ဂုတ်တွင်းတံတား ပြင်ဆင်နေ

18 August 2019
ဂုတ်တွင်းတံတား ပြင်ဆင်နေ

ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရန်နှင့် ခရီးသွားပြည်သူများ အမြန်ဆုံးအသုံးပြုနိုင်ရေးအတွက် သြဂုတ် ၁၅ ရက်၊ နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရသည့် ဂုတ်တွင်းတံတားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့က ပြုပြင်တည်ဆောက်လျှက်ရှိကြောင်း သိရသည်။

၃လွှာ တစ်ထပ်၊အရှည် ၂၁၀ ပေ၊နှစ်လမ်းသွား ဘေလီတံတားသံဘောင်များကို သြဂုတ် ၁၇ ရက်၊မွန်းလွဲ ၃ နာရီမှ စတင်၍ တည်ဆောက်နေခြင်းဖြစ်ပြီး သြဂုတ် ၂၀ ရက်နေ့တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

(ရိုက်ကူး၊ကိုကိုအောင်၊မဇ္ဈိမ)

တည်းဖြတ် - ဇေယျာမော်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly