နေရပ်စွန့်ခွာ တိုင်းရင်းသားများဟု ဖော်ပြမှုသည် အစိုးရ၏ အာဘော်မဟုတ်

17 August 2019
နေရပ်စွန့်ခွာ တိုင်းရင်းသားများဟု ဖော်ပြမှုသည် အစိုးရ၏ အာဘော်မဟုတ်

“ဒါနဲ့ ပတ်သက်လို့ ပြောချင်တာက ဒီ အသုံးအနှုန်း ဒီ ဝေါဟာရသည် နိုင်ငံတော်အစိုးရရဲ့ မူ၊ နိုင်ငံတော်အစိုးရရဲ့ အာဘော် လုံးဝ မဟုတ်ပါဘူး” ဦးဇော်ဌေး

ဆောက်လုပ်ရေးဒုတိယဝန်ကြီး ဦးကျော်လင်း မောင်တောဒေသရှိ အိုးထိန်းစခန်းတွင် ပြန်လည် လက်ခံရေးစခန်းများ ကြည့်ရှုစစ်ဆေးသည့်သတင်းကို MRTV သတင်းနှင့် သတင်းစာ သုံးစောင်တွင် ဖော်ပြခဲ့သည့်အသုံးအနှုန်ဖြစ်သည့် “ နေရပ်စွန့်ခွာ တိုင်းရင်းသားများ” ဆိုသည့် စကားရပ်သည် အစိုးရ၏ အာဘော်မဟုတ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

သြဂုတ်လ ၁၆ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တာဝန်ရှိသူများကို စစ်ဆေးပြီး ဌာနဆိုင်ရာအရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

ရိုက်ကူး-အောင်မြတ်သူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly