အနာဂတ် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးဖို့

By မျိုးသန့်(မဇ္စျိမ)
23 August 2019
အနာဂတ် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးဖို့

မင်္ဂလာပါ မဇ္စျိမ ပရိတ်သတ်များခင်ဗျာ ။ ကျွန်တော်တို့ အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ Exclusive Interview အစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျာ ။ ဒီ တစ်ပတ်မှာတော့ ကျွန်တော် တို့က zeya and associates Bussiness Group ရဲ့ Chairman လည်းဖြစ် CEO လည်း ဖြစ်တဲ့ ဆရာ ဦးဇေယျသူရမွန် နဲ့ တွေ့ဆုံမေးမြန်းသွားမှာပဲ ဖြစ်ပါတယ် ၊ အဲဒီတော့ ဆရာ့ အနေနဲ့ မြန်မာနိုင်ငံမှာ ၁၉၉၆ ခုနှစ်ကနေပြီးတော့  စီးပွားရေးလုပ်ငန်း တော်တော်များများကို လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်၊ လျှပ်စစ်ကဏ္ဍရယ်၊ ပို့ဆောင် ဆက်သွယ်ရေး ကဏ္ဍရယ်၊  ပြီးလို့ရှိရင် ကျန်းမာရေးကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊  အစရှိသည်အားဖြင့် လုပ်ငန်းတော်တော်များများကို လုပ်နေတဲ့အတွက်  အတွေ့ အကြုံပေါ့နော်၊ ဆရာ့ဆီက ဘာတွေများလေ့လာလို့ ရမလဲ ၊ သင်ယူလို့ ရမလဲ ၊ ပြီးလို့ ရှိရင် ဘာတွေများ သတိပြုသင့်သလဲပေါ့နော် ၊ စီးပွားရေးတွေလုပ်ရင် ဘာ အခက်အခဲတွေ ကြုံရသလဲ ၊ ဒီ အခက်အခဲတွေကို ဘယ်လိုကျော်လွှားမလဲပေါ့ဗျာ ၊ဒါတွေကို မေးမြန်းသွားမှာပဲ ဖြစ်ပါတယ် ခင်ဗျာ့ ။

မေး ။             ။ ဆရာ မင်္ဂလာပါ ခင်ဗျာ ၊ အဲ့ဒီတော့ ဆရာ လုပ်ငန်းတွေ အများကြီးလုပ်ခဲ့တယ်ဆိုတာ သိပါတယ်၊  ၉၆ ခုနှစ်ထဲက ဆိုတော့ ဆရာလုပ်နေတဲ့ အလုပ်လေးတွေပေါ၊့ ပို့ဆောင်ရေးရယ်၊ ဆက်သွယ်ရေး ရယ် ၊ကျန်းမာရေးရယ်၊ ဘဏ္ဍာရေးကဏ္ဍရယ် ဆရာလုပ်နေတာဆိုတော့ ဒါလေးတွေ ထဲထဲဝင်ဝင် သိအောင် ရှင်းပြပေးပါဦး ခင်ဗျ ။

ဖြေ။              ။  ပို့ဆောင်ရေး ပေါ့နော်၊ ပို့ဆောင်ရေးက  critical infrastructure ထဲမှာပါတာပေါ့ ၊ အဲ့ဒီဟာလေး ကျွန်တော် ပြောချင်ပါတယ်။ ပြီးတော့ နောက်တစ်ခုက ကျန်းမာရေးပေါ့နော် ၊ ကျန်းမာရေး အရတော့ ကျန်းမာရေးလည်း အရေးကြီးတာပေါ့နော်၊ ကျန်းမာရေးက ကျန်းမာခြင်းသည် လာဘ် တစ်ပါးပေါ့နော်၊ ကျန်းမာလို့ရှိရင် ဒါ ချမ်းသာတာနဲ့ တူတူပဲ ၊ အဲ့ဒီတော့ ကျန်းမာရေးလည်း အရေးကြီးတယ် ၊ နောက် တစ်ခုကတော့ financial inclusion မှာ ကျွန်တော်တို့ Finance ငွေရေးကြေးရေး ကဏ္ဍမှာ ကျွန်တော်တို့ ပြောရမယ်ဆိုရင်တော့ လှည်းနေ လှေအောက်၊ မြင်းစောင်းမကျန် ပေါ့နော်၊ လူတိုင်းက ဒီ Financial service နဲ့ တွေ့ထိ ပြီးတော့ အသုံးချနိုင်အောင်ပေါ့နော် ၊ အသုံးချနိုင်ပြီဆိုတော့ သူတို့က ငွေရေးကြေးရေးလေးတွေသာ ကူညီ ပံ့ပိုးလိုက်မယ်ဆိုရင် တစ်ချို့ ဘဝလေးတွေက ပိုပြီးတော့ ကောင်းသွား မယ် ၊ ပိုပြီးတော့ မြှင့်တက်လာမယ်။ အဲ့ဒီကနေ အရှိန်လေးတက်ပြီးတော့ သူကဒီထက်ပို မြင့်တက်သွားမယ်၊ ကျွန်တော်တို့က ဆင်းရဲမွဲတေမှုပေါ့နော်၊ ဆင်းရဲနွမ်းပါးတယ်လို့ ကျွန်တော်တို့က သုံးပါတယ်၊ တကယ်တမ်းကျတော့ ဆင်းရဲနွမ်းပါးတယ်ဆိုတာကတော့ တကယ်တမ်းတော့ အရင်တုန်းက စကားပေါ့နော်၊ အခုနောက်ပိုင်းကတော့ ဆင်းရဲနွမ်းပါးတဲ့ လူတွေရဲ့ဘဝ တိုးတက်လာအောင်၊ ငွေရေးကြေးရေး ကဏ္ဍကနေ အထောက်အကူပြုတဲ့ဟာမျိုးဆိုတဲ့ လုပ်ငန်းလေး ၃ ခု၊ ကဏ္ဍလေး ၃ ခု ရှိပါတယ်၊ အဲ့ဒီ့မှာ Transport အကြောင်းကို ကျွန်တော်ပြောရမယ်ဆိုရင် transport က ကျွန်တော်တို့ City transport ပေါ့နော်၊ City Bus တွေ ရန်ကုန်မြို့မှာ သွားနေတဲ့ City Bus တွေ စတင်ပြီးတော့ upgrade လုပ်တာပေါ့နော်၊ ကား အဟောင်းတွေနဲ့ စိတ်ညစ်စရာ ဖြစ်နေတယ်ဆို ကားအသစ်တွေထည့်တယ်၊ ကျွန်တော်တို့ ပိုပြီးတော့ efficiency ကောင်းအောင် လုပ်တယ်၊ standard လေး တစ်ခုလုပ်တယ် ၊အဲဒီဟာမျိုးတွေ ကျွန်တော်တို့လုပ်ပါတယ်၊   ကျန်းမာရေး ကဏ္ဍကျတော့ ကျွန်တော်တို့က ကျန်းမာရေးနဲ့ဆိုင်တဲ့ Equipment တွေပေါ့နော်၊ ကျွန်တော်တို့က Engineering Background ဖြစ်တဲ့ အတွက်ကြောင့် မို့လို့   Equipment တွေက အရင်တုန်းက ဟောင်းနေတယ်ပေါ့နော်၊ ဟောင်းနေတဲ့ Equipment တွေ နိုင်ငံတော်ကလည်း Budget တွေ ချတယ်၊ ဆိုတော့ ကျွန်တော်တို့က Equipment အသစ်တွေ Equipment အထူးအဆန်းတွေ အဲ့ဒီလိုမျိုးလေးတွေ ကျွန်တော်တို့က Provide လုပ်တာပေါ့နော်၊ ဆေးရုံတွေ ဆေးပေးခန်းတွေ အဲ့ဒီလိုမျိုးနေရာတွေမှာ သုံးစွဲတဲ့ဟာတွေ ပေါ့။

မေး။              ။ဆရာကျေးဇူးပါ၊ ဘဏ္ဍာရေးနဲ့ ပတ်သက်ပြီးတော့ နည်းနည်းလောက် ထပ်ပြောပေးပါဦးခင်ဗျာ့၊

ဖြေ။            ။ ဘဏ္ဍာရေးကတော့ အခုနောက်ပိုင်းမှ လုပ်လို့ရတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်၊ အရင်တုန်းကဆိုရင် ဘဏ်တွေကလည်း သူကဘဏ်ခွဲနဲ့ အနီးတစ်ဝိုက်ပေါ့နော်၊ ဒီဘဏ်ခွဲ တစ်ခု ဖွင့်တယ် ၊ ဘဏ်ခွဲနဲ့ သူက သူရဲ့ Radiant လေးတစ်ခုရှိတယ်၊ အဲဒီနေရာလေးပဲ သူ Serve လုပ်နိုင်တာပေါ့၊ အဲ့ဒီထက်ဝေးသွားရင် သူတို့က မသိတော့ဘူး၊ ဘဏ်တွေကလည်း မသွားနိုင်ဘူး၊ သူတို့ကလည်း ဘဏ်ဆီ မလာနိုင်ဘူး၊ မလာနိုင်တော့ သူတို့က ဟို ဘဏ်ရဲ့ ထောက်ပံ့ကူညီမူ ဘဏ်ရဲ့ Service တွေ မရဘူးပေါ့့၊ အခုဟာ သူပိုက်ဆံပိုတယ် ပိုက်ဆံပိုလို့ရှိရင် သူတို့က တောင်းထဲမှာ ထည့်ထားမယ်၊ ဟိုမှာဖွက်ထားမယ်ဆိုရင် ဘဏ်ထဲလည်း ထည့်ထားလို့မရဘူး ၊အဲ့ဒီလိုမျိုးတွေ သူလုပ်လို့မရဘူး ဆိုတော့ ဟိုး Traditional နည်းတွေ ဖြစ်နေတာပေါ့၊ အဲ့ဒီဟာတွေကို ကျွန်တော်တို့က Mobile technology တွေ Mobile penetration rate က တအားများ သွားတယ် တစ်နိုင်ငံလုံးနီးပါးဖြစ်သွားတယ်ဆိုတဲ့ အတွက်ကြောင့်မို့လို့ လိုအပ်တဲ့ Technology ကိုသုံးပြီးတော့ internet မှာရှိတဲ့ technology တွေကို သုံးပြီးတော့ အဲ့ဒီ ဘဏ်တွေ မရောက်နိုင်တဲ့  အရမ်းဝေးတဲ့နေရာမှာရှိတယ်၊ သူက mobile signal မှာရှိတယ်၊ mobile Phone သုံးလို့ရတဲ့နေရာမှာ သုံးတယ် ၊ digital နည်းနဲ့ ကျွန်တော်တို့က ဒီ Financial service ကို  ပေးတယ်ဆိုတဲ့ လုပ်ငန်းတစ်ခုကို ကျွန်တော်တို့က တည်ဆောက်ထားတာ ဖြစ်ပါတယ်။

မေး။              ။ခုနကပြောတာ ပို့ဆောင်ရေးလို့ ကြားလိုက်တဲ့အတွက်  ကျွန်တော်တို့ အရင်တုန်းကတော့ လိုင်းကားတွေပေါ့နော် ၊  တိုးတိုးတိုက်တိုက် စီးရတယ်၊အဲယားကွန်းမပါဘူး ၊ ရပ်ချင်တဲ့နေရာ ရပ်တယ်၊  ဆိုတဲ့ဟာမျိုးပေါ့၊ အခုတော့ ကျွန်တော်တို့  အဲယားကွန်းနဲ့ စီးရတယ် ၊  ခုနကပြောတဲ့ စပယ်ယာ မပါတော့ဘူး၊ ဆူဆူညံညံ အသံတွေ မကြားရတော့ဘူး၊ ဒရိုင်ဘာရဲ့ ဟောက်တာကို မခံရတော့ဘူးပေါ့လေ ၊  service က တော်တော်များလာတာပေါ၊့ တော်တော် မြင့်လာတာပေါ့လေ ၊ ဆိုတော့ ဒါ့ထက်ပိုကောင်းတဲ့ Service ကိုများ အနာဂတ်မှာ ဘာတွေ ရည်မှန်းထားသေးလဲခင်ဗျာ့ ။

ဖြေ။              ။transport နဲ့ ပတ်သက်ပြီးကတော့ Service က အများကြီးလုပ်လို့ ရပါတယ်၊ ကျွန်တော်တို့ အခုချိန်ထိ ကျွန်တော်တို့မှာရှိတဲ့ Bus car တွေက traffic မိနေတုန်းပဲပေါ့နော်၊ ဒီထက်ပိုကောင်းအောင် လုပ်လို့ ရှိရင် Bus Car လိုင်းက Traffic မရှိဘူးပေါ့နော်၊ ဆိုတော့ ဒီ bus car တစ်စီးက ဒီဘက်မှတ်တိုင်ကနေ ဟိုဘက် မှတ်တိုင်ကို ဒီအချိန်အတွင်းမှာ ရောက်မယ်ဆိုတဲ့ အချိန်အတွင်းမှာ အဲ့ဒီလောက်ထိ ကျွန်တော်တို့က လုပ်လာနိုင်တယ်၊ လူတစ်ယောက်ဟာ ၈နာရီ ၁၀ မိနစ် bus ကားစီးတယ်၊ ၈ နာရီခွဲမှာ ရုံးရှေ့ကို ရောက်မယ်ဆိုတဲ့  ဟာမျိုး သူ ခန့်မှန်းလို့ရတယ်၊ အခုဖြစ်နေတဲ့ အခြေအနေကကျတော့ ၈နာရီ ၁၀ မိနစ် သူစ စီးလိုက်တယ် ၈နာရီခွဲ ရောက်ချင်လည်းရောက်မယ် မရောက်ချင်လည်း မရောက်ဘူး ၊ traffic အခြေအနေပေါ်မှာမူတည်တယ် ဆိုတဲ့ဟာမျိုး၊ အဲ့ဒီတော့ အခု ကျွန်တော်တို့ နောက်ပိုင်းထပ်လုပ်လို့ရတယ် ဆိုတဲ့ဟာက အဲ့ဒီ level ထိလုပ်လို့ရတယ် ၊ နိုင်ငံခြားမှာဆိုရင် bus Car တွေက ဘယ်နှစ်နာရီရောက်မယ်ဆိုရင် ဘယ်နှစ်နာရီရောက်လာတယ် ၊Bus Car တစ်စီး ၈နာရီ ၂၀ မှာရောက်မယ့် Bus Car တစ်စီးဆို ၈နာရီ  ၂၀ ဒေါင်ကနဲဆို အဲ့ဒီ bus Car က ရောက်လာပြီ၊ အဲ့ဒီတော့   ဘယ်မှတ်တိုင် ဘယ်လောက်ရောက်မယ်ဆိုတာ အကုန်လုံးက သူ့ Schedule နဲ့သူဆွဲထားပြီးသား၊  အဲ့ဒီ level ထိ ကျွန်တော်တို့လုပ် လို့ရတယ်။

မေး။              ။နောက်တစ်ခုက ကျွန်တော်တို့  အင်မတန်မှ အဆင့်မြင့်သော bus car မှတ်တိုင်တွေ လုပ်မယ်ဆိုပြီးတော့မှ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောခဲ့တာရှိပါတယ် ၊ အဲ့ဒီတော့ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လောက်ထိ လိုအပ်နေသေးလဲ၊ ဘယ်လောက်ထိ တက်လှမ်းနိုင်သေးလဲ ၊ ဘယ်လောက်ထ်ိ ထပ်လုပ်ဖို့ လိုသေးလဲ။

ဖြေ။              ။ ဒီဘတ်စ်ကားမှတ်တိုင်ဆိုတာ bus stop နော် ၊ bus stop မှာ စောင့်နေတဲ့ လူတစ်ယောက်က သူရဲ့ လိုအပ်ချက်လေးတွေ ရှိတာပေါ့နော်၊ အဲ့ဒီလိုအပ်ချက်လေးတွေ ဖြည့်ဆည်းပေးမယ်၊ နောက် တစ်ဖက်တစ်လမ်းက economy ဘက်ကလည်း သူက advertising တွေလုပ်မယ်၊ ပြီးရင် အဲ့ဒီနေရာလေးက လုံခြုံတဲ့နေရာလေး တစ်ခုဖြစ်မယ်၊ အန္တရာယ် မရှိမယ့်နေရာလေး၊ ရာသီဥတုဒဏ် ခံနိုင်မယ့်နေရာလေး ၊ အဲဒီလိုမျိုးလေးပေါ့၊ bus car စောင့်တဲ့ လူတစ်ယောက်က သူ့ထက် ခေတ်မီအောင် ဘာလုပ်လဲဆိုတော့ စောစောက timeline တွေပါမယ်၊ bus car က ဘယ်အချိန်လာမယ်၊ ဘယ်အချိန်ဆိုက်မယ် ၊ဘယ်ကားက ဘယ်လိုသွားမယ် ဘယ်လိုဆိုတာ information ပေါ့နော် ၊ Information တွေ ပေးလာဖို့အတွက်တော့ ကျန်နေသေးတယ်လို့ ကျွန်တော် မြင်ပါတယ်။

မေး။              ။ကျေးဇူးပါ ဆရာ။ နောက် ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ခုနကပြောသလိုပဲ ဆရာလည်း လုပ်နေတယ်ပေါ့ equipment တွေ import လုပ်တယ်ပေါ့နော် ၊ ခေတ်မီ စက်ပစ္စည်းကိရိယာတွေ ကျွန်တော်တို့ တင်သွင်းတယ် ဆိုတဲ့ အခါကျတော့ ဥပမာ ဆိုကြပါစို့ ။ ပိုက်ဆံ နည်းနည်းရှိတဲ့ အသိုင်းအဝိုင်းက ဆိုလို့ရှိရင် ၊  ရောဂါ ဖြစ်တယ်ဆိုရင် ပြည်ပနိုင်ငံတွေမှာ သွားပြီးတော့၊ ဥပမာ စင်ကာပူတို့ ထိုင်းတို့ ပေါ့နော်၊ ဆိုတော့ ကျွန်တော်တို့ နိုင်ငံတွေမှှာ အဲ့ဒီလိုမျိုး အခြေအနေထိကို ဆရာတို့ အနေနဲ့ ပစ္စည်းပစ္စယတွေ သွင်းတယ်၊ သူများနိုင်ငံတွေမှာ သွားပြီးတော့ ဆေးကုသမူခံယူစရာ မလိုတော့အောင် ၊ ဘယ်လောက်ထိ လုပ်ပေးနိုင်မလဲ၊ ဆရာတို့ အနေနဲ့ ပေါ့။

ဖြေ။              ။ အခုချိန်မှာတော့ နည်းနည်းလေး စတွေ့နေရပြီ ၊  ဆေးသွားစစ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ အရင်တုန်းက လွန်ခဲ့တဲ့ နှစ် ၁၀ နှစ်လောက်ကဆိုရင် ဆေးစစ်မယ် ဆေးကုမယ်ဆို နိုင်ငံခြားသွားရပြီနော် ၊ ထိုင်းသွားတဲ့လူသွားတယ် ၊ စင်ကာပူသွားတဲ့လူသွားတယ်၊ India သွားတဲ့လူ သွားတယ်၊  အဲ့ဒီလိုသွားကြတာပေါ့၊ အခုချိန်မှာတော့ အခုလက်ရှိ ဒီနေ့ ဒီအချိန်မှာ ကျွန်တော် တွေ့တဲ့ ဆေးရုံတော်တော် ကောင်းကောင်းလေးတွေ ကျွန်တော်တို့ တွေ့ရပါတယ်၊ ဥပမာ ကန်သာယာဆေးရုံ။ ကန်သာယာဆေးရုံ ဆိုလို့ ရှိရင် ကျွန်တော်တို့ မရောက်ဖူးသေးဘူး၊ ဒါပေမယ့် နေရာ အနေအထား စတင်တည်ဆောက်တုန်းက ဘယ်လိုလုပ်ကြတယ်၊ ဘယ်လို ဆောက်ကြတယ်ဆိုတာ သိတယ်၊ နောက် ဟံသာဆေးရုံ။   Grand Hinther ဆေးရုံ၊ နောက်တစ်ခုက ဟိုတလောက ဖွင့်တဲ့ လေယာဉ်ပျံ ပျက်ကျတုန်းက သွားကြတဲ့လူတွေ ၊ အဲ့ဒီ ဆေးရုံ ၃ ရုံဟာဆိုရင် တော်တော်လေး အဆင့်အတန်းမှီတဲ့ ဆေးရုံလို့ပြောလို့ရပါတယ်၊ စဆောက်ထဲက ဆေးရုံစဆောက်ထဲက hospital ဒီဇိုင်းနဲ့ ဆောက်တာပေါ့နော်၊ အရင်တုန်းကဆေးရုံတွေ ဆောက်တယ် ဆိုတာကတော့ ဆေးရုံရဲ့ Architect မပါဘဲ ဆောက်တာပေါ့ ၊ ဆောက်လိုက်တာတော့ emergency က ဒီဘက်မှာ ပြီးရင်၊ ဓာတ်မှန်ရိုက်ရင် ဓာတ်မှန်က ဟိုးအဝေးကြီးမှာ သွားရိုက်ရတယ်၊ အဲ့့ဒီလိုမျိုး အခုကတော့ ဆေးရုံရဲ့ သဘောတရားကတော့ လူနာသွားတဲ့ Traffic flow ကဘယ်လိုသွားမယ်၊ လူနာက ဘယ်လိုသွားမယ်၊ လူနာနဲ့ မဆိုင်တဲ့ ဆရာဝန်တို့ ဘာတို့က ဘယ်လိုသွားမယ်၊ ဆိုတဲ့ flow လေးတွေကအစ ဒီဇိုင်းလုပ်တယ် ဆိုတော့ architect တွေနဲ့ ဆွဲထားတဲ့ ဒီဇိုင်းဆိုတော့ တခြားဆေးရုံတွေထက် အများကြီး ပိုကောင်းလာတာပေါ့ ၊ အရင်တုန်းကကျတော့ ဒီ အဆောက်အဦကြီးကို ဆေးရုံ မဖြစ်ဖြစ်အောင်လုပ်တာပေါ့၊ အဲ့ဒီလိုမျိုးတွေ ဆိုတော့ အခု ဒီဆေးရုံ ၃ ရုံကတော့ ကျွန်တော် Recommented လုပ်ပါတယ်၊ ကျွန်တော်နဲ့လည်း မဆက်စပ်ပါဘူး ။ ကျွန်တော်လည်း အခု ဆေးသွားစစ်တယ်ဆိုရင် အရင်တုန်းကတော့ ကျွန်တော်တို့က နိုင်ငံခြားသွားတယ်၊ ကြုံရင်ဆေးစစ်တယ် ၊ ဒါပေမယ့် အခု ကျွန်တော်တို့က ဆေးစစ်မယ်ဆိုရင် ကျွန်တော်ဒီမှာ ဆေးစစ်မယ်၊ ဒီမှာ စစ်တဲ့ အတွက်ကြောင့် မို့လို့ ၂ မျိုး ရှိပါတယ်၊ တစ်ခုက ကျွန်တော် ဒီနေ့ ဆေးစစ်မယ် ဆေးခန်းသွားတယ်၊ appointment ယူမယ်၊ အိမ်မှာနေလို့ရတယ်၊ နိုင်ငံခြား ကျွန်တော် သွားစစ်လည်း ရတယ်၊ နိုင်ငံခြား ကျွန်တော် အလုပ်ကိစ္စ ရှိလို့ ကျွန်တော်သွားစစ်တယ်၊ သို့မဟုတ် နိုင်ငံခြားသွားပြီးတော့ ဆေးစစ်ချင်တာက တစ်ပိုင်း၊ စျေးဝယ်ချင်တာက တစ်ပိုင်း ၊ဒါဆိုရင်တော့ မသိဘူးပေါ့နော်။ အဲ့ဒါဆိုရင်တော့ နိုင်ငံခြားသွားပေါ့ ၊ အဲ့ဒီလိုပါပဲ မြန်မာနိုင်ငံမှာတော့ အခု ရနေပါပြီ ၊ နောက် သိပ် အရေးကြီး လို့ရှိရင် Air Ambulance ဆိုတာလည်း ရှိသေးတယ်၊ Air Ambulance တွေကလည်း ရှိတဲ့ အတွက်ကြောင့် မို့လို့ ဒီမှာဆေးကုလို့ အရေးပေါ် နိုင်ငံခြားမှာမှ ထပ်သွားချင် ၊ အရမ်း Cretical ဖြစ်လာတော့မှ နိုင်ငံခြားဆေးရုံ ပြောင်းချင်တယ်ဆိုလည်း ချက်ချင်း လေယာဉ်ပေါ်တက်ပြီးတော့ Air Ambulance ပေါ်တက်ပြီးတော့ ဟိုဘက်ကိုသွားလို့ ရတယ်၊ ဆိုတော့ အခုချိန်မှာ Regional နဲ့ network ဖြစ်သွားတဲ့ ပုံစံလို့ ပြောလို့ ရတယ် ၊ အရင်တုန်းကလို isolated သိပ်မဖြစ်တော့ဘူး ၊ မြန်မာပြည်ရဲ့ ဆေးလုပ်ငန်းက အရမ်းနောက်ကျ ကျန်ခဲ့ ပြီးတော့ ကျန်တဲ့ နိုင်ငံတွေက ရှေ့ ရောက်နေတာမျိုး မဟုတ်တော့ဘဲနဲ့ ကျွန်တော်တို့က အခု အနောက်ကနေ အမှီ လိုက်နိုင်တယ်၊ နောက်တစ်ခုက professor တွေရဲ့ အရည်အချင်းပေါ၊့ မြန်မာပြည်မှာ အရမ်းတော်တဲ့ professor တွေ ရှိပါတယ်၊ နိုင်ငံခြားမှာ ရှိတဲ့ professor တွေက လေးစားရတယ်၊ သူတို့ထက် ပိုတော်ပါတယ်လို့ ပြောတဲ့ professor ရှိတယ်၊ ပြဿနာက ဘာလဲဆိုတော့ ဒီ professor တွေက တစ်ရက်ကို လူနာ အယောက် ၁၀၀ လောက်ကြည့်လိုက်ရင် အဲ့ဒီဟာက ပြဿနာပဲ ၊ သူက ဘာလို့ အယောက် ၁၀၀ ကြည့်ရလဲဆိုတော့ သူက လူနာ တစ်ယောက်ကို ၃သောင်း လောက်ယူမှ ဒါတောင်သူ့ကို များပြီပြောပြီ ၊ သူ ၁၀ ယောက်ဆို ၃၀၀၀၀၀ ရပြီပေါ့နော် ၊ ဟိုမှာက ၃ယောက်ကြည့်ရင် ၁၀၀ ဆိုရင် ၃ယောက်ဆိုတော့၊ ၃ ယောက် ကြည့်မှာနဲ့ ဒီဘက်က ၁ဝယောက်ကြည့်မှာနဲ့ အဲ့ဒီလိုမျိုးပေါ့နော် ၊ သူတို့ရဲ့ workload ရော Stress ရောပေါ့ နော်၊ အဲ့ဒီတော့ အဲ့ဒီဟာလေးတွေ ပဲ အခက်အခဲလို့ ကျွန်တော် မြင်တယ်၊

မေး၊              ။ ဆရာက အခုဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော် စီးပွားရေးလုပ်လာတဲ့ အတွေ့ အကြုံလည်း ရှိတယ်ဆိုတော့ ကျွန်တော်တို့နိုင်ငံ သမိုင်းကို  ပြန်ကြည့်မယ်ဆိုရင်လည်း ၉၆ ပေါ့လေ ၂၀၁၀ မတိုင်ခင်က တစ်ပိုင်း ၂၀၁၀ နောက်ပိုင်းက တစ်ပိုင်း ပေါ့နော်။ ဆရာ ခုနက ပြောတဲ့ တပ်မတော်အစိုးရ ပြီးလို့ ရှိရင် အရပ်သား အစိုးရဆိုပြီး ၂ ပိုင်းခွဲလိုက်တဲ့ အခါမှာ ကျွန်တော်တို့ ဒီ ၉၆ ကနေ ၂၀၁၀ အတွင်းမှာပေါ့လေ၊ ဆရာဘယ်လိုတွေ ဖြတ်သန်းခဲ့ သလဲ ။ စိန်ခေါ်မူတွေ Challenge တွေကဘာတွေ ရှိခဲ့ သလဲ ၊ အဲ့ဒီဟာလေး နည်းနည်း ပြောပြစေလိုပါတယ် ။

ဖြေ ။             ။ ကျွန်တော်တို့က ပထမဦးဆုံး စီးပွားရေး ပြောင်းလဲ ပြုပြင်တာပေါ့နော် ၊ အဲ့ဒီတုန်းက တိုင်းမှူးတွေ၊ ဝန်ကြီးတွေ ဖြစ်ကြတယ် ၊ ကျွန်တော်က နိုင်ငံခြားထွက်နေပြီ ၊ တစ်ဆင့် ထွက်တာပေါ့နော်။ ပြီးရင် နောက်တစ်ဆင့် အမေရိကန်တွေ၊ ဂျပန်တွေ သွားတာပေါ့၊ အဲ့ဒီအချိန်မှာမြန်မာပြည်ကလည်း တိုးတက်မူတွေ ဖြစ်လာတော့ မြန်မာပြည် ပြန်ပို့ခံရ၊ ကျွန်တော်တို့ မြန်မာပြည် ပြန်လာတယ် setup လုပ်တယ်၊ ကောင်းပါတယ်။ သူ့ အခင်းအကျင်းကလည်း ၊ ဒါပေမယ့် အဲ့ဒီအချိန်မှာတော့ အားလုံးက ဝိုင်းကကြဉ်ထားတာပေါ့နော် ၊ တိုင်းပြည်ကို ဝိုင်းကြဉ်ထားတော့ လုပ်ရကိုင်ရတာ တအားခက်တာပေါ့ ၊ ဥပမာ လျှပ်စစ်လုပ်ငန်းဆိုရင် ကျွန်တော်တို့မှာ   ဆိုရှယ်လစ်ခေတ်တုန်းက ဝယ်ထားတဲ့ machine တွေ ရှိတယ် ၊ အရမ်းကောင်းတဲ့ machine တွေ ပေါ့ ၊ ချေးငွေတွေရော၊ အဲ့ဒီလို ထောက်ပံ့တဲ့ငွေတွေကနေ ဝယ်ထားတာ တွေရော အရမ်းကောင်းတယ် ၊ဒါပေမယ့် အဲဒီခေတ်လည်းရောက်ရော ဝိုင်းကြဉ်လိုက်တဲ့အခါကျတော့ spare parts ဝယ်လို့မရဘူး ၊ spare parts တစ်ခု ဝယ်ရင် ခိုးပြီးဝယ်ရတယ်၊   မြန်မာပြည်အတွက်လို့ ပြောပြီး ဝယ်လို့ မရဘူး ၊ ဘယ်လိုလဲ ဟိုလား မှောင်ခိုစျေးက သွားဝယ်ရတာတို့ ၊ ဒါမှမဟုတ် အဟောင်းဝယ်ရတာတို့၊  ဝယ်လို့ရှိရင်လည်း ချက်ချင်း မရောက်ဘူး ၊ ချက်ချင်းမရောက်တော့ စက်တွေက အချိန်မှန်မပြင်ရတော့၊ နောက်ပြီးတော့ စက်တွေက ပစ္စည်း အမှန်အကန် မထည့်ရတဲ့အခါကျတော့ စက်တွေ ပျက်တယ် ။ နောက်ပြီးတော့ ကျွန်တော်တို့က အရမ်းကို   ခံစားခဲ့ရတယ်၊ ကျွန်တော်တို့လည်း ရင်နာတာပေါ့နော် ၊ ကျွန်တော်တို့ ပစ္စည်း မဟုတ်ဘူး။ ဒါပေမယ့် တိုင်းပြည်ပစ္စည်း သို့သော် မလိုလားအပ်ဘဲနဲ့ ဒီလိုမျိုး ပျက်သွားတယ်၊ အချိန်မီ မပြင်နိုင်တာ ကျွန်တော်တို့တွေ ရင်နာနာနဲ့ ထိုင်ကြည့်နေရတယ် ၊ဘာမှ လုပ်လို့ မရဘူး ၊ ကျွန်တော်တို့တွေကို ပစ္စည်းရောင်းတဲ့ အခါမှာ military ကို မပေးပါဘူးဆိုပြီး ခံဝန်ကတိတွေ အများကြီး ထိုးခဲ့ရတယ်၊ ကျွန်တော်တို့ ပစ္စည်းဝယ်လို့ရှိရင် end user က ဘယ်သူလဲဆိုတာ လို်က်မေးတယ်၊ ဘယ်မှာ တပ်မှာလည်း တပ်မယ့် နေရာကနေ sign ထိုးရတယ်၊ အဲ့ဒီလောက်ထိ ကျွန်တော်တို့က အခက်အခဲတွေ ရှိခဲ့ဖူးတယ်၊ အဲ့ဒီအချိန်တုန်းက၊ ဒါကတော့ ကျွန်တော်တွေတဲ့ ဒီ Flow လေးတစ်ခုပေါ့ ။

မေး။               ။ ၂၀၁၀ ဆို အရပ်သား အစိုးရပြောင်းလာပြီဆိုတော့ တစ်စုံတစ်ရာ အတိုင်းအတာ အထိတော့ တိုင်းပြည်ဖွံဖြိုးတိုးတက်မယ် ။ စီးပွားရေးနဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေလာမယ် ၊ အကူအညီတွေရမယ် ဆိုပြီးတော့မှ။ အဲ့ဒီတော့ ကျွန်တော်တို့ ၂၀၁၀ နောက်ပိုင်းမှာရော ဆရာတို့ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ ဘယ်လို ဖြတ်သန်းလာခဲ့ရလဲ ။

ဖြေ ။             ။ ၂၀၁၀ နောက်ပိုင်းက ပိုကောင်းလာတာပေါ့ ၊ အရင်ဟာထက် နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံလာတယ်၊ သူတို့တွေရဲ့  aides တွေ ဘာတွေရောက်လာတယ်၊ နောက် နိုင်ငံတော်ရဲ့ policy ကလည်း ပြည်တွင်းကို အားပေးတယ် ဆိုတော့ ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် ပိုပြီးတော့ ကောင်းလာတာပေါ့နော် ၊ လုပ်ရတဲ့ပုံစံပေါ့နော် ၊ပိုပြီးတော့ ကောင်းတယ် လုပ်ရတဲ့ဟာပေါ့နော်၊ ပြည်တွင်းလုပ်ငန်းရှင်အနေနဲ့ လုပ်ရတဲ့အခါကျတော့ နိုင်ငံတော်ရဲ့ ပံ့ပိုးမူတွေနဲ့ ဘာတွေနဲ့ ကျွန်တော်တို့က အဲ့ဒီအချိန်မှာ စီးပွားရေးကို အဲ့ဒီတော့တော့မှ စလုပ်ရတာပေါ့ ၊ အရင်တုန်းက နိုင်ငံပိုင်တွေပဲ များတယ် ၊ ဆိုတော့ အဲ့ဒီမှာ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပေါ်လာကြတယ် အများကြီးပဲ။   သူတို့ကိုနိုင်ငံတော်ကနေပြီး တော့ အထောက်အပံ့ ပေးလိုက်တာ ၊ အထောက်အပံ့ ပေးတယ်ဆိုတာ၊ ဥပမာ နိုင်ငံခြားသား ကုမ္ပဏီ တစ်ခုက အစိုးရဌာန တစ်ခုနဲ့ အလုပ်လုပ်မယ်ဆိုရင် Local partner ရှိလား၊ Local partner ရှိရင် ပိုအဆင်ပြေတယ် ၊ local partner မရှိရင် အဆင်မပြေဘူး ၊ အဲ့ဒီတော့ အဲ့ဒီလိုမျိုးလေးတွေတော့ local partner လေးတွေက တဖြေးဖြေး တက်လာတာပေါ့ နော် ၊ ပေါင်းပြီးတော့ လုပ်ရတာဆိုတော့ သူ learn လုပ်ရတယ် ၊ပညာရတယ် ၊ သူလည်း ကြီးထွားလာတယ် ၊ Training တွေလည်း ရတယ် ၊ အဲ့ဒီလိုမျိုး လေးတွေပေါ့ ၊  အဲ့ဒီလိုမျိုးလေးတွေ ဆိုတော့ တိုးတက်လာတာ အများကြီးတွေရတယ် ၊   ကုမ္ပဏီသေးသေး၊ ကြီးကြီးလေး ၊ ကြီးတဲ့ ကုမ္ပဏီက ပိုကြီးလာတယ် ၊ သေးတဲ့ ကုမ္ပဏီက ပို ကြီးလာတယ် ၊ အဲ့ဒီလိုမျိုးလေးတွေ ကျွန်တော်တို့ တွေ့ရပါတယ် ။

မေး ။             ။   ၂၀၁၅ နောက်ပိုင်းမှာ NLD က အာဏာရလာတဲ့ အခါမှာ ကျွန်တော်တို့ ပြည်သူလူထုပဲ ဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းရှင်ပဲ ဖြစ်ဖြစ် ၊ နိုင်ငံတကာကပဲ ဖြစ်ဖြစ် အများကြီးမျှော်လင့် ခဲ့တယ် ၊ ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမူတွေ အများကြီးလာကြလိမ့်မယ် ဆိုပြီးတော့ အခုကျတော့ ပြောရမယ်ဆိုရင် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူးပေါ့ ဆရာရယ် ၊ ဘယ်မှာ တစ်ဆို့နေတာလဲ ။ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဘူးဆိုတဲ့ စကားကိုရော ဆရာလက်ခံလား ။

ဖြေ။              ။ ကျွန်တော့်ကို လွန်ခဲ့တဲ့ ၁ နှစ် ၂ နှစ်လောက်က မေးမယ်ဆိုရင် ကျွန်တော် လက်ခံတယ်၊ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘူး ၊မျှော်လင့်သလောက် မဖြစ်ဘူး ။ အဆင်မပြေဘူးပေါ့ဗျာ၊ အရင်တုန်းကပေါ့ ၊ ဒါပေမယ့် ဒီနေ့ ဒီအချိန်တော့ ကျွန်တော် တစ်မျိုးပြောမယ်၊ အရင်တုန်းကတော့ ပြောတဲ့အခါက ကျွန်တော်တို့ကတော့ စီးပွားရေး သမားဆိုတော့လေ ၊ ကျွန်တော် massage တစ်ခုပေးချင်တယ်၊ စီးပွားရေးသမားဆိုတာ စစ်ဖြစ်နေတဲ့ နယ်မှာလည်း စီးပွားရေးလုပ်တတ်တယ် ၊  ဒါပေမယ့် စစ်မဖြစ်တဲ့ နယ်မှာပဲ ကျွန်တော်တို့ စီးပွားရေး လုပ်ချင်တာပေါ့နော် ၊ ဒါပေမယ့် စစ်ဖြစ်တဲ့နေရာတွေမှာ စီးပွားရေးလုပ် ကိုင်ပြီး အရမ်းချမ်းသာသွားတဲ့လူကြီးတွေ လည်းရှိပါတယ် ၊ မြန်မာပြည်မှာ ညွှန်ပြလို့ရတယ် ၊ဒီလူကြီးကတော့ စစ်ဖြစ်နေတဲ့နေရာမှာ စီးပွားရေးတောင်လုပ်တတ်တယ် ဆိုတဲ့ လူတွေလည်းရှိပါတယ်၊ နာမည်လည်း ကြီးပါတယ်၊ ချမ်းလည်းချမ်းသာပါတယ်၊ ဆိုတော့ စီးပွားရေးသမားဆိုတာ ဒီလိုပဲ ဖြစ်ရမယ် ၊ ဘယ်အချိန် ကြည့်ကြည့် ဘယ်လိုအခြေအနေမှာ မဆိုလုပ်တတ်တယ်။ ဆိုတော့ အဲ့ဒီ ဦးသိန်းစိန်လက်ထပ်မှာ မို့လို့ စီးပွားရေး လုပ်တတ်တယ်၊ ဒီဘက် NLD အစိုးရ ကျွန်တော်တို့ရဲ့ အန်တီဒေါ်စု လက်ထပ်မှာမှ စီးပွားရေးမလုပ်တတ်ဘူးဆိုရင်  ဒါ စီးပွားရေးသမားမဟုတ်ဘူး ။ ဆိုတော့ ဟိုအရင်ကလည်း လုပ်တတ်ရမယ်၊ ဟိုးအရင် ခေတ်မှာလည်း လုပ်တတ်ရမယ်၊ ဦးသိန်းစိန်လက်ထပ်မှာလည်း လုပ်တတ်ရမယ် ၊ အန်တီစု လက်ထပ်မှာလည်းလုပ်တတ်ရမယ်၊ အဲဒီလိုမျိုးတော့ ကျွန်တော် မြင်တယ်၊ ကျွန်တော်တို့လည်း လုပ်တတ်အောင်တော့ ချက်ချင်းတော့ ပြောင်းလဲသွားတာ မတူဘူးလေ၊ ဦးသိန်းစိန်ဆိုတာ ကျွန််တော်တို့ အနေအထားကြည့်တော့ Corporation တစ်ခု ၊ CEO ကျွန်တော်တို့ နိုင်ငံရဲ့ CEO သူရဲ့စတိုင်က တစ်မျိုး၊ သူ အလုပ်လုပ်တဲ့ စတိုင်က တစ်မျိုး သူရဲ့ term က အလုပ်လုပ်တာ တစ်မျိုး၊ ဒီဘက်က အန်တီကျတော့ အန်တီ့ရဲ့ စတိုင်လ်က တစ်မျိုး ၊ အန်တီ background ကတစ်မျိုး၊ အန်တီ့ team အလုပ်လုပ်ပုံက တစ်မျိုး ဆိုတော့ ၊ ဒါပေမယ့် ဘာသွားဖြစ်သလဲ ဆိုတော့ ၊ အန်တီတို့ team က အခုမှ စလုပ်ရတယ်ဆိုတော့   Study Period က နည်းနည်း ကြာတယ် ၊ကြာသွားတယ်ပေါ့ ၊ ၃နှစ်လောက်ယူ လိုက်တာကို၊ နည်းနည်းတော့ ကြာတယ် ၊ အဲ့ဒီဟာလေးတော့ ပြောချင်တယ်၊  ဒါပေမယ့် အခုတော့ သူတို့ တော်တော်လေး နားလည်သွားပြီ၊ တတ် သွားပြီ၊ တတ်သွားပြီဆိုတော့ trap ပေါ်တတ်သွားပြီ၊ ဥပမာ အရင်တုန်းက ဆိုရင် စောစောကကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ဟာ လျှပ်စစ်စျေးနူန်းပြောင်းလဲမှုဟာ တက်တက်ချင်း လုပ်ရမယ့် အလုပ် ။ ၁နှစ် ၂နှစ် လုပ်သင့် တယ် ၊ဒါပေမယ့် အခု ၃ နှစ်မှ လုပ်တဲ့အခါ နောက်ကျသွားတာပေါ့နော်၊ အဲ့ဒီဟာပါပဲ ကျွန်တော်တို့က နည်းနည်းလေး နောက်ကျတယ်၊ ဒါပေမယ့် စီးပွားရေးသမားဆိုတာတော့ အကုန်လုံးလုပ်တတ်တယ်။ ဘယ်အချိန်မဆို လုပ်တတ်တယ်။ ဘယ်သူနဲ့မဆို လုပ်တတ်တယ်၊ ကျွန်တော် ့ NLD က တကယ့် စီနီယာ ဆရာကြီးပေါ့နော်၊ အန်ကယ်ကြီးက ကျွန်တော်ကို ဆူဖူးတယ်၊ ကျွန်တော်တို့က အခက်အခဲဖြစ်လာရင် သွားသွားပြောတာ ပေါ့နော်၊  ကျွန်တော် ဒီလိုလုပ်လို့ မရဘူး ဟိုလိုလည်းမရဘူး၊ အန်ကယ်ကြီးလုပ်ပါဦး၊ အန်ကယ်ကြီး ပြောပေးပါအုံး၊ သူကလည်း powerful ဖြစ်ပါတယ်။ မိတ်ဆွေလည်းပေါတယ် သူက ၊သူပြောပေးပါတယ်၊ ဒါပေ့မယ် မရဘူး၊ မရတဲ့ အခါကျတော့ အခါခါ သွားပြောရတယ်။ နောက်ဆုံးကျ ကျွန်တော့်ကို ဘာပြောလဲ မင်း မရဘူးလား၊ ဒီလောက်တောင်မလုပ်တတ်ဘူးလားကွာ ၊ငါတို့ငယ်ငယ်တုန်းက ဆိုရှယ်လစ်ခေတ်မှာ အလုပ်လုပ်လာတာ ၊ အဲ့ဒီကျမှ ကျွန်တော်က သဘောပေါက်တယ် ၊ အေး ဟုတ်တယ်၊ ငါလုပ်ကို လုပ်တတ်ရမယ် ဆိုပြီးတော့ ကျွန်တော်တို့ လမ်းကြောင်းပြန်ရှာ ၊ အဲ့ဒီတော့ ကျွန်တော်တို့ အခု လမ်းကြောင်း တစ်ခုပေါ်ကို ပြန်ရောက်ပါတယ်။

မေး ။             ။ အခု ဆရာတို့ကလည်း နိုင်ငံတကာနဲ့ ဆက်စပ်နေတဲ့ အခါကျတော့ ဒီနိုင်ငံတကာကနေပြီးတော့ စီးပွားရေး သမားတွေနဲ့ ဆွေးနွေးတဲ့အခါ သူတို့အနေနဲ့ ကျွန်တော်တို့ နိုင်ငံမှာ စိတ်ဝင်စားတဲ့ Sector တွေက ဘယ် Sector တွေ ရှိလဲ၊ ရင်းနှီး မြှပ်နှံ ဖို့ပေါ့နော်။

ဖြေ ။             ။ စိတ်ဝင်စားတဲ့ Sector က မနေ့ကလည်း ပွဲ တစ်ပွဲမှာ Finance conference မှာ ကျွန်တော်တို့ ဆွေးနွေးကြတယ် ၊ စိတ်ဝင်စားတဲ့ Sector အကုန်။ စိတ်ဝင်စားတာ မြန်မာပြည်က အကုန်လုပ်စရာတွေချည်းပဲ အများကြီးပဲ လုပ်စရာ ကျန်သေးတယ် ၊ အဲ့ဒီတော့ infrastructure ကြည့်မလား ၊ critical infrastructure အများကြီးလုပ်စရာ ကျန်သေးတယ် ၊ serve infrastructure , Education , Health Care အများကြီးလုပ်စရာ ကျန်သေးတယ် ၊ tourisim အများကြီး ကျန်သေးတယ် ၊ production အများကြီးကျန်သေးတယ် ၊ manufacture အများကြီးကျန်သေးတယ် ၊ ကြိုက်တဲ့လူ ကြိုက်တာလာ၊ အကုန်လုပ်စရာ ကျန်သေးတယ် ၊ ဆိုတော့ hot item တွေ Everything hot နေတာပဲ ။

မေး ။             ။  အဲ့ဒီတော့ ကျွန်တော်တို့မှာ လုပ်စရာ အများကြီး ရှိသေးတယ် ၊ အစကနေပြီးတော့မှ ဘယ်နေရာကနေပဲ စစ၊ စလိုက်တယ်ဆိုတာနဲ့ လုပ်စရာ ရှိလာမှာပဲ၊ တစ်ခုရှိတာက ခုနက ပြောသလိုပဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမူက   ခုနကပြောသလိုပဲ ထင်သလောက်ရောက်မလာဘူး ပေါ့နော် ၊ အဲ့ဒီတော့ ကျွန်တော်တို့ ဘာတွေလိုလဲ ၊ ဘာကြောင့်လဲ ၊ ဘယ်နေရာမှာ တစ်ဆို့နေတာလဲ၊ ဒါကို မေးခွန်းလေးတွေ ပြန်ကောက် ပါရစေ ။

ဖြေ။              ။   စီးပွားရေးလုပ်ငန်းလုပ်တာ နိုင်ငံခြားက investment လာတယ်ဆိုတော့ သူတို့ စီးပွားရေးလာလုပ်တာပေါ့ ၊ ဒီ ရပ်ကွက် ကြီးမှာ သူစျေးလာတည်တာပေါ့ ၊ ဈေ းဆိုင်လာတည်မယ်၊ သူလုပ်ငန်း လာလုပ်မယ် ၊ ခက်ခဲနေတာကတော့ အများကြီးပဲ ၊ ကျွန်တော်တို့က ဘယ်ဟာကို ကြည့်ပြီးတော့ ကျွန်တော်တို့က ပြောလဲဆိုတော့  Each of doing business measurement ဆိုတာ world bank က measure လုပ်တယ်။ နိုင်ငံပေါင်း ၁၉၀ ဆိုတော့ 190 economy ပေါ့ ၊ 190 economy ကို သူတို့တိုင်းတဲ့ အခါမှာ ပေတံတွေ ရှိတယ် ၊ အဲ့ဒီ ပေတံ တွေနဲ့ တိုင်းနေတဲ့အခါမှာ ကျွန်တော်တို့က ၁၇၁ ပါ ၊ ဘယ်သူနဲ့ သွားတိုက်လဲဆိုတော့ အီရတ်နဲ့ သွားတိုက်တယ် ၊ အီရတ်ကလည်း ၁၇၁ ကျွန်တော်တို့ကလည်း ၁၇၁ ထားလိုက်ပါတော့ အီရတ်က ။ ကျွန်တော်တို့က အဲဒီမှာ ဘာ အခက်အခဲရှိလဲဆိုတော့ သူတို့ measure လုပ်တဲ့ပုံစံက စီးပွားရေး စလုပ်တဲ့နေရာကနေ ဆုံးသွားတဲ့ အထိ။ ဆုံးသွားတယ်ဆိုတာ ကုမ္ပဏီ ပိတ်သိမ်းတာပဲ ဖြစ်ဖြစ် ကုမ္ပဏီရောင်းလိုက်တာပဲ ဖြစ်ဖြစ် ၊ အဲဒီ အထိပေါ့ နော်။ အဲ့ဒီလိုမျိုးဆိုတော့ ကျွန်တော် တို့က FDI လာတဲ့ အချိန်မှာလည်း ။ FDI ဝင်တဲ့ အချိန်ကနေပြီးတော့ FDI ပြန်ထွက်သွားတဲ့ အထိ ၊ အဲဒီလိုမျိုးတွေ ကျွန်တော်တို့ ကြည့်တဲ့အခါမှာ FDI ဝင် တယ် လွယ်တယ် ၊ MRC သွားလိုက်တယ် လွယ်တယ်၊ အားလုံး အဆင်ပြေတယ် ၊ operation လုပ်လိုက်တယ်၊ အဲ့ဒီမှာ စခက်ပြီ ၊ ခက်တာမှ labour, learn,finance, သူတို့ကတော့  FDI သမားကတော့ သူတို့ Finance နဲ့  သူတို့လာမယ်၊ သူတို့ Finance ကလည်း မြန်မာပြည်မှာဆိုလို့ ရှိရင် စင်ကာပူမှာ လုပ်မလား အတိုး ၄ ကျပ်ပဲပေးရမယ်၊ မြန်မာပြည်မှာ လုပ်မလား အတိုး ၆ကျပ် ပေးရမယ် ၈ကျပ်ပေးရမယ်၊ အဲ့ဒီလိုတွေ ဖြစ်သွားရော ဆိုတော့ သူတို့လည်း cost တွေ တက်တာပေါ့ ၊ cost တက်တော့ ကျွန်တော်တို့ စောစောက ယှဉ်တဲ့ဟာပေါ့ ဒီပစ္စည်း တစ်ခုကို မြန်မာပြည်မှာ ထုတ်တယ် သူရဲ့ Financial ကုန်ကျစရိတ်က ယိုးဒယားမှာ ထုတ်တဲ့ Financial  ကုန်ကျစရိတ်က ပိုများတယ်၊ ထုတ်တဲ့ဟာချင်းအတူတူ ဒီမှာက စျေးပိုကြီးနေတယ်၊ မြန်မာပြည်မှာ ဆိုတော့ ပြိုင်လို့ မရတော့ဘူး၊ အဲ့ဒီလိုမျိုးပေါ့၊ ပြည်တွင်းလုပ်ငန်းရှင် လည်း ပြိုင်ရတာခက်တယ် ၊ နိုင်ငံခြား လုပ်ငန်းရှင်လည်း မြန်မာပြည်လာပြီးတော့  မြန်မာပြည်မှာ ထုတ်ပြီး တခြားနိုင်ငံကို ပို့တဲ့ အခါကျရင် ပြန်ရတာခက်တယ်၊  ဘယ်လိုဟာမျိုးတွေကျတော့ သူတို့ကလာသလဲဆို ဥပမာ အထည်လိပ်လုပ်ငန်းတို့ Europe မှာ မြန်မာပြည်မှာ လုပ်တဲ့ အတွက်ကြောင့်မို့လို့ ပိုပြီးအခွင့်အရေးရတယ် ဆိုတဲ့ဟာမျိုး ၊ထိုင်းနိုင်ငံမှာ သွားလုပ်တယ် Duty ပေးရမယ်။ မြန်မာပြည်မှာ လုပ်မယ် Europe ကိုပို့ရင် duty မပေးရဘူး ၊ အဲ့ဒီကျတော့ သူက သာသွားပြီ ၊ ဆိုတော့ အဲ့ဒီလိုမျိုးလုပ်ငန်းတွေကတော့ အဆင်ပြေတာပေါ့ ၊ ဒါပေမယ့် over rock ကြည့်တဲ့ အခါကျရင် General ကြည့်တဲ့ အခါကျတော့ လုပ်စရာနေတွေ အများကြီး ကျန်သေးတယ်။

မေး၊              ။ကျွန်တော်တို့ မြန်မာနိုင်ငံ အတွက်ပေါ့လေ   ဖွံ့ ဖြိုးဖို့ အတွက် အနာဂတ်ရဲ့ စီမံကိန်းတွေ ရေတိုပဲ ဖြစ်ဖြစ် ရေရှည်ပဲ ဖြစ်ြ့ဖစ်ပေါ့ ၃နှစ်တန်သည်၊ ၅နှစ်တန်သည်၊ ၁၅ နှစ်တန်သည် ပေါ့ ၊ အဲ့ဒီတော့ ရေရှည်ဖွံ့ ဖြိုးဖို့ အတွက် ဘာတွေများ လုပ်ဖို့လိုတယ်လို့ ထင်မြင်ယူဆသလဲ ။

ဖြေ။       ။ ရေရှည်ဖွံ့ဖြိုးဖို့ ဆိုတာကတော့ နံပါတ် ၁ အချက် infrastructure ၊ ပြီးလို့ရှိရင် labour ။ ကျွန်တော်တို့ရဲ့ လုပ်ငန်း အလုပ်လုပ်တဲ့ လူတွေရဲ့ labour ပေါ့နော်။ အဲဒီဟာ ၂ ခုကတော့ အရမ်း အရေးကြီးတယ် ၊ infrastructure ဆို အမြဲတမ်း တိုးတက်အောင် အမြဲတမ်း ဖြစ်အောင် လုပ်နေရမယ်၊ ပြီးတော့ အဲ့ဒီ infrastructure လုပ်တဲ့အခါမှာလည်း ဘာ အရေးကြီးလဲဆို pricing က အရေးကြီးတယ်၊ infrastructure Pricing model ဆို သက်သက် ကို subject တစ်ခု အနေနဲ့ ရှိတယ်၊  infrastructure က ဒီနေ့ ဒီတစ်ခု ဆောက်ပြီးရင် နောက်နေ့မှာ နောက်တစ်ခု ထပ်ဆောက် နိုင်ရမယ်၊ ဒီနေ့ ဒီတစ်ခုဆောက်တယ်၊ နောက်နေ့ ဆောက်စရာ ပိုက်ဆံက မရှိတော့ဘူး ၊ ဒီ ဆောက်ပြီးသားကိုပဲ ထပ်တလဲလဲ လုပ်နေရတယ် ဆိုရင် ဒီတစ်ခုပဲ ဖြစ်မယ်၊ ဥပမာ လမ်းတစ်ခုဖောက်လိုက်တယ်၊ အဲ့ဒီ  လမ်းတစ်ခုဖောက်လိုက်တဲ့အခါမှာ ကားတစ်စီးဖြတ်လို့ရှိရင် မြန်မာငွေ ၁၀၀၀ ကောက်မယ် ၊ကားတစ်စီးကို မြန်မာငွေ ၁၀၀၀ ကောက်လို့ ရှိရင် ဒီလမ်း အတွက်က သူဟာသူ အဆင်ပြေတယ်၊ အရင်းကြေတယ်၊ ၅ နှစ်တန်သည် ၊၆ နှစ်တန်သည် ၊၈ နှစ်တန်သည် ၊၁၀ နှစ်တန်သည် ၊ အရင်းကြေတယ်၊ ဆိုတော့ ရင်းနှီး မြှပ်နှံမယ့်သူလည်း ရှိတယ် ၊  နှစ် ၂၀ ၊ သူက ၁၀ နှစ်၊ အရင်းကြေမယ်။ နောက်ထပ် ၁ဝနှစ် သူစားမယ်ဆိုတာပေါ့ ၊ ဒါ ဒီတစ်ခုကို ရင်နှီးမြှပ်နှံတာပေါ့၊ နောက်တစ်ခုလည်း အဲ့ဒီလိုပဲ လုပ်လို့ရတယ်၊ ဒါပေမယ့် ဒီလမ်း တစ်ခုကို ဖောက်လိုက်တယ်၊ ၁၀၀၀ ကောက် မှ ဖြစ်မှာကို ၅၀၀ ပဲ ကောက်တဲ့အခါကျတော့ ဒီဘက်က ကျွန်တော်က နောက်ထပ် ဆောက်မလို့က မရတော့ပြန်ဘူး၊ အဲ့ဒီလိုမျိုးဟာတွေ မဖြစ်ဖို့။ ကျွန်တော်တို့ လျှပ်စစ်လုပ်ငန်းက အဲဒီလို ဖြစ်သွားတာပဲ ၊ telecom ကတော့ မဖြစ်ဘူး၊ သူက ကြိုက်သလောက်လာ ကြိုက်သလောက်သုံး လိုအပ်တဲ့ တာဝါတိုင်တွေ ဆောက်ပေးမယ် ၊ အကုန်လုံး လုပ်ပေးနိုင်တာပေါ့၊ ဒီဘက်လျှပ်စစ်က အဲ့ဒီလိုမျိုးကျန်တယ် ၊ လမ်းတွေ တံတားတွေလည်း အဲ့ဒီလိုမျိုး ဖြစ်စေချင်တယ်၊ ဒါက တစ်ခု အရေးကြီးတာပေါ့ ။ဒါက infrastructure ၊ စောစောက အဲဒီဟာ ပြီးလို့ ရှိရင် sub infrastructure သူက health care အရေးကြီးတယ် ၊ education  အရေးကြီးတယ် ၊ အဲ့ဒီဟာလေးတွေကို တစ်စိုက်မတ်မတ် တိုးတက်အောင် လုပ်ရမှာပေါ့၊ လုပ်တဲ့ အခါကျလို့ ရှိရင်လည်း ကျွန်တော်တို့က ၁၀၀ ဖိုးလုပ်ရင် ၉၈ လောက်ဖြစ်ရမှာကို ၅၀ လောက်ပဲ ဖြစ်လို့ မရဘူးပေါ့ အချိန်မရှိဘူးပေါ့၊ ကျွန်တော်တို့က နောက်ကျ ကျန်ကျန်ခဲ့တာ၊ အဲဒီဟာလေးတော့ ကျွန််တော်ပြောချင်ပါတယ်။

မေး ။             ။ ဟုတ်ကဲ့ပါ ဆရာ ၊ ကျေးဇူးတင်ပါတယ်၊ မေးခွန်းလေးတွေလည်း ပြည့်စုံသွားပြီဆိုတော့ ဆရာခုနကပြောတဲ့ ဆရာလုပ်နေတဲ့  စီးပွားရေး လုပ်ငန်းတွေပဲ ဖြစ်ဖြစ်၊  ကျွန်တော်တို့ နိုင်ငံမှာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တာပဲ ဖြစ်ဖြစ်၊ ဆရာ ထောက်ပြပြောဆိုလိုတာ ဖြည့်ပြောပေးပါ ဆရာ။

ဖြေ ။             ။  ကျွန်တော် ပြောချင်တာကတော့ ကြိုးစားပါ ၊ ဘယ်သူမဆိုပေါ့ CEO လည်း CEO အလျှောက် ကြိုးစားရပါမယ်၊ ပိုပြီးတော့ တိုးတက်အောင်လုပ်ပါ ၊ဘေးနားက လူတွေကို ဝိုင်းကူပါ ၊ဝိုင်းပါ ။ ကိုယ်တစ်ယောက်တည်း ချွန်ပြီးတော့ ရှေ့ ရောက်သွားရင်လည်း မကောင်းဘူးလေ၊ အဆင်မပြေဘူးပေါ့နော်၊ အားလုံးပါအောင်လုပ်ပါ ၊ နောက်ပြီးတော့ နောက်ဆုံးပြောချင်တာက regional မှာ ကျွန်တော်တို့က နည်းနည်းလေး ကျန်သေးတယ် ၊ ကျန်ခဲ့တယ်ဆိုတာက ဘာကျန်လဲဆိုတော့ အများကြီးကျန်ခဲ့တာ မဟုတ်ဘူး၊ ကျွန်တော်တို့က fine tuning လေးတွေ လိုတာပေါ့နော်၊ ကျွန်တော်တို့က လက်ရာကြမ်းတယ်ပေါ့နော်၊  ကျွန်တော်တို့ လက်ရာလေးတွေ အနုစိပ်ပါလို့ ပြောချင်ပါတ်၊ လက်ရာလေးတွေ အနုစိပ်ရင် ပိုတန်ဖိုးရှိပါတယ် ၊ ကျေးဇူးတင်ပါတယ်။     ။

(မဇ္စျိမ)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly