စီးပွားရေးလုပ်ငန်းရှင်များ၏အခက်အခဲများကိုဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ အသင်း ဖွဲစည်း

စီးပွားရေးလုပ်ငန်းရှင်များ၏အခက်အခဲများကိုဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ အသင်း ဖွဲစည်း

ရန်ကုန် ၊ သြဂုတ်လ၂၂ ။        ။ စီးပွားရေးလုပ်ငန်းရှင်များ၏အခက်အခဲများနှင့် တောင်သူလယ်သမား၊အလုပ်သမားများ ၏ ဘဝများကို မြှင့်တင် ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

"မြန်မာနိုင်ငံစီးပွားရေးအဖွဲ့အစည်းကြီးဟာ အစိုးရအဖွဲ့အစည်းအပါအဝင် မည်သူ့ကိုမျှ မည်သည့်အခါမျှ တိုက်ခိုက်ပြုလုပ်မှာ မဟုတ်ဘဲ အားလုံးကို မိတ်ဖွဲ့ဆက်ဆံပြီး စီးပွားရေးလုပ်ငန်းရှင်များ၏ အောင်မြင်မှု ကို ဆောင်ရွက်ပေးရင်း တောင်သူလယ်သမား ၊ အလုပ်သမားများ ရဲ့ ဘဝများကိုပါ မြှင့်တင်ပေးနိုင်ကာ နိုင်ငံ၏ဖွံ့ ဖြိုးတိုးတက်မှုကို တစ်တပ်တစ်အားပါဝင်ဆောင်ရန် သန္ဒိဋ္ဌာန် ပြုထားပါတယ်" ဟုမြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ ဖြစ်သော ဦးကိုကိုထွေး က ပြောသည်။

အဆိုပါ စီးပွားရေးလုပ်ငန်းရှင်များအသင်းကို ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့၊ ဘဏ်လုပ်ငန်းရှင်အချို့၊ ကန်ထရိုက်တာလုပ်ငန်းရှင်အချို့၊ မွေးမြူရေးလုပ်ငန်းရှင်အချို့၊ဟိုတယ်လုပ်ငန်းရှင်အချို့ တို့ ပူးပေါင်းကာ မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်းအဖြစ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်ဆို ဒီနောက်ပိုင်း ညတစ်နာရီ ၁၂ နာရီအထိထိုင်ပြီး တရားလေးဖွင့်ပြီး တစ်ခါတလေကြရင် ဘယ်ဘက်က ညာဘက်က မစီးပါဘူး။ မျက်ရည် တောက်တောက်ကျတဲ့အထိကို အခက်အခဲတွေ ရှိပါတယ် "ဟု မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ အသင်း ၏ နာယက ဒေါက်တာ ဦးခင်ရွှေက ပြောကြားခဲ့သည်။

ပထမဆုံးအကြိမ် စတင်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်းကို အသင်းသားများ ၏ ဝင်ကြေး၊လစဉ်ကြေးများ ကောက်ခံမည်မဟုတ်ကြောင်းနှင့် အသင်း ၏ ဗဟိုကော်မတီဝင်များ၊ ကော်မတီ အသီးသီးမှ တာဝန်ရှိသူများ၏ ထည့်ဝင်မည့် ရန်ပုံငွေ ဖြင့် ရပ်တည်သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required