လိုအပ်နေသည့် မူလတန်းပြ ၄ သောင်းကျော် ဖြည့်ဆည်းရန် စီစဉ်နေ

လိုအပ်နေသည့် မူလတန်းပြ ၄ သောင်းကျော် ဖြည့်ဆည်းရန် စီစဉ်နေ
Photo Myanma Alinn

အောက်တိုဘာလ ၁၃ ရက် ။            ။ မြန်မာနိုင်ငံ မူလတန်းပညာရေးအတွက် လိုအပ်နေသည့် မူလတန်းပြ ၄ သောင်းကျော်အတွက် ဖြည့်ဆည်းနိုင်ရန် စီစဉ်နေသည်ဟု သိရသည်။

အောက်တိုဘာ ၁၀ ရက် နေ့က ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်၌ ပြုလုပ်သည့် အခြေခံပညာဆရာဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် ၉၄ တွင် မူလတန်းပြ ၄၄,၅၆၂ ဦး လိုအပ်နေသည်ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ ဦးကျော်သူက ပြောသွားသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကဏ္ဍ၌ ဆရာဆရာမ သုံးသိန်းကျော်ခန့်ထားပြီးဖြစ်သော်လည်း လိုအပ်နေဆဲဖြစ်၍ ၂၀၁၅-၁၆ ပညာသင်နှစ်အတွက် အထက်တန်းပြ ၉၀၁၄ ဦး၊ အလယ်တန်းပြ ၂၃၄၁၇ ဦး ဖြည့်ဆည်းပြီးဖြစ်သည်ဟု ဆိုသည်။

ပညာရေးအသုံးစရိတ်ကိုလည်း ၂၀၁၁-၁၂ တွင် ငွေကျပ် ၃၁၀ ဘီလီယံကျော်သုံးစွဲရာမှ ၂၀၁၅-၁၆ တွင် ၁၄၀၉ ဘီလီယံကျော်အထိ လေးဆကျော်တိုးမြှင့်သုံးစွဲမည်ဟု ဆရားဆရာမများအား ၎င်းကပြောကြားသည်။

အသစ်ဖွဲ့စည်းလိုက်သည့် ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် အခြေခံပညာဦးစီးဌာနမှ လိုအပ်သော ဆရာဆရာမအရေအတွက်ကို ပြည့်မီစေရန် မွေးထုတ်နိုင်ရေးနှင့် လုပ်ငန်းခွင်မှ ဆရာဆရာမများ၏ အရည်အသွေးမြှင့်တင် ရန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

လက်ရှိ ပညာရေးဥပဒေအရ ၂၀၁၆-၁၇ ပညာသင်နှစ်၌ အခြေခံပညာအား KG-12 စနစ်ဖြင့် သူငယ်တန်းမှစ၍ ပြောင်းလဲမဖြစ်ရာ KG ဆရာဆရာမ လိုအပ်ချက် ၈၀,၀၀၀ ဦးကို သင်တန်းပေးနိုင်ရန် စီစဉ်နေသည်ဟု သိရသည်။

Ref; Myanma Alinn

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required