UNESCO ပုဂံ နဲ့ ခရီးသွားလုပ်ငန်း

UNESCO ပုဂံ နဲ့ ခရီးသွားလုပ်ငန်း

မင်္ဂလာပါ မဇ္စျိမ ပရိတ်သတ်များခင်ဗျာ ။ ကျွန်တော်တို့ အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့  Exclusive Interview အစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျာ။ ဒီနေ့မှာတော့ Eden Group  ရဲ့  Executive Director ဖြစ်တဲ့ ဆရာ ဦးကျော်နီခင်ကို ကျွန်တော်တို့ တွေ့ဆုံမေးမြန်းသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။   ဆရာဟာဆိုလို့ရှိရင် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းကို   ထဲထဲဝင်ဝင်လုပ်နေတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ဖို့ ဘာတွေလိုသေးလဲ၊ ဘာတွေလုပ်နေသလဲ ဆိုတာတွေကို မေးမြန်းသွားမှာ ဖြစ်ပါတယ်။

မေး။              ။ ဆရာ မင်္ဂလာပါဗျာ၊ ဆရာတို့ Eden Group အနေနဲ့ပေါ့ ။ ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်း ဖွံဖြိုးတိုးတက်ဖို့ပဲဖြစ်ဖြစ် ၊ ခရီးသွားလုပ်ငန်းမှာ ဘာတွေ လုပ်နေလဲဆိုတာ ပထမဆုံး မေးပါရစေ ။

ဖြေ။              ။ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းကတော့ တော်တော်ကြာပါပြီ ၊ လွန်ခဲ့တဲ့ ၁၅ နှစ် ကျော်လောက်ထဲက လုပ်ခဲ့တာပေါ့နော်၊ ကျွန်တော်တို့ ဒီ အေးသာယာ corporate sole ဆ်ိုပြီးတော့ လုပ်ခဲ့တာ ရှိပါတယ်၊ ကျွန်တော်တို႔ ဒီ Eden ဆိုတဲ့ နာမည်ကလည်း eden garden ဆိုတဲ့ restaurant ကနေ စခဲ့တာပေါ့ ၊ ကြာပြီပေါ့နော်။ ကျွန်တော်တို့ ဒီ Restaurant တွေ၊ ရန်ကုန်မှာဆိုရင်လည်း Signature FineDine တွေ နောက်တစ်ခါ Fuji Coffee House ၊ Gengi  suki နောက် Wine Link ဆိုတဲ့ Resturant change တွေ နဲ့ ပတ်သက်ပြီး လုပ်ပါတယ် ၊နောက်တစ်ခါကျတော့ ရန်ကုန် အနေနဲ့ ဆိုရင်လည်း ကျွန်တော်တို့ အမေရိကန် Resident ပေါ့နော်၊ American Resident က ကမ္ဘာအေး ဘုရားလမ်းမှာ ဟိုတယ်နဲ့ ပတ်သက်ပြီးလုပ်ပါတယ်၊ နောက်တစ်ခါ ကျွန်တော်တို့ Middle Class ခရီးသွားတွေအတွက် Link ဆိုတဲ့ ဟိုတယ် ကို မန္တလေးမှာ နှစ်လုံး၊ ရန်ကုန်မှာ တစ်လုံးရှိပါတယ်၊ ဒါလည်း ကျွန်တော် ချဲ့သွားဖို့ ရှိပါတယ် ။ နောက် ကျွန်တော်တို့   International Hotel Change တွေနဲ့ ပေါင်းပြီးတော့ Hilton Hotel Change က ၃လုံးကို သူတို့ Manage လုပ်ပေးနေပါတယ်၊ တစ်လုံးကတော့ နေပြည်တော်မှာ ရှိပါတယ် ၊ တစ်လုံးကတော့ ငပလီနဲ့ နောက်ဆုံး edition အနေနဲ့ကတော့ မန္တလေးမှာ ကျွန်တော်တို့ ထားရှိပါတယ်။

မေး၊              ။ကျေးဇူးပါဆရာ ၊ လုပ်နေတာလည်း ကြာပြီပေါ့နော်၊ ခရီးးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုလို့ရှိရင် မီးခိုးမထွက်တဲ့ စက်ရုံဆိုပြီးတော့ အများအားဖြင့် ပြောကြတာဆိုတော့  ခရီးသွားလုပ်ငန်းကလည်း အင်မတန်ကိုမှ Side effect မရှိဘဲနဲ့ ဝင်ငွေရတဲ့ လုပ်ငန်းပေါ့နော်။ အဲ့ဒီတော့ လက်ရှိမှှာ မြန်မာနိုင်ငံ အခြေအနေပေါ့လေ၊ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း အခြေအနေဟာ ဘယ်လိုရှိပါသလဲ။ တခြားဒေသတွင်း ဒေသနိုင်ငံတွေနဲ့ နိူင်းယှဉ်ရင်ပေါ့နော်၊ ဥပမာ ထိုင်းဆိုရင်တော့ ကျွန်တော်တို့ ကြည့်မိရသလောက်ဆိုရင်  လေဆိပ်ထဲ ဝင်သွားပြီဆိုရင် လေဆိပ်ကြီးက တကယ့်ကို စည်ကားတာပေါ့၊ ရန်ကုန်လေဆိပ်ကတော့ နည်းနည်း လူနည်းတယ်လို့ ပြောလို့ ရတယ်ပေါ့နော်၊ အဲ့ဒီဟာလေးနဲ့ပတ်သက်ပြီး ပြောပြပေးပါလား။

ဖြေ ။             ။ ဒေသတွင်းပေါ၊့ ASEAN ဒေသတွင်းမှာ သန်း ၁၅၀ လောက် လာတာ ရှိတယ် ၊ ကျွန်တော်တို့ နိုင်ငံကိုတော့ လာတာ သန်း ဂဏန်းလေးပဲ ရှိတယ်ဆိုတော့ ကျွန်တော်တို့ အဲ့ဒီလိုသာ ကြည့်မယ်ဆို ကျွန်တော်တို့နိုင်ငံကို လာရမယ့်အကြောင်းက အများကြီးပဲရှိတယ်၊ ကျွန်အတော်တို့ အဖွဲ့အနေနဲ့လည်း ဒီ tourism development ကိစ္စကို ပိုပြီးတော့ စိတ်ဝင်စားနေတယ်ပေါ့နော်၊ ကျွန်တော် ယုံလည်း ယုံကြည်တယ်ပေါ့နော် ၊ ကျွန်တော်တို့နိုင်ငံမှာ  ညီလေး ပြောသွားသလိုပဲ မီးခိုးမထွက်တဲ့ စက်ရုံပါပဲ ။ ဒါ နိုင်ငံရဲ့ ကျွန်တော်တို့ GDP ကို တစ်ဖက်တစ်လမ်းက ကိုယ်စားပြုနိုင်သလို ဒီ tourism Industrtry ထဲမှာရှိနိုင်တဲ့ stakeholder တွေ အားလုံးကိုလည်း အကျိုးပြုနိုင်မယ်လို့ ကျွန်တော် ထင်တယ်။ အခုချိန်မှာ tourism သည် ကျွန်တော် လုပ်ရမယ့် လုပ်ငန်း တစ်ခုလို့လည်း ကျွန်တော်တို့ အဖွဲ့အနေနဲ့ ခံယူထားပါတယ်။

မေး။              ။ ဆိုတော့ လက်ရှိမှာရော ထပ်ပြီးတော့ ကျွန်တော်တို့  ခရီးသွားတွေ များများစားစား လာဖို့ကို ဘာတွေများ ဆက်လုပ်ဖို့ ရှိလည်းပေါ့။ ဥပမာ ကျွန်တော်တို့မှာ  Resource တွေက အများကြီးရှိတယ်၊ ကမ်းခြေတွေဆိုရင် တော်တော် များများ ရှိတယ် ၊ ပုဂံ ရှိတယ် အစရှိသဖြင့်ပေါ့နော်။

ဖြေ။   ။ အခု ဒီဘက် နှစ်ပိုင်းတွေမှာလည်း ကျွန်တော် ထပ်ပြီးတော့ improvement တွေ အများကြီးတွေ့ရပါတယ်၊ ဥပမာဆိုရင် မနှစ်လောက်က ကျွန်တော်တို့  China , Korea, Japan ၊ ဒါတွေကို ကျွန်တော်တို့က ဗီဇာပေးတာပေါ့နော် ၊ ဒီနှစ်ဆိုလည်း ထပ်ပြီး European Nations တွေကို ထပ်ပြီးတော့ Visa of arrival ပေးတယ် ၊ ဒါက ကျွန်တော်တို့ တစ်ဖက်တစ်လမ်းက tourist arrival ကို အထောက်အကူ ပြုတာ တွေ့ရတယ်ပေါ့နော်၊ တခြား တိုင်းဒေသကြီးတွေကလည်း အသီးသီးပေါ့၊ ဥပမာ မွန်ပြည်နယ်ပဲဖြစ်ဖြစ် ကရင်ပြည်နယ်ပဲ ဖြစ်ဖြစ်၊ ခုဆိုရင် စစ်ကိုင်းတိုင်းပဲ ဖြစ်ဖြစ် ဒေသတွင်းမှာ ရှိနေတဲ့ tourism spot တွေကို သူတို့က ဖော်ထုတ်ပြီးတော့ Tourist တွေကို လိုက် Promote လုပ်နေတာလေး တွေ့ရပါတယ်၊ ဆိုတော့ အဲ့ဒီအချိန်မှာလည်း ကျွန်တော်တို့ ဒီ industry ထဲက စီးပွားရေးလုပ်ငန်းရှင်တွေ ၊စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်တွေ NGO အဖွဲ့ အစည်းတွေ influencer တွေ၊ ဒါတွေ အကုန်လုံးကလည်း ပူးပေါင်း ဆောင်ရွက်လာတာ ဟိုး အရင် သက္ကရာဇ်တွေ ထက်စာရင် အများကြီးတွေ့ရတယ်၊ ဒါ ကျွန်တော်မြင်တာတော့ ကောင်းတဲ့ အလားအလာပဲ ပေါ့နော်၊ ဥပမာ tourist က မြန်မာပြည်ကို လာတယ်ဆိုရင် ရန်ကုန် ၊ မန္တလေး၊ ငပလီ ၊ ပုဂံ ၊ ဒါတွေကို ကျော်လွန်ပြီးတော့ ကျွန်တော်တို့မှာ လည်စရာတွေအများကြီး ရှိတယ်ပေါ့နော်၊ ဆိုတော့ အဲ့ဒီတော့ အားလုံး stakeholder တွေ အားလုံး ညီညီညွှတ်ညွှတ်နဲ့သာ Push လုပ်နိုင်တယ်ဆိုလို့ရှိရင် ကျွန်တော်မြင်တာတော့ ဒီ Torisum က ဒီနှစ်ပိုင်းပေါ့ ဒီ ၄ - ၅ နှစ် အတွင်းမှာ အများကြီး boom ဖြစ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

မေး ။`           ။ တစ်ချို့ပေါ့နော် ဒါကလည်း နည်းနည်း Negative ဘက်က ပြန်တွေးသလိုပဲပေါ့၊ ထိုင်းကို ကြည့်လိုက်ရင် ထိုင်းက ကလေး ၁၃ ယောက် ၊ သူတို့ အတွက် ကမ္ဘာလှည့်ခရီးသွားတွေလာကြတယ်။ တစ်ခုခု ဖြစ်ပြီဆိုရင် ထိုင်းကတော့ လုပ်တတ်တယ် ကိုင်တတ်တယ်။ ကျွန်တော်တို့မှာ ခုနကပြောသလိုပဲ Response တွေ အများကြီး ရှိတယ်၊ ကျွန်တော်တို့က မလုပ်နိုင်ဘူးလို့ တစ်ချို့တွေက ထင်နေကြတယ်၊ ဒီအပေါ်မှာရော ဆရာ ဘာများပြောချင်လဲ ။

ဖြေ။              ။ ကျွန်တော်တို့ ခေတ်ကလည်း တောက်လျှောက်ပြောင်းနေတာပေါ့ ။ ခေတ်ကလည်း တောက်လျှောက်ပြောင်းနေတဲ့အခါကျတော့ ၊အခု ကျွန်တော်တွေ့ရတာတော့ လူငယ်တွေပေါ့ ။ အထူးသဖြင့် millennium တွေ၊ သူတို့တွေမှာလည်း ထူးခြားတဲ့ အတွေးအမြင်တွေရှိတယ်၊ ကျွန်တော်တို့က သူတို့တွေကိုလည်း တွဲခေါ်ဖို့လိုတယ်၊ တွဲခေါ်ပြီးတော့ အခုဆိုရင် သိပ်မကြာခင်မှာပဲ သြဂုတ်လ ထဲမှာ ကျွန်တော်တို့ ဒီ မြန်မာနိုင်ငံကနေပြီးတော့ စင်ကာပူနိုင်ငံထိ စက်ဘီးစီးမယ့် ခရီးစဉ် တွေရှိတယ် ဆိုတော့ ဒါမျိုးတွေ awareness တွေ ပိုသိလာတယ်။ ကျွန်တော်တို့ရဲ့ တိမ်မြုပ်နေတဲ့ Tourist spot တွေပေ့ါ၊ နောက်တစ်ခါကျတော့ ဒီ Tourism ဆိုတာ ဒီဟာတွေအကုန်လုံးကို လိုက်ကြည့်တာ တစ်ခုတည်းတင် မဟုတ်ဘူး ၊ ထပ်ပြီးတော့ ဥပမာ save လို ဟာမျိုးတိ်ု့ ဒီ scientific လိုဟာတွေ Archaeological Addition နဲ့ ဆိုင်တဲ့ဟာတွေ Culture နဲ့ ဆိုင်တဲ့ ဟာတွေ နောက်တစ်ခါ Environmentally Education နဲ့ဆိုင်တဲ့ ဒီလို Torisum တွေကို ကိုယ်နဲ့သက်ဆိုင်ရင် သက်ဆိုင်တဲ့ နေရာတွေ အားလုံးကနေ Promote လုပ်သွားမယ်ဆိုရင် ဒါ အဆင်ပြေပါတယ်၊ ခုနက Negative Effect  ရှိတယ်ဆိုတာက ဒါ ရှိနိုင်တယ်၊ ဒါ ဘယ်ကိစ္စမှာမဆို အပေါင်းရှိသလို အနုတ်လည်း ရှိနိုင်ပါတယ်၊ ဒါကို ကျွန်တော် ထင်တာပေါ့ awareness ရယ် ကျွန်တော်တို့က ဒီ proper education နဲ့ ကျွန်တော်တို့က over come လုပ်လို့ရပါတယ်။

ဖြေ။      ။ ကျေးဇူးပါဆရာ၊ နောက်တစ်ခုကပေါ့နော်၊ ကမ္ဘာလှည့် ခရီးသွားတွေ မြန်မာနိုင်ငံကို လာဖို့ဆိုရင် အဓိက စိန်ခေါ်မူတွေ၊ သူတို့ လာချင်အောင် ကျွန်တော်တို့ ဘာတွေ ထပ်လုပ်လို့ရနိုင် ဦးမလဲ ခင်ဗျ။

ဖြေ။              ။အဓိကကတော့ ကျွန်တော်မြင်တာကတော့ one of the obstacle ပေ့ါ နော်၊ အဲ့ဒီကောင်ကတော့ ကျွန်တော်တို့ စရိတ်ပဲ သူက စျေးကြီးနေတယ် ၊ အခုတော့ဒီ Hostel လိုဟာမျိုးတွေ နောက်တစ်ခါကျတော့ Home stay လိုဟာမျိုးတွေ ဒါမျိုးတွေရှိလာတဲ့ အခါမှာ တစ်ချို့ စရိတ်တွေ ကျသွားတယ်၊ နောက် လမ်းပန်းဆက်သွယ်ရေးက  အရင်ကထက်စာရင် အများကြီးကောင်းလာတယ်၊ ကားခတွေ ကျသွားတယ် ၊ ဆိုတော့ အဓိက ကျွန်တော် obstacle ဖြစ်နေတာကတော့ လေယာဉ်ပေါ့နော် ၊ လေယာဉ်ခက ဒေသတွင်းနိုင်ငံတွေ နဲ့ နှိုင်းယှဉ်ရင် တော်တော် စျေးကြီးနေတာ တွေ့ရတယ်၊ ဆိုတော့ ဒါကို ဒီ Private , Public ပေါ့နော်၊ အစိုးရနဲ့ ပြည်သူ ရောတာပေါ့၊ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပေါင်းပြီးတော့ အဲဒီစရိတ်ကို ချနိုင်မယ်ဆိုခဲ့ရင်တော့ ကျွန်တော်ထင်တာပေါ့ တော်တော်လေး Promote လုပ်ဖို့ ပိုရလာနိုင်တယ်လို့ မြင်တယ်ပေါ့နော်။

မေး။              ။ နောက်တစ်ခုကတော့ ကမ္ဘာလှည့် ခရီးသွားတွေ ကျွန်တော်တို့ မြန်မာနိုင်ငံကို လာဖို့ပေါ့နော် ၊ ဆရာတို့လို စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ အဓိက စိန်ခေါ်မှု အခက်အခဲနဲ့ တခြားဘာတွေများရှိမလဲ ခင်ဗျ။

ဖြေ။              ။ ဒါကတော့ stakeholder တွေတိုင်းမှာတော့ သူဟာသူ တာဝန်တွေ ရှိတာပေါ့ ၊ ကျွန်တော်တို့ ဒီ Government ဘက်၊ ဒါမှမဟုတ် ဒီ နိုင်ငံအနေနဲ့ လုပ်သင့်တာတော့ Distintation ပေါ့ ၊ ကျွန်တော်တို့ ဒီ awareness တွေ ရှိဖို့ လိုတယ်၊ ကျွန်တော်တို့ နိုင်ငံရဲ့ နေရာ အနေအထားပေါ့နော်၊ ကျွန်တော်တို့ နိုင်ငံမှာ တစ်ချို့ နေရာတွေမှာ မငြိမ်မသက်ဖြစ်မယ့် ဟာလေး ရှိကောင်းရှိမယ်၊ တစ်ချို့နေရာတွေမှာတော့ ဒါပေမယ့် in general မှာ ကျွန်တော်တို့ နိုင်ငံက Safe ဖြစ်တယ်၊ နောက် ကျွန်တော်တို့ နိုင်ငံမှာ ကြည့်စရာတွေရှိတယ်၊ ဆိုတော့ ဒီလို Distintation တွေကိုလည်း ကျွန်တော်တို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်း promote ကို outreach များများ ရအောင်လုပ်ပေးဖို့ လိုအပ်တယ်ပေါ့ ၊ ခုနက ဒါ ဒီလို Media လို ဟာမျိုးကလည်း ဝင်ပါသင့်် တာပေါ့ နော်၊ ဆိုတော့ ဒါမျိုးတွေလုပ်ပေးဖို့ လိုသလို ၊ ကျွန်တော်တို့ ဒီဘက်ကလည်း ပြည်သူပြည်သားတွေ ဘက်ကလည်း ခုနကပြောတဲ့ လိိုလိုလားလားပေါ့၊ ဒီ Torisum ကို ဒါ တကယ့်ကို တိုင်းပြည်ရဲ့ ဒေါက်တိုင် တစ်ခု အနေနဲ့ ဖြစ်လာအောင် ပူးပေါင်းဆောင်ရွက်သင့်တယ်၊ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ ခုနကပြောသလိုပဲပေါ့နော်၊ ခုနက ဒီ Environmental နဲ့ ပတ်သက်တဲ့ issue တွေ၊ နောက်တစ်ခါကျတော့ ကျွန်တော်တို့ရယ် အားလုံးက ဝိုင်းပြီးတော့ ထိန်းသိမ်းပေးတဲ့ ကျွန်တော်တို့ checks and balances  လုပ်ပေးတဲ့ဟာမျိုးတွေ ဒါမျိုးတွေလုပ်ပေးခြင်းအားဖြင့် အများကြီး အထောက်အကူ ပြုနိုင်မယ်လို့ ထင်ပါတယ်။

မေး၊               ။ တခြားနိုင်ငံတွေမှာဆိုရင် သူ့ဒေသမှာရှိတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သွားလည် စရာကောင်းတဲ့ နေရာတွေကို promote လုပ်တာ များများတွေ့ရတယ်ပေါ့နော်၊ ကျွန်တော်တို့ နိုင်ငံက  ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးဌာနကပဲ ဖြစ်ဖြစ်ပေါ့နော်၊ သက်ဆိုင်ရာ ဌာနကပဲဖြစ်ဖြစ်ပေါ့ ၊ ကျွန်တော်တို့ နိုင်ငံတွင်းမှာ ရှိတဲ့ အပန်းဖြေစရာ လည်စရာပတ်စရာတွေကို promote လုပ်တဲ့နေရာမှာ တကယ်ရော လုံလုံလောက်လောက်ရှိ ရဲ့လား၊ ဘာတွေများ လိုသေးလဲ။

ဖြေ။              ။ ကျွန်တော် တစ်ဦးတည်း အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ လုံလုံလောက်လောက်မရှိဘူး လို့ပြောရမယ် ၊ ဒါကလည်း ကျွန်တော်ထင်တာကတော့ ဘတ်ဂျက် ကိစ္စလည်း အများကြီးပါမယ်၊ ဒီလို လုံလောက်အောင် လုပ်ဖို့ အတွက် ဆိုရင် International Outreach ရဖို့ အတွက်ဆိုရင် ကျွန်တော်တို့က advertise များများလေးလုပ်ရမယ် ၊ နောက်တစ်ခါကျတော့ lobbying တွေလုပ်ရမယ်၊ နောက်တစ်ခါ တစ်ချို့ trade fair တို့ ဟာမျိုးတွေမှာ participate  လုပ်ဖို့လိုတယ်။ နောက်တစ်ခါကျတော့ နိုင်ငံတကာဟာတွေကို ကျွန်တော်တို့ ဖိတ်ပြီးတော့ fan trade လုပ်ရမယ်၊ ဒါမျိုးတွေ လုပ်ရမယ်၊ အဲ့ဒီဟာတွေ အကုန်လုံးက ကျွန်တော်တို့ cost ရှိတယ်ပေါ့နော် ၊ ဒီ cost ကို ကျွန်တော်တို့ က ဟိုတယ်တွေ Tourism တွေနဲ့ ပတ်သက်တဲ့ sector တွေက ဘယ်လို contribute မျိုး လုပ်နိုင်မလဲ ၊ အဲ့ဒီလိုလုပ်နိုင်တဲ့ အတွက် သူတို့မှာလည်း ထိုက်သင့်တဲ့ tax exemption  ရတဲ့ဟာမျိုး ဒါမျိုးတွေပေါ့၊ ကျွန်တော်တို့က ၃၆၀ ဒီဂရီ ပြည့်စုံအောင် စဉ်းစားပြီး လုပ်ပေးမယ်ဆိုရင်တော့ win - win ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။

မေး။              ။ ကျွန်တော်တို့က အဲ့ဒီလိုမျိုး အခြေအနေဖြစ်အောင် ဘယ် sector တွေ၊ ဥပမာအားဖြင့် ဟိုတယ်နဲ့ လုပ်ငန်းရှင်တွေပါမယ်၊ ဘယ်လို  ဒီလိုမျိုး ဖြစ်လာဖို့ကို ဘယ်လိုမျိုးဆက်ပြီးတော့ ဆရာ Idea ဘယ်လို ရှိလဲ ၊ ဘယ်လို လုပ်လို့ရလဲပေါ့။

ဖြေ။              ။  သူတို့ text fort ရှိတယ်ပေါ့၊ text fort ဆိုတာတော့ အကုန်ပါတာပေါ့ ၊ ဟိုတယ်ခရီးဝန်ကြီးဌာန ပါသလို ခုနက immigration ပါမယ်၊ နောက်တစ်ခါ ပြည်ထဲရေးဝန်ကြီးဌာနပါမယ်၊ ခုနကပြောတဲ့ ပြည်တွင်းအခွန် ဦးစီးဌာနပါမယ်၊ ကျွန်တော်တို့ ဒီ Small Medium Enterprise တွေ ပေါ့နော်၊ အထူးသဖြင့် ကျွန်တော်တို့ ဒီ Tourism နဲ့ ဆက်နွယ်တဲ့ လူတွေကတော်တော်များများပေါ့ 90 % လောက်က Small Medium Enterprise အတွင်းပဲရှိတော့ Small Medium Enterprise တွေ ဖွံံ့ဖြိုးတိုးတက်ဖို့လည်း ကျွန်တော်တို့က လုပ်ပေးရမယ်၊ အားလုံးက အချိုးညီညီ လုပ်ပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော် ထင်တာ ဖြစ်မယ်ပေါ့နော်။ ဆိုတဲ့ သဘောက ခုနကပြောသလိုပဲ ဒီဟာတွေ Promote လုပ်ဖို့လိုမယ်၊ လိုတဲ့အတွက် စရိတ်တွေရှိတယ်၊ ဒီ စရိတ်တွေ  ရှိတဲ့အတွက် ဒီ စရိတ်တွေကို အားလုံးက ဝိုင်းမျှပေးဖို့လိုတယ်၊ ဝိုင်းမျှပေးတော့မှ ခုနကပြောတဲ့ ဒီ အခွန်ကင်းလွှတ်ခွင့်တွေရမယ်၊  ဒါမျိုးတွေ ရမယ်ဆိုရင် ဒါတွေက ဆက်စပ်နေတာပဲ၊ ခုနကပြောသလိုပဲ ပြည်သူ့ရဲကလည်း ကူညီပေးနိုင်မယ်၊ immigration ကလည်း ခုနက ပူးပေါင်းဆောင်ရွက်ပေးပြီးတော့ ကျွန်တော်တို့ရဲ့ ဝင်ပေါက်က တစ်နေရာထဲ မဟုတ်ဘဲနဲ့ နေရာအနှံ့ကနေ ပြီးတော့ vigilant ဖြစ်အောင် ကျွန်တော် လုပ်ပေးနိုင်မယ်၊ ဒါမျိုးတွေ အားလုံးပေါင်းပြီး လုပ်မယ်ဆိုရင်တော့ ကျွန်တော်မြင်တာ မအောင််မြင်နိုင်စရာ အကြောင်း မရှိပါဘူး ။

မေး။              ။ နောက်တစ်ခုကတော့ ဒီဘက်နှစ်တွေမှာ ခေတ်စားလာတာပေါ့နော် CBT ဆိုပြီးတော့ community based tourism ပေါ့။ အဲဒီဟာရဲ့ အားနည်းချက် အားသာချက်လေးလည်း ဆရာ ဖြည့်ပြောပေးပါဦး ။

ဖြေ ။             ။ဒီ Tourism ကတော့ အများကြီး ရှိတာပေါ့ ၊ ကျွန်တော်တို့ ပြောသလို Scientific နဲ့ ပတ်သက်တဲ့ဟာ သီးသန့်လာချင်တာ ရှိသလို archaeology နဲ့ ပတ်သက်တာလည်း ရှိတယ်ပေါ့ နော်၊ စောစောက community based နဲ့ပတ်သက်တာလည်း ရှိတယ်ပေါ့ေနော်၊ ဘယ်ကိစ္စ မဆိုတော့ အကောင်းနဲ့ အဆိုး တွဲနေတာပေါ့နော်၊  community based  ရှိတဲ့အတွက်ကြောင့် ဒီ Community တွေ အတွက်ကိုလည်း အနည်းနဲ့ အများတော့ awareness ဖြစ်လာမယ်၊ သူတို့ရဲ့ အခြေအနေတွေကို သိနိုင်တယ်၊ အဲဒီကနေပြီးတော့မှ ဒီဟာကို ဘယ်လို develop  ဖြစ်အောင်လုပ်ရမလဲဆိုတာ အတွေးအမြင်တွေရှိတယ်။ အဲ့ဒီလိုမျိုးပဲ ကျွန်တော်တို့က ခုနကပြောတဲ့ Child Abuse တွေ၊ နောက်တစ်ခါ human trafficking တွေ၊ အကုန်လုံးကို ကျွန်တော်တို့က ဟို citizen journalists လို ဟာမျိုးတွေ citizen reporting လိုဟာမျိုးတွေ၊ ဒါမျိုးတွေလည်း ကျွန်တော်တို့က checks and balances  လုပ်သွားရမယ်လို့ မြင်ပါတယ်။

မေး။              ။ အဲ့ဒီတော့ ဒီ CBT ကရော တကယ့် တကယ် ဒါ ဘယ်လောက်ထိ အောင်မြင်နိုင်တယ်လို့ ယူဆလို့ရမလဲ၊ ကျွန်တော်တို့ ဒီ Community အတွက်ရော ဘယ်လောက်ထိ အကျိုး ပြုနိုင်လဲ ။

ဖြေ။              ။ကိစ္စတိုင်းမှာတော့ သူရဲ့ အကျိုးပြုနိုင်တဲ့ အတိုင်းအတာတော့ ရှိတာပေါ့နော်၊ သူရဲ့ အတိုင်းတာ တစ်ခုထိတော့ အကျိုး ပြုနိုင်တာပေါ့ ၊ ကျွန်တော်တို့ ဒါ mainstream တော့ မဟုတ်ဘူး။ သူနဲ့ ပတ်သက်တဲ့ ဧရိယာမှာတော့ သူ့ကို ရှိခြင်းအားဖြင့်   overall  master plan ထဲမှာ ထည့် ပြီးတော့ စဉ်းစားရမယ် Factor တစ်ခုလို့ မြင်ပါတယ်၊ CBT သည် Tourism mainstream တော့ မဟုတ်ဘူး၊ master plan ရဲ့ အစိတ်အပိုင်း တစ်ခုပဲ ဖြစ်တယ်၊ သို့သော်လည်း   တခြား ဧရိယာတွေလိုပေါ့ home page လိုဟာမျိုးတွေ၊ တခြား formal tourism တွေ၊ သူရဲ့ contribute ကလည်း ထိုက်သင့်သလောက် အရေးပါတယ်လို့ ကျွန်တော် မြင်တယ်ပေါ့နော်။

မေး။              ။ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်းကို ဝင်ရောက်ပြီးတော့ လုပ်ကိုင်ချင်တဲ့ လူငယ်တွေအနေနဲ့ ဘာတွေ ပြင်ဆင်ထားသင့် သလဲ ။

ဖြေ။              ။Hotel and tourism ကတော့ base line ကတော့ service industry လို့လည်းခေါ်တယ်၊ ဆိုတော့ ဒါ Human Nature က service လုပ်တယ် ဆိုတာ က Human Nature ထဲမှာလည်း ပါလာတာပေါ့ ၊ သားသမီးဆိုရင်လည်း ကိုယ့်သားသမီးကို ချစ်တာ ၊ ညီအစ်ကို မောင်နှမချင်း တစ်ယောက်နဲ့ တစ်ယောက် ကူညီတာ ၊ ကျောင်းမှာလည်း ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်တတ်တာ ကူညီတတ်တာ ဒါမျိုးတွေ အကုန်လုံးက မသိဘဲနဲ့ လုပ်နေတာပေါ့ ၊အဓိကကတော့ ကျွန်တော်တို့ general ဖြစ်ဖို့ပေါ့ ၊ စိတ်ထဲမှာ general ဖြစ်ဖို့ ရှိတယ်၊ နောက်တစ်ခါ တခြားတစ်ယောက်ကို Service လုပ်ပေးချင်စိတ် ရှိတယ်၊ ဒါမျိုး အခြေခံကောင်းတွေ ကိုယ့် ဆီမှာ ရှိနေတယ်ဆိုရင်၊ ကျန်တာတွေက skill set တွေက training school တွေမှာ သင်သွားလို့ ရတယ်ပေါ့နော်၊    serve လုပ်တယ်ဆိုရင် ဘယ်လို လုပ်ရတာလဲ ၊ ဒါတွေက Skill တွေ ဖြစ်လာတယ် ၊ technic တွေဖြစ်လာတယ်၊ ဒါတွေကို သင်ရတာ ပိုလွယ်လာတယ်၊ ဒါပေမယ့် အဓိက အရေးကြီးတာ ကိုယ့်ရဲ့ mindset ပဲဆိုတော့ training school တွေကလည်းအရေးကြီးတဲ့ mindset တွေ၊ ဘာကြောင့်မို့ service လုပ်ဖို့လိုတယ်၊ နောက်တခါကကျတော့ တခြားတစ်ယောက်ကို ကိုယ်က service လုပ်ပေးချင်စိတ်ရှိတယ်၊ ဒါမျိုးတွေ အခြေခံကောင်းတွေ ကိုယ့်ဆီမှာရှိနေတယ်ဆိုရင်တော့ ကျန်တာတွေက   skill set တွေကတော့ training school တွေမှာသင်သွားလို့ရတယ်ပေါ့နော်။    အဓိက အရေးကြီးတာ ကိုယ့်ရဲ့ mind set ပဲ ဆိုတော့ training school တွေ အနေကလည်း အရေးကြီးတဲ့ mind set တွေ ဘာကြောင့် service လုပ်ဖို့ လိုတယ်၊ အဲ့ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်တော်တို့ ရဲ့ တစ်ခါတလေ reputation ကောင်းတယ်၊ relationship  ကောင်းတယ်။ အဲ့ဒီကနေမှ repeat customers တွေရလာမယ်။ ဒါမျိုး ကျွန်တော်တို့က self skill တွေလည်း သင်ပေးဖို့ လိုသလို ခုနက technical skill ခေါ်တဲ့ ဘယ်လို serve လုပ်မယ်၊ reception ဆိုရင် ဘယ်လို check လုပ်မယ် housekeeping ဆိုရင် ဘယ်လို clean လုပ်မယ်၊ အဲ့ဒီဟာတွေကိုသင်သွားပေးလို်ရတယ်။ အဲ့ဒီဟာကို training school တွေ အနေနဲ့ ဒါကို အချိုးညီညီလေး balance ဖြစ်ဖြစ် သင်သွားပေးနိုင်ရမယ်၊ နောက်တခါ ကျတော့ဒီ industry ထဲ ဝင်တဲ့လူကျတော့ ကိုယ့်ဘာသာကိုယ် သုံးသပ်ရမယ်၊ ဒါမျိုး mentality ကိုယ့်မှာရှိရဲ့လား၊ တခြားတစ်ယောက်ကို service လုပ်ပေးနိုင်ရဲ့လား၊ အဲ့ဒီဟာမျိုးဆိုရင် ကျွန်တော် မြင်တာတော့ မအောင်မြင်နိုင်စရာ မရှိဘူးပေါ့နော် ။

မေး ။     ။ ဆရာက ဟိုတယ်လုပ်ငန်းတွေ လုပ်နေတဲ့အခါကျတော့လေ ၊ ဆရာ့ရဲ့  serve တွေကို ဘယ်လိုမျိုး သင်တန်းတွေ ပေးသလဲ၊ သူတို့ဘယ်လို လေ့လာနေကြလဲပေါ့ ။

ဖြေ ။             ။သင်တန်းဆိုတဲ့နေရာမှာတော့ Level အမျိုးမျိုးရှိတာပေါ့နော် ၊ ဒီ entry level လိုဟာမျိုးတော့ ခုနကပြောသလို servicing mindset ပေါ့၊ ဒါမျိုးတွေ ရှိဖို့လိုတဲ့ သက်ဆိုင်တဲ့ သင်တန်းကတော့ မဖြစ်မနေ လုပ်ရမယ့်ဟာပေါ့ ။ နောက်တစ်ခုက skill set ပေါ့၊ skill set ဆိုတာဒီ service ထဲမှာပါတဲ့ tourism နဲ့ပတ်သက်တဲ့ အချက်အလက်တွေ နောက် housekeeping ဒါမျိုးတွေ ပါတဲ့ skill set တွေ သင်ပေးဖို့လိုပါတယ်၊ ဒါက skill set က skill set ပေါ့၊ နောက်ပြီးရင် တဖြည်းဖြည်းနဲ့ သူက ဘာလုပ်လာလဲဆိုတော့ supervision လုပ်ဖို့လိုလာတယ်၊ ဒီ level ရောက်တဲ့အခါမှာတော့ supervisor တစ်ယောက် သိသင့်သိထိုက်တဲ့ supervision skill ဆိုတာကို သင်ပေးဖို့လိုပါတယ်၊ အဲ့ဒီ ကနေပြီးတော့ မန်နေဂျာ level ရောက်လာတယ် ။ မန်နေဂျာတွေ သိသင့်သိထိုက်တဲ့ ခုနက time management လိုဟာမျိုးတွေ၊ ဒီ meeting တွေကို ဘယ်လို လုပ်မလဲ ဆိုတဲ့ဟာမျိုးရဲ့ အချက်တွေ ရှိမယ် ။ နောက်တစ်ခါ leadership နဲ့ ပတ်သက်တာရှိမယ်။ နောက် ဒီ level ကနေပြီးတော့မှ  budgeting လုပ်ငန်းတွေ လုပ်တဲ့အခါမှာ သူရဲ့ expense ဆိုလည်း သတ်မှတ်ထားတဲ့ budget ထဲ ဝင်အောင်သုံးနိုင်ဖို့ ၊ နောက်တစ်ခုကကျတော့ safe လုပ်တယ်ဆိုရင်လည်း financial management ကို သင်ထားဖို့လိုပါတယ် ။ အဲ့ဒီကနေမှ ကျွန်တော်တို့ cooperate နဲ့ပတ်သက်တဲ့ culture  တွေ အကုန်လုံးကို ကိုယ်ရဲ့ စဉ်းစားပုံ စဉ်းစားနည်း၊ တွေးခေါ်ပုံ တွေးခေါ်နည်းကို ဟိုးထိပ်ဆုံးကနေ အောက်ဆုံးထိ ရောက်အောင် ဘယ်လို သွားမလဲ ဆိုတာ cooperate culture နဲ့ပတ်သက်တဲ့ဟာတွေကိုပါ ကျွန်တော် သင်ပေးရပါတယ်။ level အလိုက်မှာတော့ သူ့အဆင့်နဲ့သူ တော့ သီးသန့် training တွေလုပ်ရပါတယ် ။

မေး ။ ၊အဲ့ဒီတော့ ကမ္ဘာလှည့်ခရီးသွားတာနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောခဲ့ပြီးပြီ ဆိုတော့ နောက်တစ်ခုကတော့ ဝမ်းသာစရာသတင်းပါပဲ၊ UNESCO ကနေပြီးတော့ ပုဂံကို ကမ္ဘာ့အမွေအနှစ် အဖြစ်သတ်မှတ် လိုက်ပြီဆိုတော့ ဒီလိုမျိုး သတ်မှတ်ချက်က ပုဂံဒေသမှာ ကျေးလက်ကိုရော ဘယ်လိုမျိုး ဖွံဖြိုးစေသလဲ။ အကျိူးရလဒ်က ဘာတွေ ဖြစ်နိုင်သလဲ ။

ဖြေ ။             ။ tourist ၁၀၀ လောက်လာတယ်ဆို ၈၀ % ကတော့ ပုဂံကို သွားကြတာ ပေါ့၊  ဆိုတော့ ဒီဟာကိုသတ်မှတ်လိုက်ခြင်းဖြင့် ကျွန်တော်တို့ နိုင်ငံကိုလာတဲ့ arrival ကလည်း ပို များလာတာပေါ့ နော် ၊ နောက်တခါ ခုနကပြောသလိုပေါ့ tourist arrival တက်လာတဲ့အတွက် ဒီ ဒေသရဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေ အများကြီးဖွံဖြိုးလာမယ် ၊ ခုနကပြောတဲ့ ပုဂံဒေသလို ဟာမျိုး ဆိုရင် ဆူဘေးနီးယား( souvenir = အမှတ်တရ ပစ္စည်း) ဆိုင်မျိုးလို ဟာမျိုးတွေ ၊ ကျွန်တော် တို့က ခုနက e-bike ငှါးတဲ့ ဟာမျိုးတွေ၊ စားသောက်ဆိုင်လိုဟာမျိုးတွေ၊  ပုဂံနဲ့ဆက်စပ်တဲ့ဒေသတွေ၊ transportation company တွေ၊ နောက်တစ်ခါ အစုံပဲပေါ့နော်၊ restaurants တွေ အလုပ်ဖြစ်နေတဲ့အတွက် supplies လုပ်နေတဲ့လူတွေ၊ media တွေ၊ media တွေဆို printing တွေလုပ်ရတယ်၊ ဆက်စပ်နေတဲ့ printing industry အကုန်လုံးက ဒါ ပိုပိုပြီးတော့ ကြီးလာတဲ့ အနေအထားရှိတာပေါ့နော် ။ ဒါ အင်မတန် ကောင်းတဲ့ ဝမ်းသာရမယ့် သတင်းပါပဲ ။

မေး ။            ။   ပုဂံကတော့ ပထမထဲက ဆွဲဆောင်လို့ ကောင်းတာဆိုတော့ နောက်ထပ်ပြီးတော့မှ ပိုကောင်းအောင် ဘာတွေများ ဆက်လုပ်လို့ ရနိုင်ဦးမလဲ ။

ဖြေ ။             ။   ကျွန်တော်ကတော့ အားလုံးပါဝင်ဖို့လိုတာပေါ့နော် ၊ ကျွန်တော်တို့တွေ ပုဂံဒေသက သူရဲ့ all ပေါ့၊ all ဆိုတာ ကျွန်တော်တို့ world factor ပေါ့၊ မြင်လိုက်တာလည်း အရမ်းလှတယ် ၊ နွေရာသီ ဆိုလည်း တစ်မျိုးလှတယ်၊ ဆောင်းရာသီဆိုလည်း တစ်မျိုးလှတယ်၊ မိုးရာသီဆိုလည်း လှတယ် ၊ဒါမျိုးပေါ့နော် ၊ ဒါမျိုး chaming ပုဂံမှာရှိထားတယ် ၊ ဒီမှာ ကျွန်တော်တို့က ပိုပြီးလုပ်သင့်တာ သန့်ရှင်း သပ်ရပ်မူပေါ့ ၊ အမှိုက်ကင်းစင်မူ ရှိတဲ့ဟာတွေ၊ ကွမ်းတံတွေး ထွေးတာကအစ မဖြစ်အောင် ၊ crime ပေါ့ tourist တွေနဲ့ပတ်သက်တဲ့အခါ အမြတ်ထုတ်တဲ့ဟာမျိုးတွေပေါ့၊   ဟိုဟာ လောဘတက်ပြီး အမြတ်ထုတ်ပြီးလုပ်ချင်တဲ့ဟာ ၊ဒါမျိုးတွေကို ကျွန်တော်တို့က တတ်နိုင်သမျှ ကင်းစင်အောင် educate လုပ်ဖို့လည်းလိုတယ် ၊ ရောက်လာတာနဲ့ ပုဂံရဲ့ သန့်ရှင်းသပ်ရပ်မူအပြင် very pleasant place ပေါ့၊ ဒါမျိုးဖြစ်ပြီး ဒီကိုလာတဲ့အခါမှာ ငြိမ်းချမ်းမှုတင်မကဘူး၊ ပုဂံက သန့်ရှင်း သပ်ရပ်မူရော peacefull နဲ့ transquare ရော၊ ဒါမျိုးတွေ လုပ်လိုက်ရင်တော့ ပုဂံကိုလာမယ့်သူတွေ ပိုပိုများလာမယ် လို့ထင်တယ်။  

မေး ။            ။ နောက်တစ်ခုကတော့ ကမ္ဘာခရီးသည်တွေ လာတဲ့အခါမှာ မြန်မာတွေရဲ့အပြုံးပေါ့နော်၊ အပြုံးကိုသူတို့က အဓိပ္ပါယ် ဖွင့်ကြတယ် ၊ ဆိုတော့ ဒါထက် ပိုဆွဲဆောင်နိုင်စရာကောင်းတဲ့ အပြုံးပဲ ဖြစ်ဖြစ်ပေါ့၊  ပြည်သူတွေ အနေနဲ့ ဒါထက်ပိုပြီး ကမ္ဘာလှည့်ခရီးသွားတွေကို တခြားဘယ်လို အပြု အမူအရာပဲဖြစ်ဖြစ်၊ attitude ပဲဖြစ်ဖြစ်ပေါ့၊ ဘာများဆက်ပြီးတော့ လုပ်ရမလဲ။

ဖြေ ။             ။ ဟုတ်ပါတယ်။ ကျွန်တော်တို့နိုင်ငံက လူတွေက ပြုံးနိုင်တယ်၊ ဆင်းရဲသည် ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ပြုံးနိုင်ကြတယ်ပေါ့နော်။ ကိုယ့်မှာ စိတ်ချမ်းသာသာနဲ့ အလုပ်လုပ်နေရင်တော့ အပြုံးမှာ အသက်ပိုပါတာပေါ့နော် ၊ အဲ့ဒီတော့ ကျွန်တော့အမြင်တာကတော့ ပုဂံဒေသမှာရှိတဲ့ လူတွေပေါ့၊  အထူးသဖြင့် tourist တွေနဲ့ related ဖြစ်နေတဲ့လူတွေ ဆူဘေးနီးယားဆိုင်တွေ ဘုရားထဲမှာ စျေးရောင်းတဲ့ဆိုင်တွေတို့ ဒီလူတွေကလည်း သူတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်း တွေကောင်းဖို့လိုတယ် ၊ဒါမှလည်း အပြုံးက ပိုပြီးအသက်ပါမှာ ၊ အဲ့ဒါမျိုးတွေ ဖြစ်ဖို့လဲ သေချာစဉ်းစား ပေးဖို့လိုတယ် ၊ ရင်းနှီးမြှုပ်နှံထားတဲ့လူတွေရော အစိုးရကရော အကုန်လုံးကလည်း ဒီမှာရှိနေတဲ့ ဒေသခံတွေ၊ ရှိနေတဲ့ လုပ်ငန်းဆက်စပ်ပြီး လုပ်နေတဲ့လူတွေ လုပ်ငန်းအခွင့်အလမ်းတွေ ကောင်းအောင်လို့ကို အကုန်လုံးကို  တတ်နိုင်သမျှ ကူညီပေးရင်တော့ သူတို့ရဲ့အပြုံးတွေက ပို အသက်ပါမယ်၊ ဒါက တစ်ခြမ်းပေါ့ ၊ ဒုတိယ တစ်ခြမ်းက ကျွန်တော်တို့တွေ  general public ပေါ့၊ general public က ဘာဖြစ်ဖို့လိုလဲဆို ခုနက ကျွန်တော် ပြောသလိုပဲ ပုဂံဒေသက အေးချမ်းသာယာပြီး စိတ်ရော မျက်စိ ပဿဒရော ဖြစ်တဲ့နေရာ ဖြစ်ဖို့ဆိုရင် ကျွန်တော်တို့ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ် ၊ ဆိုလိုတဲ့သဘောက ကျွန်တော်တို့က tour ကားတစ်စီးဝင်လာမယ် ၊ ဒါမှမဟုတ်  hijet တစ်စီးဝင်လာမယ်၊ လူတွေအကုန်လုံးက ကွမ်းတံတွေး ဟိုနားမှာထွေးမယ်၊ အော်ဟစ်ပြီး ဓာတ်ပုံတွေ ရိုက်ကြမယ်၊ ဒါမျိုးတွေဆိုရင်တော့ ကျွန်တော် တို့ရဲ့ reputation က ကျသွားမယ် ၊ ဒါမျိုးတွေဆိုရင်တော့ လာချင်မှာလည်း မဟုတ်ဘူး၊ လာပြီးရင်လည်း တစ်ခါနဲ့ ဆလံတိုက် သွားတာမျိုးတွေရှိမယ် ၊ အထူးသဖြင့် social media ခေတ်မှာ အနုတ်လက္ခဏာ ဓာတ်ပုံ တွေ၊ မှတ်ချက်တွေ တက်ဖို့ လွယ်တဲ့ အချိန်မှာ ကျွန်တော်တို့အနေနဲ့ ဒါတွေ ရှောင်ရှားသင့်တယ်လို့ မြင်ပါတယ် ၊ ဒါကျွန်တော်တို့ရဲ့ အမွေတစ်ခုအနေနဲ့ မြတ်မြတ်နိုးနိုး ထိန်းသိမ်းသင့်တယ်ထင်ပါတယ် ။

မေး။              ။   ပုဂံနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ၊  ကျွန်တော်တို့ ၁၉၉၆ ကလည်း ကျွန်တော်တို့ UNESCO ဝင်ဖို့ ကြိုးစားခဲ့ကြသေးတယ်၊ အဲ့ဒီမှာ ထောက်ပြပြောဆို ကြတာကတော့၊ ၁ အချက်ကတော့ ပုဂံ ဘုရားတွေကို ပြုပြင်တယ်ပေါ့နော် ၊ ၂ အချက်ကတော့ ဒီ ပုဂံ ဘုရားပုရဝုဏ်ထဲမှာ ဟိုတယ်တွေ ရှိတယ်၊ ဒီမှာလည်း အခု ပြောတဲ့ အခါမှာ  ကျွန်တော် မှတ်မိသလောက်ကတော့ ဒီ Eden က ပေါ့နော် ဟိုတယ် ၂၂ လုံးမြောက် ဖြစ်နေတယ်ဆိုတဲ့ ဟာမျိုး၊ အဲ့ဒီဟာလေးလည်း ဆရာ ဖြည့်ပြောပေးပါဦး။

ဖြေ။      ။ ပထမမေးခွန်းကို အရင်ဖြေမယ်ဆိုရင်တော့ ကျွန်တော်တို့မှာ ၂ ခု ရှိတယ်ပေါ့နော်၊ ပထမတစ်ခုကတော့ ကျွန်တော်တို့ နိုင်ငံရဲ့ မျိုးရိုးအစဉ်အဆက် ဘိုးဘွားဘောင် ဘက်ကနေ တည်ခဲ့တဲ့ ဟာကို မြေးမြစ် Generation တွေက ပြန်ပြီးတော့ ပြုပြင်သင့်တယ်ဆိုတဲ့ ဟာမျိုးကြောင့်မို့လို့ ပြုပြင်တယ်ဆိုတဲ့ အခါမှာ international နဲ့ မကိုက်တာမျိုးတွေ ရှိတယ်ပေါ့နော်၊ ပြုပြင်လို့ရလား မရလားဆိုတော့ ပြုပြင်လို့ရတယ်၊ ကမ္ဘာ အနှံ့မှာလည်း ကျွန်တော် ပြုပြင်တာတွေရှိတယ်ပေါ့နော်၊ ကျွန်တော်တို့ အသစ်နဲ့ အဟောင်း တွဲလုပ်တာမျိုးတွေ လည်းရှိတယ်။ ဥပမာ လုဆိုလို့ရှိရင် ပိရမစ်လိုဟာမျိုး သူရဲ့ glass နဲ့ နန်းတော်လည်း ရှိတာပဲ ၊ အဲဒီလိုမျိုးပေါ့နော်၊ ဆိုတော့ အဲ့ဒီလိုမျိုးပဲ ကျွန်တော်တို့ ဒီ အန်ကာဝပ်မှာလည်း ပြင်တာရှိတယ်ပေါ့နော်၊ အဲဒီတော့ ကျွန်တော်တို့က ပြင်လို့ရတယ်၊ ပြင်ပုံ ပြင်နည်း ဘယ်လိုရှိလဲ ဒါကို ကျွန်တော်တို့က အဟောင်းနဲ့ အသစ်ပေါ့ အဟောင်း Value လည်း မပျက်ဘဲ ၊  ဘယ်လိုလုပ်လို့ရမလဲ ရေရှည်လည်းခံအောင်ဆို အခု ကျွန်တော်တို့ သိရပြီပေါ့နော်၊ UNESCO ကနေပြီးတော့ ဒါမျိုးတွေနဲ့ ပတ်သက်တဲ့ အဆင့်ဆင့်တွေကို ကျွန်တော်တို့သိရပြီဆိုတော့ အရင်က ကျွန်တော်တို့ ပြင်ချင်တဲ့ ဘိုးဘွားတွေ ဆက်ခံချင်တဲ့စိတ် အတိုင်းပဲ ကျွန်တော်တို့ လုပ်လို့ရတယ် ၊ ဒါပေမယ့် international လက်ခံတဲ့ အပိုင်းလည်း ဖြစ်သွားပြီ ဆိုတော့ အဲဒီဟာကတော့ ကျွန်တော်ထင်တယ် ကျွန်တော်တို့မှာ အဲဒီ issue မရှိတတော့ဘူးလို့ ကျွန်တော်တို့ မြင်တယ်ပေါ့နော်။  ဒုတိယ တစ်ခု အနေနဲ့ ကတော့ ဒီ Eden ထဲမှာ ကျွန်တော်တို့ ဘုရားတွေရှိ တယ်ဆိုတဲ့ ဟာပေါ့။ ဆိုတော့ ဒီ Eden ဆိုက် အကြောင်းလည်း နည်းနည်းပြောချင် တာပေါ့နော်၊ ကျွန်တော်ဒီ Eden က ကျွန်တော် လိုချင်ပါတယ်ဆိုပြီး ယူခဲ့တဲ့ ဟာမျိုး မဟုတ်ပါဘူး ၊ အဲဒီဟာကနေပြီးတော့ hotel zone ဖြစ်တာ မဟုတ်ဘူးပေါ့နော်၊ ဆိုတော့ ဒီကောင်သည် ၁၉၈၇ ခုနစ်ကတည်းက United Nation ရဲ့ UNDP Programme နဲ့ ဒီနေရာကို Hotel လုပ်ရမယ်ဆိုပြီးတော့ အဲ့ဒီထဲက recearch လုပ်ခဲ့တာပါ၊  recearch ပြီးတော့ propose လုပ်ခဲ့တယ် ၊ ဒီနေရာ အဲ့ဒီ အချိန်ကတော့ သီရိပစ္စယာတော့ ရှိတာပေါ့နော်၊ ဒီနေရာက ဟိုတယ် လုပ်ငန်းလုပ်ဖို့အတွက် အရမ်းသင့်တော်ပါတယ် ဆိုတဲ့ဟာကို သူတို့က ၁၉၈၇ ခုနှစ်မှာရှိတဲ့ ကျွန်တော်တို့ အစိုးရကို တင်ပြထားတဲ့ဟာကို ဒါဟာ ဟိုတယ်လုပ်ဖို့ရာ သတ်မှတ်ထားတဲ့မြေဆိုတာ အဲဒီကတည်းက ရှိခဲ့ပါတယ်၊ အဲဒီကတည်းက အဲ့ဒီမြေသည် အစိုးရရဲ့မြေ ဖြစ်ခဲ့ပါတယ်၊ ဆိုတော့ အဲဒီဟာကို ၁၉၉၀ နောက်ပိုင်းမှာတော့ oriental group ရှိပါတယ်၊ oriental group လုပ်မယ်ဆိုပြီးတော့ ဒေါ်လာသန်းကျော် ပေးပြီး အဲ့ဒီနေရာကို သူက လုပ်မယ်ဆိုပြီးတော့ လုပ်ဖို့ စီစဉ်ပါတယ်၊ အကြောင်းအမျိုးမျိူးကြောင့်လည်း သူတို့ က အဲဒီနေရာမှာ ဆက်မလုပ်ခဲ့တာ ရှိခဲ့ပါတယ်၊ အဲဒီတော့ အဲဒီနေရာတွေက အဲ့ဒီလို ဖြစ်ခဲ့တော့ သူရဲ့ စာချုပ်ပါအရ အစိုးရကို ပြန်အပ်ရပါတယ်၊ အစိုးရကို ပြန်အပ်တဲ့ဟာကိုမှ ကျွန်တော်တို့က လုပ်ပါမယ်ဆိုပြီး လျှောက်ပြီးတော့ လုပ်ခြင်း ဖြစ်ပါတယ်၊ ဒီနေရာသည် နဂိုတည်းကိုက ဒီနေရာကို ဟိုတယ်ဆောက်မယ်ဆိုပြီး လုပ်ခဲ့တာ မဟုတ်ပါဘူး၊ နဂို ဟိုတယ်ဇုန်အဖြစ် သတ်မှတ်ထားတဲ့မြေကိုပဲ ယူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အဲ့ဒီမှာ ဘုရားလေးတွေ ပါနေတယ်ဆိုတဲ့ဟာက ဟိုးအရင်ကတည်းကိုက UNDP ကိုယ်တိုင် ရွေးထားခဲ့တဲ့ site လို့ ပြောချင်ပါတယ်၊ ဒါပေမယ့် ကျွန်တော် ယူတဲ့အခါမှာ ကျွန်တော်တို့က ကိုယ့် နိုင်ငံသားတွေ ဖြစ်တဲ့ အတွက် အစိုးရပိုင်ဆိုင်တဲ့မြေ ဖြစ်ပေမယ့် ဟိုးအရင် အဆက်ဆက် 87 မတိုင်မီ  အဆက်ဆက်တုန်းက ပိုင်ဆိုင်ခဲ့တဲ့ လူတွေ ဘယ်သူတွေ ရှိခဲ့လဲဆိုတာ စုံစမ်းပြီးတော့မှ ထိုက်သင့်တဲ့ conversation တွေ ကျွန်တော်တို့ လုပ်ပါတယ်၊ ဒါ ကျွန်တော့် လက်ထဲ ရောက်မှပါ၊ အဲဒီဟာကြောင့်မို့လို့ပါ အဲဒီဟာ ပြီးတော့မှ procedures အရ ဟိုတယ်ကို ဘယ်လိုဆောက်ချင်ပါတယ် ဟာကို propose လုပ်ပြီး ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။

မေး။              ။ဒါကတော့ 1987 ခုနှစ် အစိုးရရဲ့ ခွင့်ပြုချက်နဲ့ပေါ့။ နောက်တစ်ခုကတော့  UNESCO ထဲ ဝင်သွားပြီဆိုတော့  ဒီ ဘုရားပုရဝုဏ်ထဲမှာရှိတဲ့ Eden ရဲ့ ဟိုတယ်တွေကို ဘယ်လို ဆက်လုပ်မလဲ။

 ဖြေ။     ။ကျွန်တော်တို့ အဲ့ဒီမှာ regulation တွေ ရှိပါတယ်၊ စစချင်း regulation ကတော့ ပေ ၃၀ ပေါ့နော်၊ ပေ ၆၀ ၊ ပေ ၉၀ ဆိုတဲ့ဟာရှိတယ်။ ကျွန်တော်တို့ အဲဒီဟာတွေလည်း comply ဖြစ်အောင်လုပ်ပါတယ် ၊ အခုဆိုရင် ကျွန်တော်တို့ တစ်ချို့ Building တွေဆိုရင် နီးနေတဲ့ဟာဆို ကျွန်တော်တို့က အသုံးပြုဖို့ မရှိပါဘူး ၊ ကျန်တဲ့ နေရာတွေမှာတော့ ဒီ Regulation နဲ့ Comply ဖြစ်အောင် ကျွန်တော်က လုပ်ပါတယ်၊ ကျွန်တော်တို့ က ဆက်စပ်ပြီး ပြောမယ်ဆိုရင် တစ်ချို့ Building တွေ၊ မြင်နေရတဲ့ Building တွေ၊ comply ဖြစ်တာ မဟုတ်ပါဘူး ၊ ကျွန်တော်တို့မှာ ထွက်လာတဲ့ အညစ်အကြေးတွေ ရှိပါတယ်၊ အညစ်အကြေးတွေကအစ ကျွန်တော်တို့ proper treat လုပ်ပြီးတော့၊ ဒီဟာ စွန့်ပစ်တဲ့ အချိန်မှာ ရေလောက်ကို ဖြစ်တဲ့သဘောမျိုး Level လောက်ရောက်အောင် ထိ treat လုပ်ပြီးမှ စွန့်ပစ်တဲ့ ဟာမျိုးတွေ၊ နောက်တစ်ခါကျတော့ ရေကန်တွေ၊ ဘာတွေမှာ ရှိနေတဲ့ ဘုရားတွေ မပျက်စီးအောင် အကုန်လုံးစဉ်းစားပြီး လုပ်ရပါတယ် ၊နောက်တစ်ခုက Design ဆိုရင်လည်း ကျွန်တော်တို့ က monument တွေ လောက်ကောင်းတဲ့ architecture ဘယ်ရှိမလဲ ၊ ကျွန်တော်က အပြိုင် မဟုတ်ပဲ နဲ့ No Profile တွေ နဲ့ လုပ်ထားတဲ့ design တွေ နဲ့ လုပ်ထားတာ ဖြစ်ပါတယ်။

မေး။              ။ အများနားလည်အောင် မေးရမယ်ဆိုရင် ဘုရားပုရဝုဏ်ထဲမှာရှိနေတဲ့ ဟိုတယ်တွေကို ဘယ်လိုလုပ်မှာလည်း   ဖျက်မှာလား။ ဒါမှမဟုတ် ဒီအတိုင်းပဲ အသုံးမပြုတော့ဘဲ ထားမှာလား။

ဖြေ။              ။ ခုနက ပြောသလိုပဲ သတ်မှတ်ချက်တွေ ရှိပါတယ်၊ ကျွန်တော်တို့ ပေ ဘယ်လောက် ကွာရမယ် ဆိုတာမျိုး ၊ ဆိုတော့ အဲ့ဒီ ပေခွာထားတဲ့ဟာတွေကတော့ အသုံးပြုလို့ ရပါတယ်။ ကျွန်တော်တို့ ပုရဝုဏ်ဆိုတဲ့ ဟာက ပုရဝုဏ်နယ်နမိတ်ကလေးထဲကနေပြီးတော့ ပေ ၃၀ ။ အခု ဆိုရင်တော့ ပေ ၉၀၊ အဲဒီနေရာမှာ တခြား Building မရှိရဘူးပေါ့ ၊ အဲဒီတော့ ကျွန်တော်တို့က အဲဒီကောင်တွေကိုပဲ comply ဖြစ်အောင်လုပ်ထားပါတယ်။

မေး။              ။ ပုဂံဒေသနဲ့ ပတ်သက်ပြီးတော့ပဲ ထပ်ဖြည့်ပြောစရာရှိရင် ပြောပေးပါဦးလား။

ဖြေ။              ။ မရှိပါဘူး ။  အပြင်မှာပြောနေတာတော့ ရှိတာပေါ့၊ ပုဂံကနေ ဘယ်အချိန်ရွှေ့ရမယ်၊ ဘယ်အချိန်တော့ ဟိုဟာ ဖြစ်ရမယ် ဆိုတာမျိုးတွေ ရှိပါတယ်။ ကျွန်တော်တို့ကတော့ ဒါ ကျွန်တော်တို့ ဒီနိုင်ငံရဲ့ နိုင်ငံသားတွေပါ ၊ ဒီနိုင်ငံရဲ့ အုပ်ချုပ်တဲ့ အမိန့် အာဏာတွေကို လက်ခံရမှာ ကျွန်တော်တို့နိုင်ငံရဲ့ဟာပါပဲ ၊ ကျွန်တော်တို့ တပြေးထဲညီ အားလုံး ဒီ အတိုင်းအတာတစ်ခုကျရင်တော့ ဒီနေရာကိုတော့ ထားလိုက်ပါ၊  ရှေးဟောင်းဇုန် အဖြစ်ပဲ တခြား ဘာစီးပွားရေးလုပ်ငန်းမှ မရှိရဘူး ဆိုတာမျိုးဆိုလည်း ကျွန်တော်တို့က လိုက်နာရမှာပေါ့နော်။  ။ ( မဇ္စျိမ )

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly