တစ်နာရီကို ဒေါ်လာ လေးသန်း ဝင်ငွေရနေတဲ့ ကမ္ဘာ့အချမ်းသာဆုံး မိသားစု

By Stuff
18 August 2019
တစ်နာရီကို ဒေါ်လာ လေးသန်း ဝင်ငွေရနေတဲ့ ကမ္ဘာ့အချမ်းသာဆုံး မိသားစု

နယူးယောက်၊ သြဂုတ် ၁၇ ။      ။ ကမ္ဘာ့အချမ်းသာဆုံး မိသားစုအဖြစ် အမေရိကန်က လက်လီအရောင်းလုပ်ငန်း Walmart ကုမ္ပဏီ တည်ထောင်သူ မိသားစုဟာ တစ်နာရီမှာ အမေရိကန်ဒေါ်လာ လေးသန်း ဝင်ငွေရနေတဲ့ မိသားစုပဲ ဖြစ်ပါတယ်။

၂၀၁၈ ဇွန်လက Bloomberg ရဲ့ ကမ္ဘာ့အချမ်းသာဆုံး မိသားစုများ စာရင်းမှာ ထိပ်နားက ဖော်ပြခံရပြီးချိန်ကစပြီး Walton မိသားစုရဲ့ ဝင်ငွေဟာ တစ်မိနစ်ကို အမေရိကန်ဒေါ်လာ ခုနစ်သောင်း ဝင်နေပြီး ဓနအင်အား ကြီးမားလာခဲ့ပါတယ်။

လက်ရှိမှာ Walmart ရဲ့ ကြွယ်ဝချမ်းသာမှုဟာ အမေရိကန်ဒေါ်လာ အမေရိကန်ဒေါ်လာ ၁၉၁ ဘီလီယံ ရှိနေတာကြောင့် ပြီးခဲ့တဲ့ နှစ်က နယူးဇီလန်နိုင်ငံရဲ့ အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၆ ဘီလီယံနဲ့ သိပ်မကွာဟတော့တဲ့ အတိုင်းအတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် Walmart က အရောင်းသမားတစ်ဦးရဲ့ ဝင်ငွေကတော့ တစ်နာရီကို ၁၁ ဒေါ်လာပဲ ရှိတယ်လို့ Bloomberg က ဖော်ပြပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး မိသားစုအဖြစ် ဒုတိယနေရာမှာ ရပ်တည်တာကတော့ Mars ကုမ္ပဏီ မိသားစုပဲ ဖြစ်ပါတယ်။ ဒီ ကုမ္ပဏီကို တည်ထောင်သူ Frank Mars ဟာ ကျောင်းသားဘဝမှာပဲ လက်ဖြစ်ချောကလက် ထုတ်လုပ်မှုကို တတ်ကျွမ်းခဲ့သူပါ။ သူတို့ မိသားစုရဲ့ ပိုင်ဆိုင်မှုအင်အားကတော့ အမေရိကန်ဒေါ်လာ ၁၂၇ ဘီလီယံပါ။ စာရင်းမှာ တတိယလိုက်တာကတော့ အခြေခံကုန်စည်တွေ ထုတ်လုပ်တဲ့ Kochs ကုမ္ပဏီ မိသားစုဖြစ်ပြီး ဒီ မိသားစုရဲ့ ပိုင်ဆိုင်မှု ဓနက အမေရိကန်ဒေါ်လာ ၁၂၅ ဘီလီယံ ရှိပါတယ်။

ကမ္ဘာ့ အချမ်းသားဆုံး မိသားစုကြီး ၂၅ စုရဲ့ ဓနအင်အားဟာ ပြီးခဲ့တဲ့ နှစ်ကထက် ၂၄ ရာခိုင်နှုန်း ကြီးးထွားခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ထရီယံနီးပါးအထိ အင်အားတောင့်တင်းလာခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required