မန္တလေးပညာရေးကောလိပ်အတွင်းတွင် ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြုလုပ်

20 August 2019
မန္တလေးပညာရေးကောလိပ်အတွင်းတွင် ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြုလုပ်

BA(Edu) BSc(Edu)တို့နှင့် ပတ်သက်၍ ပွင့်လင်းစွာထုတ်ပြန်ပေးရေး၊အခြေခံပညာမှ အဝေးသင်တက်ရောက်ရာတွင် လုံလောက်သည့် အခွင့်အရေးရရှိရေးနှင့် ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများအပေါ် ဖိနှိပ်မှုများ ရပ်တန့်ရေးတို့အတွက် မန္တလေးပညာရေးကောလိပ် ကျောင်းသားကျောင်းသူများက ၂၀၁၉ ခုနှစ်၊သြဂုတ် ၁၉ ရက်၊ နံနက်ပိုင်းက မန္တလေးပညာရေးကောလိပ်အတွင်းတွင် ဖဲကြိုးစိမ်းလှုပ်ရှားမှုကမ်ပိန်းကို ပြုလုပ်ခဲ့သည်။ 

“BA(Edu) BSc(Edu)အတွက် လုပ်နေဆဲပါ၊ ခုဆို စာရင်းတွေ ကောက်နေပြီ။ တက်ခွင့်ရမယ့်သူတွေဟာ ဘွဲ့မရတဲ့သူဖြစ်ရမယ်။ BTED ဒုတိယနှစ်ပြီးထားသူဖြစ်ရမယ်။ အဲဒီစာရင်းတွေကောက်နေပြီ။ အစည်းအဝေး ထပ်ထိုင်သွားမယ်။ ပညာရေး ကောလိပ်များမှ လူ ၃၀၀၀၊ ပညာရေး တက္ကသိုလ်များမှ လူ ၃၀၀၀ စုစုပေါင်း တစ်နိုင်ငံလုံးအတိုင်းအတာ ၆၀၀၀ တက်ခွင့်ပြုဖို့ လက်ရှိမှာ လျာထားတယ်။ ကောက်ထားတဲ့စာရင်းအရ ဆက် လုပ်ရမှာဖြစ်တယ်။ ဒီကျောင်းမှာတော့ ကျောင်းသားသမဂ္ဂကို ဖိနှိပ်ချုပ်ချယ်တာမရှိပါဘူး။ ကလေးတွေရဲ့ အမြင်နဲ့လဲဆိုင်ပါတယ်။" ဟု မန္တလေးပညာရေးကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးကြည်မှ ပြောသည်။

အဆိုပါ ဖဲကြိုးစိမ်းလှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် သြဂုတ်လ ၁၉ရက် (ယနေ ့)မှစတင်ကာ တစ်ရက်လျှင် ကောလိပ်(၂)ခုနှုန်းဖြင့် ပြုလုပ်မည်ဖြစ်ပြီး စုစုပေါင်း ကောလိပ် (၂၂)ခု၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့တွင် မုံရွာပညာရေးကောလိပ်နှင့် မန္တလေးပညာရေးကောလိပ်တို့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရိုက်ကူး ဘိုဘို မဇ္ဈိမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly