ဖိလစ်ပိုင်နိုင်ငံမှ LGBT ဆယ်လီ Sinon Loresca မြန်မာနိုင်ငံကို ရောက်ရှိ

ဖိလစ်ပိုင်နိုင်ငံမှ LGBT ဆယ်လီ Sinon Loresca မြန်မာနိုင်ငံကို ရောက်ရှိ
ဓာတ်ပုံ-Sinon Loresca

ရန်ကုန်၊ သြဂုတ် ၂၁ ရက် ။           ။ Miss Earth Myanmar 2019 အတွက် The King of Catwalk လို့ ဆိုရှယ်မီဒီယာမှာ နာမည်ကျော်ကြားတဲ့ ဖိလစ်ပိုင်နိုင်ငံမှ LGBT ဆယ်လီ Sinon Loresca ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။

သြဂုတ် ၂၁ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့တာဖြစ်ပြီး သူက မန္တလေးမြို့ကို တိုက်ရိုက် သွားရောက်ခဲ့တာပါ။


သူက မြန်မာနိုင်ငံကို လာမဲ့အကြောင်း၊ မြန်မာဝတ်စုံနဲ့ Catwalk လျှောက်ဖို့ မစောင့်နိုင်တော့ကြောင်း ဖေ့ဘွတ်ခ်မှာ တင်ထားခဲ့သလို မြန်မာအလှမယ်တွေနဲ့ပုံကိုလည်း တင်ထားခဲ့တာပါ။

မြန်မာအမျိုးသားဝတ်စုံနဲ့ Hello Mandalay Myanmar လို့ သူ့ပုံကို လူမှုကွန်ရက်မှာ မျှဝေခဲ့ပါသေးတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ၁၉၈၈ မှာ မွေးဖွားခဲ့တဲ့ Sinon Loresca ဟာ အသက် ၃၀ ရှိနေပါပြီ။ ဒေါက်ဖိနပ်အမြင့်၊ ဆစ်ခ်ပက်ခ်ရှိတဲ့ ခန္ဓာကိုယ်နဲ့ သူ့ရဲ့ Catwalk လျှောက်တဲ့ပုံစံဟာ လူအများကြား ထင်ရှားပါတယ်။

Miss Earth Myanmar 2019 Coronation Night အတွက် သူက လာရောက်တာဖြစ်ပြီး Miss Earth Myanmar 2019 ဖိုင်နယ်ပွဲစဉ်ကို မန္တလေးမြို ့၊ ဒိုင်းမွန်းပလာမှာ သြဂုတ်လ ၂၆ ရက်နဲ့ ၂၈ ရက်နေ့ နှစ်ရက်တာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

သြဂုတ်လ ၆ ရက်နေ့၊ ညနေပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို ့နယ်ရှိ ဆရာစံပလာဇာ ( CBC Ballroom ) မှာ Miss Earth Myanmar 2019 ပြိုင်ပွဲဝင်တွေကို စာနယ်ဇင်းမီဒီယာတွေနဲ့ မိတ်ဆက်ခဲ့တာ ဖြစ်ပြီး Glamorous International မှ ဦးစီးကျင်းပခဲ့တာပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly