အမေရိကန်ရောက် ပန်ဒါလေး Bei Bei ရဲ့ ၄ နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပ

အမေရိကန်ရောက် ပန်ဒါလေး Bei Bei ရဲ့ ၄ နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပ

သြဂုတ် ၂၃ ။         ။ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီ အမျိုးသား တိရစ္ဆာန်ဥယျာဉ်တွင် ရောက်ရှိနေထိုင်လျက် ရှိသည့် ပန်ဒါဝက်ဝံလေး Bei Bei ရဲ့ လေးနှစ်ပြည့် မွေးနေ့အခမ်းအနားကို သြဂုတ် ၂၂ ရက်က ကျင်းပပေးခဲ့ပါတယ်။

ဒါဟာ သိပ်မကြာခင်မှာ တရုတ်ကို ပြန်ရတော့မှာ ဖြစ်ပြီး မပြန်ခင် ခုလို ပန်ဒါလေး Bei Bei ရဲ့ မွေးနေ့ပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။

ယင်း တိရစ္ဆာန်ရုံမှာ ဧည့်သည်တွေကို အဆွဲဆောင်နိုင်ဆုံး တိရစ္ဆာန်တွေထဲမှာ ပါဝင်တဲ့ Bei Bei ရဲ့ မွေးနေ့ပွဲမှာတော့ ရောင်စုံ ကိတ်မုန့်အေး ကို အထူးပြင်ဆင်ပေးခဲ့ပါတယ်။ ယင်းကိတ်မုန့်ကတော့ သစ်သီး၊ မုန်လာဥဝါ၊ အာလူး၊ ကြံ တို့နဲ့ ပြုလုပ်ထားတာဖြစ်တယ်လို့ တိရိစ္ဆာန်ရုံ တာဝန်ရှိသူတွေက ပြောပါတယ်။

တရုတ်နဲ့ အမေရိကန်အကြား သဘောတူညီချက်အရ ပန်ဒါလေး Bei Bei ကတော့ အသက် လေးနှစ်ပြည့်ပြီဖြစ်လို့ မကြာခင် တရုတ်ကို ပြန်ရတော့မှာ ဖြစ်ပါတယ်။

အလားတူ ၎င်းနဲ့ မောင်နှမ တော်စပ်တဲ့ ပန်ဒါမလေး Bao Bao နဲ့ ပန်ဒါထီးလေး Tai Shan တို့ကလည်း မကြာခင် အလားတူအတိုင်း တရုတ်ကို ပြန်ရဖို့ ရှိနေပါတယ်။

၎င်းတို့ရဲ့ မိဘတွေဖြစ်တဲ့ Mei Xiang နဲ့ Tian Tian ပန်ဒါစုံတွဲကတော့ အမေရိကန်မှာ လာမယ့်နှစ်အထိ ဆက်နေရဖို့ ရှိနေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required