက်ရှိဝန်ကြီးချုပ် ဘော်ရစ် ဂျွန်ဆင်ဟာ Brexit (အီးယူကနေ ဗြိတိန် နုတ်ထွက်မှု) အရေးပြဿနာကို ကိုင်တွယ်ဖြေရှင်းသွားနိုင်မယ့် သင့်တော်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်ဆိုပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သြဂုတ် ၂၅ ရက်မှာ ထောက်ခံပြောဆိုလိုက်ပါတယ်။

အဆိုပါ ခေါင်းဆောင်နှစ်ဦးဟာ ယင်းနေ့က G7 ထိပ်သီးအစည်းအဝေးရဲ့ ပထမဆုံးတွေ့ဆုံတဲ့ အစည်းအဝေးတစ်ခုမှာ နွေးထွေးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

၎င်းတို့ နှစ်ဦးဟာ ပြင်သစ် တောင်ပိုင်းက အပန်းဖြေမြို့ Biarritz မှာတွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး ရင်းနှီးစွာ ဆွေးနွေးပြောဆိုနိုင်ခဲ့ကြပါတယ်။

“ သူက သိပ်တော်တဲ့ ဝန်ကြီးချုပ် တစ်ယောက်  ဖြစ်လာပါလိမ့်မယ်” လို့ ထရမ့်က ပြီးခဲ့တဲ့လကမှ ဝန်ကြီးချုပ် တာဝန်စယူခဲ့တဲ့ ဂျွန်ဆင်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံတဲ့ အစည်းအဝေးမှာ ပြောသွားပါတယ်။

ဝန်ကြီးချုပ် ဂျွန်ဆင်ကတော့  ထရမ့်နဲ့ နွေးထွေးစွာ ဆွေးနွေးခဲ့ပေမယ့် လက်ရှိ အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးစစ်နဲ့ပတ်သက်လို့ ၎င်းတို့ ဗြိတိန်အနေနဲ့ကတော့ ယင်းကုန်သွယ်ရေးစစ်ပွဲ ရပ်စဲမှုကိုပဲ လိုလားကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ဖော်သွားခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly