၂၀၂၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းအတွင်း မဲပေးမည့်သူနှင့် မဲရုံများ တိုးလာနိုင်ဟုဆို

18 August 2019
၂၀၂၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းအတွင်း မဲပေးမည့်သူနှင့် မဲရုံများ တိုးလာနိုင်ဟုဆို

၂၀၂၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းအတွင်း မဲပေးမည့်သူနှင့် မဲရုံများ တိုးလာနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ႔ခွဲမှ အဖွဲ့ဝင်ဦးခင်မောင်ဝင်းက ပြောသည်။

“မဲစာရင်းကောက်တဲ့နေရာမှာ မဲဆန္ဒရှင်ပြည်သူတွေက မှန်မှန်ကန်ကန်ပြောပေးဖို ့လိုတယ်။ မဲစာရင်း လာကောက်တဲ့ သူတွေကို သူတို ့မေးတာလေပြောပေးမယ်။ အမှန်အတိုင်းလေး ပြောစေချင်တယ်။ ကောက်တဲ့သူတွေက တိတိကျကျမှန်မှန်ကန်ကန်နဲ႔အမှန်အတိုင်း မခြွင်းမချန်ဘဲ ကောက်စေချင် တယ်”ဟုဧရာဝတီတိုင်းဒေသကြီး၊ရွေးကောက်ပွဲကော်မရှင်အဖွဲ႔ခွဲမှ ဦးခင်မောင်ဝင်းက ပြောသည်။ 

၂၀၂၀ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းနှင့်အချက်အလက်များကို ၂၀၁၉ခုနှစ် ဇွန်လမှသြဂုတ်လအထိ ကောက်ယူမည်ဖြစ်ပြီး၊လူဦးရေစာရင်းများမှ မဲစာရင်းပြုလုပ်ခြင်းကို ဇွန်လမှစက်တင်ဘာလအထိ ပြုလုပ်မည် ဖြစ်သည်။

၂၀၁၅ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း မဲပေးခွင့်ရှိသူ ၄၄သိန်းကျော် ရှိခဲ့ကာ မဲရုံ ၅၇၃၈ ရုံဖြင့် ရွေးကောက်ပွဲကို ကျင်းပခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် လူဦးရေတိုးလာနိုင်သောကြောင့် မဲရုံ ၅၇၇၁ ရုံဖြင့် ရွေးကောက်ပွဲ ကျင်းပရန် ယာယီလျာထားကြောင် းသိရသည်။

ရိုက်ကူး - စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly