ONE: DREAMS OF GOLD ပြိုင်ပွဲမှ စိတ်လှုပ်ရှားစရာ အခိုက်အတန့် ၄ ခု

ONE: DREAMS OF GOLD ပြိုင်ပွဲမှ စိတ်လှုပ်ရှားစရာ အခိုက်အတန့် ၄ ခု

သြဂုတ်လ ၁၆ ရက်က ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သော ONE: DREAMS OF GOLD ပြိုင်ပွဲကြီးကို တွဲဆိုင်း ၁၄ ဆိုင်းနှင့်အတူ ကျင်းပပြီးစီးသွားပြီဖြစ်သည်။ တွဲဆိုင်းအားလုံးလိုလို ဖျော်ဖြေမှုအပြည့်ပေးစွမ်းနိုင်သော ပွဲကြီးပွဲကောင်းများဖြစ်ရာ ပရိသတ်များကို ဖျော်ဖြေမှုအပြည့် ပေးစွမ်းနိုင်ခဲ့သည်။

အဓိကတွဲဆိုင်းဖြစ်သည့် ဖလိုင်းဝိတ်တန်း Kick Boxing ချန်ပီယံ တွဲဆိုင်းတွင် လက်ရှိချန်ပီယံ ထိုင်းအားကစားသမား Petchdam Petchyindee Academy ကို နယ်သာလန်အားကစားသမား Elias Ennahachi က အလဲထိုးအနိုင်ရကာ လက်ရှိချန်ပီယံ ခါးပတ်ကို လွှဲပြောင်းရယူသွားခြင်းက အိမ်ရှင်ထိုင်းပရိသတ်များကို အံ့အားသင့်စေခဲ့သည်။

ထို့ကြောင့် Impact Arena အားကစားရုံတွင်ပြုလုပ်သော ONE: DREAMS OF GOLD ပြိုင်ပွဲမှ စိတ်လှုပ်ရှားစရာ အခိုက်အတန့် ၅ ခုကို ဖော်ပြလိုက်ပါသည်။

 ၁။ ထိုင်းပရိသတ်များ မှင်သက်သွားရသည့် အဓိကခေါင်တွဲဆိုင်း

နောက်ဆုံးကျင်းပသော အဓိကတွဲဆိုင်းကြီးမစမီ ထိုင်းနိုင်ငံမှပရိသတ်များက ၎င်းတို့နိုင်ငံကိုယ်စားပြုကာ ဖလိုင်းဝိတ်တန်း ကမ္ဘာ့ ချန်ပီယံခါးပတ်ကိုပိုင်ဆိုင်ထားသော Petchdam Petchyindee Academy သာ အလွယ်တကူအနိုင်ရမည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် လည်း ထိုင်းပရိသတ်များအနေဖြင့် ပြိုင်ဘက်ဖြစ်သူ နယ်သာလန်အားကစားသမား Elias Ennahachi ကို လျှော့တွက်ခဲ့ခြင်းက တန်ဖိုး ကြီးကြီးမားမား ပေးဆပ်ခဲ့ရသည်ဟု ဆိုနိုင်သည်။

အသက် ၂၃ နှစ်အရွယ် SB Gym အသင်းသား Ennahachi မှာ ကမ္ဘာ့Kick Boxingချန်ပီယံဆုကို ၆ ကြိမ်ရဖူးသလို ဘယ်ခြေအမြင့် ကန်ချက်များကလည်း ပြင်းထန်အားပါလွန်းသောကြောင့် ၎င်းနှင့်ရင်ဆိုင်သမျှ ပြိုင်ဘက်တိုင်းက အကန်မခံရစေရန် သတိထားလေ့ရှိ သည်။ Petchdam မှာလည်း ဘယ်သန်တစ်ယောက်ပင်ဖြစ်ရာ ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ပွဲအစ စက္ကန့်ပိုင်းမှာပင် အိမ် ရှင်အားကစားသမား၏ ဘယ်ခြေကန်ချက်က Ennahachi ၏ မတော်ရာကိုထိမှန်ခဲ့၍ ဆေးကုခွင့်တောင်းခံခဲ့ရသည်။

ထို့နောက်တွင်တော့ နယ်သာလန်အားကစားသမားက ပြင်းထန်အားပါသော ဘယ်ခြေအမြင့်ကန်ချက်များ၊ ဘယ်ညာလက်သီးတွဲလုံး များက Petchdam ကို အထိနာစေခဲ့ပြီး ဒုတိယအချီ ၁ မိနစ်၊ ၃၀ စက္ကန့်တွင် Ennahachi ၏ လက်သီးတွဲလုံးများကြောင့် လက်ရှိချန်ပီယံ ကြိုးဝိုင်းကြမ်းပြင်ပေါ် လဲကျသွားခဲ့သည်။

တတိယအချီတွင်လည်းEnnahachi၏လက်သီးတွဲလုံးများကြောင့်Petchdamကြမ်းပြင်ပေါ်လဲကျခဲ့သလိုဆက်လက်ယှဉ်ပြိုင်ရာတွင်လည်းသက်လုံကျလာပြီဖြစ်ရာပြိုင်ဘက်၏ပြင်းထန်အားပါသောဘယ်ညာလက်သီးတွဲလုံးများ၊ ပင့်လက်သီးများကြောင့် ၅၉ စက္ကန့် တွင် ထပ်မံလဲကျသွားခဲ့ရပြန်သည်။ လက်ရှိချန်ပီယံ Petchdam ၏အခြေအနေမှာ ကိုယ့်ကိုယ်ကိုယ်တည်ရန်ပင် မဖြစ်နိုင်ဘဲ ယိုင်ထိုးနေ ရာ ကြိုးဝိုင်းဒိုင်လူကြီးက Ennahachi ကို အလဲထိုးအနိုင်ပေးခဲ့သည်။

ထိုအချိန်မှစ၍ Impact Arena အားကစားရုံအတွင်း ထိုင်းပရိသတ်များ၏အားပေးသံများ ပျောက်ဆုံးသွားခဲ့သလို Petchdam ထံမှ ဖ လိုင်းဝိတ်တန်း Kick Boxingကမ္ဘာ့ချန်ပီယံခါးပတ်ကို Ennahachi ရယူလိုက်ချိန်က စိတ်လှုပ်ရှားစရာအကောင်းဆုံးအခိုက်အတန့်ဟု ဆိုနိုင်သည်။

 ၂။ ထိုင်းအားကစားသမားများ ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခြင်း

ONE: DREAMS OF GOLD ပြိုင်ပွဲတွင်ကျင်းပသော တွဲဆိုင်း ၁၅ ဆိုင်းအနက် အိမ်ရှင်ထိုင်းနိုင်ငံကိုယ်စားပြု အားကစားသမား ၆ ဦးအ ထိရှိသည်။ ထိုင်းအားကစားသမားများအနက် ပထမဆုံးယှဉ်ပြိုင်ရသည့် Bangpleenoi Petchyindee Academy က စူပါစီးရီးမွေထိုင်း Catch Weight ပွဲစဉ်တွင် အမေရိကန်အားကစားသမား Liam Nolan ကို ပထမအချီမှာပင် အနိုင်ရခဲ့သည်။

ထို့နောက်တွင် ၎င်းနောက်မှယှဉ်ပြိုင်သော Lerdsila Phuket Top Team၊ Muangthai PK.Saenchaimuaythaigym၊ Stamp Fairtex တို့မှာ နိုင်ပွဲများဆက်တိုက်ရယူခဲ့ရာ နောက်ဆုံးကျန်ရှိသည့် ၂ ပွဲတွင်ယှဉ်ပြိုင်မည့် “Smokin” Jo Nattawut နှင့် Petchdam Petchyindee Academy တို့ကိုလည်း နိုင်ပွဲရယူနိုင်ဦးမည်ဟု ထိုင်းပရိသတ်များ ယူဆခဲ့ကြသည်။

သို့သော် ဖယ်သာဝိတ်တန်း Kick Boxing ဂရင်းပရီ ဆီမီးဖိုင်နယ်တွဲဆိုင်းတွင် Smokin Jo Nattawut က အီတလီအားကစားသမား Giorgio Petrosyan ကို ပထမအချီမှာပင် အရေးနိမ့်ခဲ့သလို  Petchdam ကလည်း Ennahachi ကိုရှုံးနိမ့်ကာ ဖလိုင်းဝိတ်တန်း Kick Boxing ကမ္ဘာ့ချန်ပီယံခါးပတ်ကို လက်လွတ်ခဲ့ရသည်။

နောက်ဆုံးတွဲဆိုင်း ၂ ဆိုင်းက ၎င်းတို့ကိုပျော်ရွှင်စေလိမ့်မည်ဟု ယူဆထားသော ထိုင်းပရိသတ်များအတွက် မထင်မှတ်သောရလဒ်များ သာရယူခဲ့ရာ အဆိုပါအချိန်များက စိတ်ညစ်စရာ အခိုက်အတန့်များ ဖြစ်သွားခဲ့ရသည်။

 ၃။ လိုက်ဝိတ်တန်းချန်ပီယံဟောင်းအတွက် မမေ့နိုင်စရာအခိုက်အတန့်

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်းဖြစ်သည့် ONE Chmapionship ပြိုင်ပွဲတွင် အစောပိုင်းကာလများကတည်းက ပါ ဝင်ယှဉ်ပြိုင်ခဲ့သူများအနက် ဂျပန်အားကစားသမား Kotetsu “No Face” Boku လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ Boku သည် ONE ၏ လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကိုလည်း ပထမဦးဆုံးရယူနိုင်သူဖြစ်သလို ပြိုင်ပွဲတိုင်းတွင်လည်း ရင်ဆိုင်တွေ့ဆုံသမျှ ပြိုင်ဘက်တိုင်းကို တိုက်စစ်အသားပေးသည့်နည်းဗျူဟာဖြင့်သာ ယှဉ်ပြိုင်လေ့ရှိသူဖြစ်သည်။

ဆာမူရိုင်းစိတ်ဓာတ်အပြည့်ရှိသူ Boku သည် ONE: DREAMS OF GOLD ပြိုင်ပွဲတွင်လည်း ဗီယက်နမ်-အမေရိကန်ကပြား Thanh Le ၎င်း၏ထုံးစံအတိုင်း တိုက်စစ်နည်းဗျူဟာဖြင့်သာ ရင်ဆိုင်ခဲ့သည်။ အသက် ၄၂ နှစ်အရွယ် Boku သည် ၎င်းထက် ၉ နှစ်ငယ်သော Le ကို ပွဲစကတည်းက ခြေကန်ချက်များ၊ လက်သီးထိုးချက်များသုံးကာ တိုက်စစ်ဖြင့် ဖိအားပေးခဲ့သည်။

သို့သော် ၈၈ စက္ကန့်အကြာတွင်မူ Boku ၏ ကစားသမားဘဝတစ်လျှောက် ဒုတိယမြောက် ပွဲသိမ်းအမြန်ဆုံးရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။ ၎င်းက တိုက်စစ်ဆင်နေရင်း Le ၏ ဘယ်ခြေကန်ချက် ဗိုက်ကိုထိမှန်ကာ တစ်ဆက်တည်းလိုက်ပါလာသော ညာလက်သီးကလည်း မျက် နှာကိုထိမှန်သွားသောကြောင့် ကြမ်းပြင်ပေါ်လဲကျသွားခဲ့သည်။

ထို့နောက် လဲကျနေသော Boku ၏မျက်နှာကို Le က အားပါပြင်းထန်လှသော ညာလက်သီးတစ်လုံးဖြင့် တိုက်ခိုက်လိုက်ပြီးနောက် ဒိုင် လူကြီးက အမေရိကန်အားကစားသမားကို ဒိုင်ပွဲရပ်အနိုင်ပေးခဲ့သည်။

 ၄။ Nattawut အတွက် ထာဝရမမေ့နိုင်သော အချိန်ကာလများ

မွေထိုင်းKick Boxingအားကစားသမား “Smokin” Jo Nattawut ၏ ကစားသမားဘဝတစ်လျှောက် ကစားသမားတစ်ဦးတည်းကို ၂ ပွဲရှုံးဖူးခြင်း မရှိသေးပေ။ သို့သော် ထိုအရာက ONE: DREAM OF GOLD ပြိုင်ပွဲ၏ အဓိကတွဲဆိုင်းမတိုင်မီ ၎င်းနှင့်ရင်ဆိုင်ဖူးသူ အီတလီ အားကစားသမား Giorgio Petrosyan နှင့် ဒုတိယအကြိမ် မထိုးသတ်မီအထိသာဖြစ်သည်။

Nattawut နှင့် Petrosyan တို့မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလအတွင်းကလည်း ပထမဆုံးအကြိမ်ဆုံဖူးပြီး အီတလီအားကစားသမားက ဒိုင်လူ ကြီးများ၏ အနိုင်ပေးမှုနှင့်အတူ အောင်ပွဲခံခဲ့သည်။ ထို့ကြောင့် ယခုပွဲက အိမ်ရှင်ထိုင်းပရိသတ်များရှေ့မှောက်တွင် Petrosyan ကို ပြန် လည်လက်စားချေနိုင်ရန် Nattawut အတွက် အကောင်းဆုံးအခွင့်အရေးဖြစ်ခဲ့သည်။

သို့သော်လည်း ပထမအချီ ၂ မိနစ်၊ ၄၂ စက္ကန့်တွင် Petrosyan ၏ ပြင်းထန်အားပါသော ဘယ်လက်သီး မျက်နှာကိုထိမှန်သွားချိန်တွင် တော့ Nattawut တစ်ယောက် ကြိုးဝိုင်းကြမ်းပြင်ပေါ်လဲကျသွားခဲ့ပြီးပြန်မထနိုင်တော့ဘဲ အလဲထိုးဖြင့် ရှုံးနိမ့်သွားခဲ့သည်။ အကျိုးဆက် အဖြစ် Nattawut မှာ ဗိုလ်စွဲလျှင် ဆုကြေး အမေရိကန်ဒေါ်လာ ၁ သန်းရရှိမည့် ဖယ်သာဝိတ်တန်း Kick Boxing   ဂရင်းပရီဗိုလ်လုပွဲ သို့ တက်ရောက်နိုင်ခြင်းမရှိသလို ၎င်း၏ ကစားသမားဘဝတစ်လျှောက် ပြိုင်ဘက်တစ်ယောက်တည်းကို ၂ ပွဲရှုံးနိမ့်မှုဖြစ်လာခဲ့ရာ ၎င်းအ တွက် လက်ခံနိုင်စရာမရှိသော အခိုက်အတန့်များ ဖြစ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required