တောမီး အကြီးအကျယ်လောင်ကျွမ်းနေတဲ့ အမေဇုံသစ်တောကို ကာကွယ်ရေး နိုင်ငံတကာ ဆော်သြ

တောမီး အကြီးအကျယ်လောင်ကျွမ်းနေတဲ့ အမေဇုံသစ်တောကို ကာကွယ်ရေး နိုင်ငံတကာ ဆော်သြ

ဘိုဂိုတာ၊ သြဂုတ် ၂၄ ။          ။ ဘရာဇီးနိုင်ငံက အမေဇုံတောကြီး တောမီးအကြီးအကျယ် လောင်ကျွမ်းနေတာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုကပ်ဘေး ပိုပြီး ဆိုးဝါးထိခိုက်လာမှာကို နိုင်ငံတကာက စိုးရိမ်ပူပန်နေပါတယ်။

အမေဇုံသစ်တောကြီးရဲ့ ကာကွယ်တောဧရိယာက သယံဇာတရင်းမြစ်တွေကို ကိုယ်ကျိုးထုတ်ယူသုံးစွဲနေတာတွေကို လမ်းအခွင့်သာစေတဲ့ နိုင်ငံရဲ့ မူဝါဒတွေကိုလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

အမေဇုံ မိုးသစ်တောကြီး တောမီးလောင်ကျွမ်းတာကို ငြိမ်းသတ်နိုင်ရေးအတွက် ဘရာဇီးနိုင်ငံဟာ စစ်အင်အားပါ စေလွှတ်ထားပါတယ်။ နိုင်ငံတကာကလည်း အကူအညီတွေ ပေးနေပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေဇုံသစ်တောကြီး မီးလောင်မှုအတွက် စိုးရိမ်ပူပန်ကြောင်း တွစ်တာကနေ ရေးသားပါတယ်။

‘တောထဲက ငရဲမီး’ ဆိုပြီး ဘရာဇီးရဲ့ သြဇာကြီးမားတဲ့ သတင်းစာကြီးတစ်စောင်က အမေဇုံမီးဘေးကို ခေါင်းကြီးတင် ဖော်ပြခဲ့ရာမှာ ဘရာဇီး၊ ဘိုလီးဗီးယား၊ ကိုလံဘီယာ၊ အီကွေဒေါ၊ ဂိုင်ယာနာနဲ့ ဗင်နီဇွဲလားနိုင်ငံတွေ တစ်ဆင့်ဖြန့်ဝေမှုတွေ များပြားခဲ့ပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေ၊ အစိုးရတွေနဲ့ အောင်မြင်ကျော်ကြားသူတွေဟာ အမေဇုံမိုးသစ်တောကြီးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှုမှာ ပါဝင်ကြပါတယ်။

ဘရာဇီးသမ္မတ ဘော်ဆိုနာရိုက ခုလို အမေဇုံတောကြီး မီးလောင်ရတာနဲ့ ပတ်သက်ပြီး အင်န်ဂျီအိုအဖွဲ့တွေကို အပြစ်ဆိုထားပါတယ်။

အမေဇုံတောကြီးဟာ ကမ္ဘာကြီးရဲ့ အဆုတ်လို့ တင်စားခံရတဲ့ မိုးသစ်တောကြီးပဲဖြစ်ပြီး ကမ္ဘာ့လေထုထဲ အောက်ဆီဂျင် ထုတ်လုပ်မှု ၂၀ ရာခိုင်နှုန်း ရှိပါတယ်။

ကမ္ဘာကြီး ပူနွေးလာမှု လျော့ပါးရေးမှာလည်း မရှိမဖြစ် မိုးသစ်တောကြီးပဲ ဖြစ်ပါတယ်။ အမေဇုံသစ်တောကြီးအတွင်း နေထိုင်ကျက်စားကြတဲ့ သတ္တဝါမျိုးစိတ်ပေါင်းလည်း မရေမတွက်နိုင်အောင်ရှိပါတယ်။

အမေရိကန်နိုင်ငံ တဝက်စာလောက်ကို ကြီးမားကျယ်ပြောတဲ့ အမေဇုံတောကြီးဟာ ကမ္ဘာမှာ အကြီးဆုံး မိုးသစ်တောကြီးပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly