တောင်ကိုရီးယား အမျိုးသမီး အဆိုတော်အဖွဲ့ Secret အဖွဲ့သည် အဖွဲ့ခြောက်နှစ်ပြည့် နှစ်ပတ် လည်နေ့ကို ကျင်းပရန်အတွက် For Secret Time တေးသီချင်း ဗီဒီယိုကို ဖြန့်ချိခဲ့သည်။
အဆိုပါ တေးသီချင်း ဗီဒီယိုတွင် ဖျော်ဖြေပွဲများတွင် အဖွဲ့ဝင်လေးဦး၏ သီဆို ဖျော်ဖြေပုံများကို မြင်တွေ့ရမည် ဖြစ်သည်။ Secret အဖွဲ့သည် ငါးနှစ်တာကာလကို ဖြတ်သန်းခဲ့ပြီး ခြောက်နှစ်ကြာပြီး နောက်တွင်လည်း အနုပညာလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။
Secret အဖွဲ့သည် ၂၀၀၉ ခုနှစ်က I Want You Back တေးသီချင်း ဗီဒီယို ပွဲဦးထွက် ထွက်ရှိ ခဲ့ပြီးနောက်ပိုင်း အဆိုပါ တေးသီချင်း ဗီဒီယိုသည် ပရိတ်သတ်များအတွက် ဖျော်ဖြေ တင်ဆက်သည့် တေးသီချင်း ဗီဒီယို ဖြစ်သည်။